ပင်းပက်တောင်

ဝီကီပီးဒီးယား မှ
ပင်းပက်တောင်
ပင်းပက်တောင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပင်းပက်တောင်
ပင်းပက်တောင်
မြန်မာနိုင်ငံရှိ တည်နေရာ
အမြင့်ဆုံးအမှတ်
အမြင့်၁,၃၇၉ m (၄,၅၂၄ ft)[၁]
စာရင်းသွင်းခြင်းမြန်မာနိုင်ငံရှိ တောင်များစာရင်း
ကိုဩဒိနိတ်20°43′48″N 97°7′4″E / 20.73000°N 97.11778°E / 20.73000; 97.11778ကိုဩဒိနိတ်: 20°43′48″N 97°7′4″E / 20.73000°N 97.11778°E / 20.73000; 97.11778[၁]
ပထဝီဝင်
တည်နေရာရှမ်းပြည်နယ်မြန်မာနိုင်ငံ
ပင်မတောင်တန်းရှမ်းတောင်တန်း
တောင်တက်ခြင်း
ပထမဆုံး တက်ရောက်ခြင်းunknown
အလွယ်ဆုံး တောင်တက်လမ်းclimb

ပင်းပက်တောင် သို့မဟုတ် ထင်းရှူးပင်တောင် သည် မြန်မာနိုင်ငံရှမ်းပြည်နယ် တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သံသတ္ထုများ တည်ရှိရာနေရာလည်း ဖြစ်သည်။ တောင်ကြီးမြို့မှ အရှေ့တောင်ဘက် ၇ မိုင်အကွာတွင် တည်ရှိသည်။ တောင်သည် ခန့်မှန်းခြေ ဧရိယာ ၈ စတုရန်းမိုင်ခန့် လွှမ်းမိုးထားသည်။ တောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၀၀ မီတာအထက်တွင် တည်ရှိသည်။ တောင်တွင် လူ ၇၀၀၀ ပတ်ဝန်းကျင် နေထိုင်ကြပြီး အများစုသည် ပအိုဝ်းလူမျိုးများ ဖြစ်ကြသည်။[၂]

ဒေသတွင်း အချက်အလက်များ[ပြင်ဆင်ရန်]

တောင်ကို ဝန်းရံထားသည့် လွင်ပြင်ကို ဟိုပုန်းလွင်ပြင်ဟု သိကြသည်။ ထိုလွင်ပြင်တွင် လူ ၃၅၀၀၀ ခန့်မှန်းခြေ နေထိုင်ကြပြီး ရွာပေါင်း ၁၀၀ ရှိသည်။ သဘတ်စမ်းချောင်း(Thabat Stream) သည် ပင်ပတ်တောင်တစ်လျှောက် တောင်ဘက်သို့ စီးဆင်းလျက် ရှိသည်။ ထို့နောက် မိုင် ၁၀၀ ခန့် ဆက်လက်စီးဆင်းပြီး ပေါင်မြစ်နှင့် ပေါင်းဆုံသည်။[၂]

တောင်၏ အနီးတွင် အဓိကနေထိုင်ကြသည့် သူများသည် ပအိုဝ်းလူမျိုးများဖြစ်ပြီး ရှမ်းလူမျိုးများ၊ အိန္ဒိယလူမျိုးများလည်း နေထိုင်ကြသည်။[၂]

တောင်၏ ပတ်ဝန်းကျင်တွင် ခန့်မှန်းခြေ ရွာ ၂၅ ရွာတွင် လူဦးရေ ၇၀၀၀ နေထိုင်ကြသည်။ နေထိုင်ကြသူများသည် လယ်သမားများ ဖြစ်ကြသည်။ သို့သော် မုဆိုးအလုပ်လုပ်ကိုင်သူမှာလည်း များပြားစွာ ရှိပြီး စမ်းချောင်းအတွင်း ရေလုပ်ငန်း လုပ်ကိုင်ကြသူများလည်း ရှိသည်။[၂]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ GoogleEarth
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ "Robbing the Future"၊ PYO။ 10 Mar 2015 တွင် ပြန်စစ်ပြီး