နှံပြီစုတ်

ဝီကီပီးဒီးယား မှ
Sunbirds and spiderhunters
♂[Vigors's sunbird from Maharashtra, India
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
Superfamily: Passeroidea
မျိုးရင်း: Nectariniidae
Vigors, 1825
Genera

16, see text

နှံပြီစုတ်ငှက် (သို့) ဝတ်ရည်စုတ်ငှက် များသည် အရောင်အသွေးစုံလင်သည့်ငှက်များဖြစ်ကြသည်။ အာဖရိကတိုက်၊ အရှေ့အလယ်ပိုင်းဒေသ၊ အရှေ့တောင်အာရှ၊ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှား၊ ဩစတျေးလျတို့တွင် တွေ့ရှိရသည်။ အီကွေတာဒေသတွင် မျိုးစိတ်မူကွဲ ပိုများသည်ကိုတွေ့ရသည်။ မျိုးစိတ်ပေါင်း ၁၄၅ ခု၊ မျိုးစု ၁၆ ခု ရှိသည်။ ယင်းငှက်များသည် ဝတ်ရည်ကို အဓိက မှီခိုပြီး ရင်သွေးငယ်များကို အစာကျွေးချိန်တွင် အင်းဆက်၊ ပင့်ကူများကိုလည်း စားသုံးကြသည်။

အမည်နှင့်အမှတ်အသား[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် နှံပြီစုတ် ကို နာမည်သာ ကြားဖူးသူများ၍ အသေအချာ တွေ့မြင်လေ့လာဖူးသူမှာ အနည်းငယ်မျှသာရှိသည်။ နှံပြီစုတ်သည် အလျား ၅လက်မ ရှိသည်။ နှံပြီစုတ် အမြောက်နှင့်ချိန်ဟူသော စကားသည် နှံပြီစုတ်၏ သေးငယ်ပုံကို ပေါ်လွင်စေသည်။ များသောအားဖြင့် အသံကိုသာ ကြားရ၍ အလွန်မြင်ရခဲလေသည်။

အသံ[ပြင်ဆင်ရန်]

နှံပြီစုတ်သည် အလွန်ကျယ်လောင်စွာ အော်တတ်၍ ၁၀စက္ကန့်အတွင်း ၂၅ကြိမ်ခန့်မျှ အော်နိုင်သည်။

အလေ့အကျင့်နှင့်အစာ[ပြင်ဆင်ရန်]

နှံပြီစုတ်သည် ဥယျာဉ်ပန်းခြံများ၌ ကျက်စားလေ့ရှိ၏။ ချုံပုတ်တောများတွင် နေလေ့ရှိသည်။ မိုးရာသီတွင် ကျွန်းတောများ၌ နှံပြီစုတ်၏ သာယာသော သီချင်းသံကို ကြားနိုင်သည်။ ပျံသန်းသည့်အခါ ရှည်လျားသောအမြီးမှာ ကျောပေါ်တွင် ထောင်နေတတ်သည်။ နှံပြီစုတ်သည် ကြောက်ရွံ့ခြင်းမရှိဘဲ အလွန်လျင်မြန်ဖျတ်လတ်သည်။ အပင်ငယ် အကြိုအကားတွင် ပိုးမွှားကို ရှာဖွေစားသောက်သည်။

အသိုက်နှင့် ဥများ[ပြင်ဆင်ရန်]

မေလမှ ဇူလိုင်လအထိ အချိန်မှာ နှံပြီစုတ် သားပေါက်ချိန်ဖြစ်သည်။ အသိုက်ကို မြေကြီးမှ ၆ပေခန့်ကွာသော ချုံနိမ့်တွင်လည်းကောင်း၊ သစ်ကိုင်းတွင်လည်းကောင်း ပြုလုပ်တတ်သည်။ အသိုက်လုပ်ရာတွင် အရေးအကြီးဆုံးမှာ သစ်ရွက်ခပ်ကြီးကြီး တစ်ရွက်ပင်ဖြစ်သည်။ အသိုက်၏သဏ္ဌာန်မှာ ခွက်နှင့်တူ၍ မွေးနနုများခင်းလျက် မြက်နုများဖြင့် ကာရံထားသည်။ လေထဲတွင် ပုခက်ဆင်ထားသကဲ့သို့ ဖြစ်စေရန် သစ်ရွက် နှစ်ရွက်သုံးရွက် စသည်ကိုချုပ်စပ်လျက် ချည်ထွေးများဖြင့် နှုတ်သီးအားကို ထိုးဖောက်သီထားသည်။

တမြံလျင် ၃ဥ မှ ၄ဥ အထိရှိသည်။ ဥမှာရှည်၍ ခပ်ချွန်ချွန်ဖြစ်သည်။ ဥခွံမှာ ပါးလွှာနူးညံ့၍ ပြောင်လက်ခြင်းမရှိချေ။ ဥ၏အရောင်မှာ အမျိုးမျိုး ကွဲပြားသည်။ အဖြူပန်းရောင်၊ အပြာနုအစိမ်း နှင့် အမည်းအညိုပြောက်များစသည်ဖြင့် အမျိုးစုံသည်။ များသောအားဖြင့် အမှတ်များသည် ဥ၏ အရင်းဖက်တွင်များ၏။ တစ်ဥလျှင် ပျမ်းမျှ အလျား ၀.၆၄လက်မ နှင့် ဗျက် ၀.၄၆လက်မ ရှိသည်။

တွေ့နိုင်သည့်ဒေသ[ပြင်ဆင်ရန်]

နှံပြီစုတ်ငှက်ကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံတဝန်းလုံးတွင်ကား အမြဲနေထိုင်သော ငှက်များဖြစ်၍ ကွင်းပြင်များ တောင်ခြေများတွင် ကျက်စားလေ့ရှိသည်။ ပေ ၄၀၀၀ အမြင့်အထိ ကျက်စားကြ၏။ ရန်ကုန်မြို့တွင်မူ နှံပြီစုတ်ကို ဥယျာဉ် ပန်းခြံများ၌ တွေ့ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. *ဦးမောင်မောင်လေး၊ ငှက်သဘင်၊ နှာ- ၁၂၀။