ပခန်းငယ်ကျောင်း

ဝီကီပီးဒီးယား မှ
ပခန်းငယ်ကျောင်း
အချက်အလက်များ
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံရေစကြိုမြို့နယ်မကွေးတိုင်းဒေသကြီး
ဗိသုကာ
တည်ထောင်သူမင်းတုန်းမင်း
ပြီးစီး၁၈၆၄; ၁၆၀ နှစ် အကြာက (၁၈၆၄)

ပခန်းငယ်ကျောင်း သည် မကွေးတိုင်းဒေသကြီးရေစကြိုမြို့နယ်၊ ပခန်းငယ်ရွာတွင် တည်ရှိသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ခု ဖြစ်သည်။ သမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး ကုန်းဘောင်ခေတ်လက်ရာ ကျွန်းသစ်သားကျောင်းတော်များတွင် အကြီးဆုံးကျောင်းလည်း ဖြစ်သည်။[၁] ၁၉၉၆ ခုနှစ်တွင် မြန်မာအစိုးရသည် ကျောင်းတော်ကို အခြားသော ကုန်းဘောင်ခေတ်၏ စံပြကျောင်းတော်များနှင့်အတူ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရန် တင်ပြခဲ့သည်။[၁]

သာသနာ့ရဟန်းများ၏ မှတ်တမ်းများအရ ကျောင်းတော်ကို တည်ဆောက်ရန် မင်းတုန်းမင်းက အမိန့်ပေးခဲ့သည်။ ၁၆ ဧက (၆.၅ ဟက်တာ) အကျယ်ရှိသည့် မြေပေါ်တွင် တရားရုံးဝန်ကြီးများနှင့် စော်ဘွားများက ပြီးစီးအောင် ဆောင်ရွက်ခဲ့သည်။[၂] ကျောင်းတော်ကို မင်းတုန်းမင်းကြီး၏ ဦးလေးတော်စပ်သူ ပခန်းမင်းကြီးဦးရန်ဝေးက ပန်းဒူးဆရာတော် ဦးဝိသုဒ္ဓအား ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဆရာတော်သည် မင်းတုန်းမင်း၏ ဆရာဘုန်းကြီး ဖြစ်ပြီး ကုန်းဘောင်ခေတ်ရဟန်းများတွင် ထင်ရှားသူတစ်ဦးလည်း ဖြစ်သည်။[၂][၃]

ကျောင်းတော်ကို ဆောက်လုပ်ရာတွင် ခုနစ်နှစ်ကြာမြင့်ခဲ့ပြီး လက်သမား ၁၀၀ က ရိုးရာဗိသုကာနည်းပညာများဖြင့် ဆောက်လုပ်ခဲ့သည်။[၂] ကျွန်းတိုင်လုံးပေါင်း ၃၃၂ တိုင်ကို အသုံးပြုထားကာ မြန်မာ့ဗိသုကာပညာရှင် Tha Gyi က လမ်းညွှန်မှုများအတိုင်း ဆောက်လုပ်ခဲ့သည်။ နှစ်များစွာ ကျောင်းတော်ကို ဂရုမစိုက်ဘဲ ပစ်ထားသည့်အတွက် ကျောင်းတော်ကြီးသည် ကျွန်းတိုင်များနှင့် အင်္ဂတေလက်ရာများသာ ကျန်ရှိတော့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Centre၊ UNESCO World Heritage။ Wooden Monasteries of Konbaung Period: Ohn Don, Sala, Pakhangyi, Pakhannge, Legaing, Sagu, Shwe-Kyaung (Mandalay) (in en)။ 2018-10-20 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ 150-year-old Pakhan Nge Monastery falls into ruin (in en-US)။ 2018-10-20 တွင် ပြန်စစ်ပြီး။
  3. မြန်မာနိုင်ငံရှိ ကျွန်းဖြင်တည်ဆောက်ထားသော ကျွန်းကျောင်းကြီး(၆)ကျောင် (in en-US)။ 21 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2020 တွင် ပြန်စစ်ပြီး။