နေ့နံ

ဝီကီပီးဒီးယား မှ
တနင်္ဂနွေဂြိုဟ်တိုင်အောက်မှာ ဂဠုန်ရုပ်တုရှိသည်။

မြန်မာ့ရိုးရာ အယူအဆတွင် ညသန်းခေါင်ကျော်လျှင်နေ့ကူးသည်ဟု မယူဆပဲ မနက်အာရုဏ်တက်မှသာ နေ့ကူးသည် ဟု ယူဆသည်။ ဗုဒ္ဓဟူးနေ့ မွန်းတည့်ချိန် (နေ့လယ် ၁၂နာရီခန့်) မှ ကြာသပတေးနေ့ အာရုဏ်တက်ချိန်အထိကို ရာဟု ဟု သတ်မှတ်သည်။

ဂြိုဟ်အမည် ဂဏန်း သက်ဆိုင်သော အက္ခရာများ အရပ်မျက်နှာ ဂြိုဟ်သက် (နှစ်) သက်ဆိုင်သော သတ္တဝါ
တနင်္ဂနွေ အ ဣ ဥ ဧ ဩ အရှေ့မြောက် ဂဠုန်
တနင်္လာ က ခ ဂ ဃ င အရှေ့ ၁၅ ကျား
အင်္ဂါ စ ဆ ဇ ဈ ည အရှေ့တောင် ခြင်္သေ့
ဗုဒ္ဓဟူး လ ဝ တောင် ၁၇ ဆင်
ကြာသပတေး ပ ဖ ဘ ဗ မ အနောက် ၁၉ ကြွက်
သောကြာ သ ဟ မြောက် ၂၁ ပူး
စနေ ၇ (သို့) ၀ တ ထ ဒ ဓ န အနောက်တောင် ၁၀ နဂါး
ရာဟု ယ ရ အနောက်မြောက် ၁၂ ဟိုင်းဆင်


မိတ်ဖက်နှင့်ရန်ဖက် နေ့နံများ[ပြင်ဆင်ရန်]

မြန်မာ့ရိုးရာ ဗေဒင်ပညာတွင် မတည့်သော မိတ်ဓာတ်နှင့် ရန်ဓာတ်များ ကို အောက်ဖော်ပြပါ နေရာတွင် အတိုအမည်နာမ မှတ်သား ထားလေ့ ရှိကြသည်။
မိတ် - အောင်ပ ကုလား ဆွေသား တော်ရင်း
ရန် - ဦးညို ခေမာ သုတ ဝေရီ
အိမ်ထောင်မိတ် - ဦးသာ စိန်ပန်း ဒန်းလှ ကိုရှာ
အိမ်ထောင်ရန် - ဓမ္မာ သောက အင်း၀ ရာဇာ
ဓာတ်မိတ် - အန္တော ဂဗ္ဘေ စရေ ဝံသေ
ဓာတ်ရန် - ဦးဝေ စံကူး ရေဘူး တောသူ