ပညာရှိသုံးဦး၏ လက်ဆောင်
| "ပညာရှိသုံးဦး၏ လက်ဆောင် (The Gift of the Magi)" | |
|---|---|
| စာရေးသူ | အို ဟင်နရီ |
| နိုင်ငံ | အမေရိကန်ပြည်ထောင်စု |
| ဘာသာစကား | အင်္ဂလိပ် |
| အမျိုးအစား | ဝတ္ထုတို |
| ထုတ်ဝေခြင်း | The Four Million |
| ထုတ်ဝေမှုပုံစံ | ပေါင်းချုပ် |
| ထုတ်ဝေသည့်ရက် | ၁၉၀၅ ဒီဇင်ဘာ ၁၀ (သတင်းစာ); ၁၉၀၆ ဧပြီ ၁၀ (စာအုပ်)[၁] |
ပညာရှိသုံးဦး၏ လက်ဆောင် (သို့) မေ့ဂျိုင်းတို့၏ လက်ဆောင် (အင်္ဂလိပ်: The Gift of the Magi) သည် အို ဟင်နရီ၏ ၁၉၀၅ တွင် ထုတ်ဝေခဲ့သော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည်။ ဇာတ်လမ်း၌ အိမ်ထောင်ပြုခါစ လင်ယောက်ျားနှင့် အမျိုးသမီးတို့သည် မရှိသလောက်သော ငွေကြေးဖြင့် ခရစ်စမတ်လက်ဆောင်ကို တစ်ဦးနှင့် တစ်ဦး မသိစေဘဲ လျှို့ဝှက်ဝယ်ယူပုံနှင့် ထိုလက်ဆောင်ပေးကြပုံကို ပုံဖော်တင်ပြထားသည်။ လက်ဆောင်ပေးခြင်းအကြောင်း ကိုယ်ကျင့်တရား သင်ခန်းစာတစ်ခုနှင့်အတူ တသသဖြစ်ဖွယ် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ခရစ်စမတ်ကာလတွင် တင်ဆက်ပြသခြင်းများအတွက် မှီငြမ်းဖွယ်အဖြစ် အလွန်ရေပန်းစားသည့် ဇာတ်လမ်းမျိုးဖြစ်သည်။ ဇာတ်လမ်းနှင့် ရုတ်တရက်အံ့ဖွယ် ဇာတ်သိမ်း (twist ending) သည် ထင်ရှား၍ ဇာတ်သိမ်းသည် 'ရုတ်တရက် ဇာတ်ကိုလှည့်ပြောင်းပစ်သည့်' စာပေနည်းစနစ်တစ်ခုဖြစ်သော comic irony ရေးဖွဲ့ပုံ၏ စံပြတစ်ခုအဖြစ် မှတ်ယူကြသည်။ ဤဇာတ်လမ်းကို နယူးယောက် မဟတ္တန်အနီး အားဗင်းနေရာ လမ်းထောင့်ရှိ အစားအသောက်ပါရရှိသည့် ပိ(တ်စ်)ဘုံဆိုင် (ယာမကာဆိုင်) တွင် ရေးသားခဲ့သည်ဟု ဆိုကြသည်။[၂]
ဤဇာတ်လမ်းကို ကနဦး နယူးယောက် ဆန်းဒေးဝါးလ်ဒ် သတင်းစာတွင် "Gifts of the Magi" ခေါင်းစဉ်ဖြင့် ၁၉၀၅ ဒီဇင်ဘာ ၁၀ တွင် ထုတ်ဝေခဲ့ကြသည်။ ၁၉၀၆ အို ဟင်နရီ၏ The Four Million (လေးသန်း) အမည်ရှိ ဝတ္ထုတိုပေါင်းချုပ်တွင်လည်း ပါရှိခဲ့သည်။
ဇာတ်လမ်းအကျဉ်း
[ပြင်ဆင်ရန်]ဒဲလာဆိုသည့် အမျိုးသမီးလေး၌ တစ်ဒေါ်လာ ၈၇ ဆင့်သာ ရှိရာ သူမက ယောက်ျားဖြစ်သူ 'ဂျင်' အတွက် လက်ဆောင်ဝယ်ရန် ဖြစ်သည်။ ခရစ်စမတ်မတိုင်မီ ညနေ၌ လက်ဆောင်ကို ရှာဖွေခဲ့ရာတွင် အနီးနားက ဆံပင်ညှပ်သူ မဒမ် စော့ဖရောနီထံသို့ သူမ၏ ဆံပင်ကို ဒေါ်လာ (၂၀) ဖြင့်ရောင်းချ၍ ဂျင်၏ အိတ်ထည့် လက်ပတ်နာရီ ပလက်တီနမ်ကြိုးကို (၂၁) ဒေါ်လာဖြင့် ဝယ်ယူခဲ့သည်။ ထို့နောက် ဂျင်အတွက် အကောင်းဆုံးလက်ဆောင် ရခဲ့ပြီဟူ၍ စိတ်ကျေနပ်နေလေသည်။
