ပက်ပုန်း

ဝီကီပီးဒီးယား မှ
ပက်ပုန်း
พัฒน์พงศ์
Patpong Soi 2 at sunset
Patpong Soi 2 at sunset
ပက်ပုန်း သည် ဘန်ကောက်မြို့ တွင် တည်ရှိသည်
ပက်ပုန်း
ပက်ပုန်း
တည်နေရာဘန်ရက်, ဘန်ကောက်, ထိုင်းနိုင်ငံ
ကိုဩဒိနိတ်13°43′42″N 100°32′00″E / 13.72833°N 100.53333°E / 13.72833; 100.53333ကိုဩဒိနိတ်: 13°43′42″N 100°32′00″E / 13.72833°N 100.53333°E / 13.72833; 100.53333

ပက်ပုန်း (ထိုင်း: พัฒน์พงศ์) သည် ထိုင်းနိုင်ငံဘန်ကောက်၊ ဘန်ရက် (Bang Rak) ခရိုင်တွင် ရှိသည်။ ဘန်ကောက်၏ လိင်လုပ်ငန်းတို့၏ အချက်အရာ မီးနီလင်းရပ်အဖြစ် ကမ္ဘာသိကျော်ကြားသော နေရာဖြစ်သည်။ နိုင်ငံခြားသားများကို ရည်ရွယ်၍ လုပ်ငန်းထူထားခြင်း ဖြစ်သည်။ ညဈေးတန်းလည်း ရှိသည်။

နေရာ အခင်းအကျင်း[ပြင်ဆင်ရန်]

ပက်ပုန်း(၁)လမ်း သည် ပင်မလမ်းဖြစ်ပြီး မတ်တပ်ဆိုင် အမျိုးမျိုး ဖွင့်ထားသည်။ (၂)လမ်းသည်လည်း ထူးမခြားနားပင်။ ဂျရူဝန်လမ်း (ပက်ပုန်း(၃)လမ်း / ဆီလွမ်(၄)လမ်း) တွင်မူ မိန်းမလျာများကို တွေ့နိုင်သည်။ သာနီယာလမ်း၌မူ ဈေးမြင့် မတ်တပ်ဆိုင်များ ရှိသည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

ထိုနယ်မြေအား မူလပိုင်ဆိုင်သော ဟိုင်နန်ကျွန်းမှ ပက်ပုန်းပါနစ် မိသားစုကို အစွဲပြု၍ ပက်ပုန်းဟု ခေါ်ခြင်း ဖြစ်သည်။ ထိုသူက ၁၉၄၆ ခုတွင် မြေကို စဝယ်သည်။ မူလက မြို့စွန်ရှိ မြေရိုင်းသာ ဖြစ်သည်။ တူးမြောင်းငယ်တစ်ခုနှင့် သစ်လုံးအိမ်တစ်လုံးသာ ရှိသည်။ ထိုမိသားစုက ပက်ပုန်း(၁)လမ်း ဖောက်ကာ လမ်းဘေးဝဲယာကို ဆိုင်များအဖြစ် အငှားချခဲ့သည်။ ထို့နောက် ပက်ပုန်း(၂)လမ်းကို ထပ်ဖောက်သည်။ ထပ်ဖြစ်လာသော ပက်ပုန်း(၃) လမ်းနှင့် သာနီယာလမ်းတို့မှာမူ အများပိုင်လမ်းများ ဖြစ်သည်။ သစ်လုံးအိမ်နှင့် တူးမြောင်းကို ပြုပြင်ကာ ဆိုင်များ ထပ်လုပ်သည်။ ကနဦးမှာ သာမန် စီးပွားရေးလုပ်ကိုင်ရာ နေရာဖြစ်သော်လည်း များပြားလာသော မတ်တပ်ဆိုင်နှင့် ကလပ်များက လမ်းကြောင်းတစ်ခုသို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။ ၁၉၆၈ ခုတွင် ထိုနေရာ၌ ညကလပ် အနည်းငယ်သာ ရှိသည်။ ဗီယက်နမ်စစ်ပွဲတွင် တာဝန်ထမ်းသည့် အမေရိကန်တပ်စုများ၏ ဖျော်ဖြေရေးအတွက် ရည်ရွယ်ရင်း ဖြစ်သည်။ ၁၉၇၀ မှ ၈၀ ကြား ကာလရောက်သည့်အခါ ပက်ပုန်းသည်သာ အဓိကကျော်ကြားလာသည်။ ၁၉၉၀ အစောပိုင်းတွင် ပက်ပုန်းပါနစ် မိသားစုက ပက်ပုန်း(၁)လမ်း ၏ ဝဲယာကို ညဈေးအဖြစ် ပြောင်းလဲလိုက်သည်။ ၂၀၀၄ ခုနှစ်တွင် ဖျော်ဖြေရေးဇုန် အဖြစ် သတ်မှတ်ခံရသည်။ အဆိုပါ သတ်မှတ်ချက်ကြောင့် မတ်တပ်ဆိုင်များ၊ ကလပ်များအနေဖြင့် မနက် (၂) နာရီအထိ ဖွင့်ခွင့်ရသွားသည်။

ကိုးကား[ပြင်ဆင်ရန်]