မာတိကာသို့ ခုန်သွားရန်

ပပဝတီစီရင်ခန်း

ဝီကီပီးဒီးယား မှ
ပပဝတီစီရင်ခန်း
ရုပ်ရှင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာဝိုင်း
ထုတ်လုပ်သူမမီးမီး
ဇာတ်ညွှန်းဝိုင်း
ဇာတ်လမ်းဝိုင်း
သရုပ်ဆောင်
ဂီတမှူးYangon Post
Richard Ye Win
Farique Chan Wai Onn
Steven Leong Amier Nelson
ဓာတ်ပုံကျောက်ဖြူ (ပန်းသာ)
တည်းဖြတ်ကျော်ခိုင်စိုး
ထုတ်လုပ်ရေး
ကုမ္ပဏီ
မီးမီးရွှေချူး ရုပ်ရှင်ထုတ်လုပ်ရေး
ကြာမြင့်ချိန်
၁၁၃ မိနစ်
နိုင်ငံမြန်မာ
ဘာသာစကားမြန်မာ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • အောက်တိုဘာ ၁၀၊ ၂၀၁၉ (၂၀၁၉-၁၀-၁၀) (Myanmar)

The Trial of Pa Pa Waddy (ပပဝတီစီရင်ခန်း) သည် ၂၀၁၉ ခုနှစ်ထွက် မြန်မာ ဒရမ်မာရုပ်ရှင်ကားဖြစ်သည်။ မင်းကုသနှင့် ပပဝတီ သဏ္ဌာရီ ဇာတ်လမ်းမှ ပပဝတီရဲ့အလပကဲ့သို့ ထင်ဟ်စေရန် လှပသည့် အမျိုးသမီးနှစ်ဦး၏ ဇာတ်အိမ်ကို အခြေခံပြီး ခေတ်သစ်ပတ်ဝန်းကျင်အခြေအနေများနှင့် ဆက်စပ်၍ ပုံဖော်ရိုက်ကူးထားသည့် မြန်မာ Drama ရုပ်ရှင်ဇာတ်လမ်းဖြစ်သည်။ ဤရုပ်ရှင်ကို ဒါရိုက်တာဝိုင်း က ရိုက်ကူးထားပြီး၊ [] [] အဓိကသရုပ်ဆောင်များအဖြစ် မင်းသမီး မိုးဟေကိုဖွေးဖွေးထွန်းထွန်း [] နှင့် အလင်းရောင် []တို့က ပါဝင်သရုပ်ဆောင်ထားကြကာ မီးမီးရွှေချူး ရုပ်ရှင်ထုတ်လုပ်ရေးမှ ဖြန့်ချိကာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့တွင် ရုံတင်ပြသခဲ့သည်။ ရုပ်ရှင်၏ အဓိကဇာတ်ကွက်မှာ အမျိုးသမီးနှစ်ဦး အလှချင်းယှဉ်ပြိုင်ကြရင်း ၎င်းတို့၏ တကယ့်ပကတိပုံစံများကို မေ့လျော့ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေပုံကို စိတ်ဝင်စားဖွယ်ရာ၊ ဆန်းသစ်သော ရှုထောင့်မှနေ၍ ကြည့်ရှုခံစားရမည်ဖြစ်သည်။ [] []

ဇာတ်လမ်း

[ပြင်ဆင်ရန်]

တက္ကသိုလ်ရဲ့အလှဆုံးမိန်းကလေးအဖြစ် နာမည်ကျော်ကြားတဲ့ နန်းရွှေမှုန် ဟာ လှပတဲ့ရုပ်ရည်ကြောင့် ဘယ်နေရာရောက်ရောက် အဆင်ပြေနေသူတစ်ဦးဖြစ်ပါတယ်။

တစ်ဖက်မှာတော့ သက်ထားခင် ဟာ အရည်အချင်းရှိပြီး အသံကောင်းသူတစ်ဦးဖြစ်ပေမယ့် သူမရဲ့ရုပ်ရည်ကြောင့် လူမှုပတ်ဝန်းကျင်နဲ့ အလုပ်အကိုင်တွေမှာ အမြဲတမ်းလိုလို ရှေ့မတိုးနိုင်ဘဲ နောက်ဆုတ်နေခဲ့ရပါတယ်။ နန်းရွှေမှုန်ရဲ့ အမြဲအနှိမ်ခံရမှုတွေကြောင့် သက်ထားခင်ဟာ ရင်ထဲမှာ မခံချင်စိတ်တွေ ပြင်းပြင်းထန်ထန် စွဲလာခဲ့ပါတယ်။

တစ်နေ့မှာတော့ သက်ထားခင်ဟာ လုံးဝအသွင်ပြောင်းလဲပြီး လှပတဲ့အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာတော့ သူမတို့နှစ်ဦးရဲ့ အလှယှဉ်ပြိုင်မှုတွေဟာ ပိုပြီးပြင်းထန်လာခဲ့ပါတယ်။ ဇာတ်လမ်းရဲ့အဆုံးမှာတော့ ဒီပြိုင်ဆိုင်မှုတွေကြားကနေ အလှအပဆိုတာဟာ အမြဲတမ်းတည်မြဲတဲ့အရာမဟုတ်ဘဲ၊ မိမိရဲ့ အတွင်းစိတ်နဲ့ အရည်အချင်းတွေကသာ ပိုပြီးအရေးကြီးကြောင်း နှစ်ဦးစလုံး နားလည်သွားကြတဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

သရုပ်​​ဆောင်​များနှင့်​ ဇာတ်​​ဆောင်​များ

[ပြင်ဆင်ရန်]

အဓိကဇာတ်ဆောင်

[ပြင်ဆင်ရန်]

မိုးဟေကို သည် အထက်စီးဆန်‌ပြီး လှပသောမိန်းကလေး ရွှေမှုန် အဖြစ်ပါဝင်ထားပါသည်

ဖွေးဖွေး သည် အရည်ချင်းရှိသော်လည်း သနားစရာကောင်းပြီး ရုပ်ရည်ကြည့်မကောင်းသော သက်ထားခင် အဖြစ်ပါဝင်ထားပါသည်၊

သီဟရဲရင့် အဖြစ် ထွန်းထွန်း

ဘုန်းမြတ်သွေး အဖြစ် အလင်းရောင်

ကိုးကား

[ပြင်ဆင်ရန်]