ညရောက်သောအခါ ဒဲလာက ဆံပင်ရောင်း၍ လက်ဆောင်ဝယ်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့သည်။ ဂျင်ကကလည်း သူ၏ လက်ဆောင်ကို ဒဲလာသို့ ပေးရာ ခေါင်း၌တွယ်သော 'ဘီး'စုံလိုက်ကလေး ဖြစ်နေ၏ ။ ဆံပင်မှာ အလွန်တိုသွားသောကြောင့် ထိုဘီးမှာ အသုံးမဝင်တော့ပေ။ ထို့နောက် ဒဲလာက ဂျင်ကို ဝယ်လာသော လက်ပတ်နာရီကြိုးကို ပြသရာ ဂျင်သည် မိန်းမဖြစ်သူအတွက် ဘီးဝယ်ရန် လက်ပတ်နာရီကို ရောင်းခဲ့ကြောင်း ပြောဆိုလေသည်။ ဂျင် နှင့် ဒဲလာတို့သည် တစ်ယောက်စီမျှ အသုံးပြု၍ မရသော လက်ဆောင်ပစ္စည်းများဖြင့် ဖြစ်နေကြသော်လည်း နောက်ဆုံးတွင် တစ်ဦးက တစ်ဦးအပေါ် မည်ရွေ့မည်မျှ မေတ္တာထားသက်ဝင်မှုကို ပြသချင်ခဲ့ကြကြောင်း နားလည်းသဘောပေါက်၍ ၎င်းတို့၏ အချစ်စစ်များသည် တန်ဖိုးဖြတ်မရကြောင်း သိမြင်သွားကြသည်။
ဇာတ်လမ်းအဆုံးသတ်တွင် ဇာတ်လမ်းပြောသူက သမ္မာကျမ်းလာ ပညာရှိသုံးဦးက မွေးကင်းစ ယေရှုခရစ်တော်ကို လက်ဆောင်ပေးပုံနှင့် ယခုဇာတ်လမ်းပါ တစ်ဦးနှင့်တစ်ဦး စွန့်လွှတ်၍ပေးသော မေတ္တာလက်ဆောင်ကို နှိုင်းယှဉ်ပြသထားသည်။
မှီငြမ်းပုံဖော်မှုများ
[ပြင်ဆင်ရန်]ဤဇာတ်လမ်းကို မှီငြမ်းပုံဖော်တင်ဆက်သော ရုပ်ရှင်နှင့် အခြားသော မီဒီယာပုံစံများစွာရှိကြသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ The Gift of the Magi is published – This Day in History – 4/10/1906။ history.com (2011)။ November 16, 2011 တွင် ပြန်စစ်ပြီး။
- ↑ O'Henry and The Gift of the Magi။ LiteraryTraveler.com။ 2012-02-17 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-05-13 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]External links
[ပြင်ဆင်ရန်]- "The Gift of the Magi" by O Henry
- တမ်းပလိတ်:Librivox book
- O'Henry's "The Gift of the Magi":Common Core Exemplar from NEH's EDSITEment 22 September 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- "The Gift of the Magi" 29 September 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . study guide, teacher resources, themes, quotes