နော့စ်လူမျိုး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

နော့စ်လူမျိုးများ (အင်္ဂလိပ်: Norsemen or Norse people) သည် အလယ်ခေတ်အစောပိုင်းကာလများ (Early Middle Ages : အေဒီ ၅/၆ ရာစု- ၁၀ရာစု) ၏ မြောက်ပိုင်း ဂျာမန်နစ် (ဘာသာစကား ယဉ်ကျေးမှုဆက်နွယ်သော) အုပ်စုတစ်စုဖြစ်ကာ ထိုခေတ်ကာလများ၌ ရှေးဟောင်းနော့စ်ဘာသာစကားကို ပြောဆိုကြသည်။[၁][၂][၃][၄] ထိုဘာသာစကားသည် အင်ဒို-ဥရောပ (အိန္ဒိယ-ဥရောပ) ဘာသာစကားများမှ မြောက်ပိုင်းဂျာမန်နစ်ဘာသာခွဲတွင် ပါဝင်ကာ စကန်ဒီနေးဗီးယားဒေသ၏ ခေတ်သစ် ဂျာမန်နစ်ဘာသာစကားများ၏ ရှေးပြေးလည်းဖြစ်သည်။[၄] ရှစ်ရာစုနှောင်းပိုင်းကာလအတွင်း နော့စ်လူမျိုးများသည် အရပ်မျက်နှာအဖက်ဖက်သို့ နယ်မြေချဲ့ထွင်ခြင်းများကို ကြီးမားစွာစတင်လုပ်ဆောင်ခဲ့ကြပြီး ဗိုက်ကင်းခေတ်ကို ဖြစ်စေခဲ့ကြသည်။ ၁၉ရာစုမှစ၍ အင်္ဂလိပ်ဘာသာစကားပညာရပ်တွင် နော့စ်ပင်လယ်ပြင်ခရီးသွားကုန်သည်များ၊ အခြေချနေထိုင်သူများနှင့် စစ်သည်များကို ဗိုက်ကင်းများဟူ၍ သတ်မှတ်ရည်ညွှန်းကြသည်။ နော့စ်လူမျိုးများ၏ သွင်ပြင်လက္ခဏာများသည် ခေတ်သစ်ဆင်းသက်လာသူများဖြစ်သည့် [၅] ဒိန်းလူမျိုးများ(ဒိန်းမတ်လူမျိုး)၊ အိုက်စလန်သားများ [a] ၊ ဖဲရိုးကျွန်းနေလူမျိုးများ (Faroe Islanders)[a]၊ နော်ဝေးလူမျိုးများနှင့် ဆွီဒင်လူမျိုးများ ထံသို့ဆင်းသက်သွားကြသည်။ [၆] ယခု၌ ထိုဖော်ပြပါလူမျိုးများကို နော့စ်လူမျိုးများ အသုံးအနှုံးထက် စကန်ဒီနေးဗီးယန်းလူမျိုးများ ဟုပို၍ရည်ညွှန်းကြသည်။[၇]

Norseman နှင့် Northman တို့၏ ဝေါဟာရသမိုင်း[ပြင်ဆင်ရန်]

Norseman (နော့လူမျိုး) ဝေါဟာရသည် အင်္ဂလိပ်ဘာသာစကား၌ (၁၉)ရာစုအစောပိုင်းကာလများအတွင်းတွင် စတင်ပေါ်ပေါက်လာခဲ့သည်။ အောက်စဖို့ဒ်အင်္ဂလိပ်အဘိဓာန်၏ တတိယအကြိမ်မြောက်မူတွင် ပေးထားသော ပထမဆုံးသက်သေအထောက်အထားမှာ ဆာ ဝေါ်လ်တာစကော့မကြောက်မရွံ့ ဟဲရာလ်ဒ် (Harold the Dauntless - သူရဲကောင်းကဗျာ ၁၈၁၇ခုနှစ်) ကဗျာမှဖြစ်သည်။ (၁၆)ရာစုအတွင်း "နော်ဝေးလူမျိုးများ" ဟုအဓိပ္ပာယ်ဖြင့် ဒတ်ချ်ဘာသာစကားမှ အင်္ဂလိပ်ဘာသာစကားသို့ ချေးယူထားသည့် "norse" စကားလုံးကို နာမဝိသေသနအဖြစ်ထားကာ Norseman ဆိုသည့်စကားလုံးကို တီထွင်သုံးစွဲခဲ့၏ ။ စကော့၏ခေတ်တွင် ထိုစာလုံးသည် "စကန်ဒီနေးဗီးယား(ဒေသ) (သို့) ထိုဒေသရှိ ဘာသာစကားနှင့် ပတ်သက်ဆက်နွယ်သော"၊ အထူးသဖြင့် ရှေးခေတ် (သို့) အလယ်ခေတ်ကာလများက "စကန်ဒီနေးဗီးယား/ထိုဘာသာစကားနှင့်ပတ်သက်ဆက်နွယ်သော"ဟူသော အဓိပ္ပာယ်ဖြင့်ဖြစ်သည်။[၈] ခေတ်ပေါ်အသုံးဖြစ်သည့် "viking" (ဗိုက်ကင်း) နှင့်တူညီစွာပင် "norseman" (နော့စ်လူမျိုး)သည်လည်း အလယ်ခေတ်အသုံးအနှုံးတွင် အခြေကျကျသုံးစွဲမှုမျိုးမရှိခဲ့ပါ။[၉]

ဤဝေါဟာရ (Norseman) သည် အလယ်ခေတ်များဆီက ကြုံတွေ့ဖူးသော၊ နော့စ်ဘာသာစကားပြောဆိုသောသူများကိုခေါ်ဝေါ်သတ်မှတ်သည့် 'Northman' (မြောက်အရပ်ဆီကသူများ/မြောက်အရပ် စကန်ဒီနေးဗီးယားမှနော်ဝေးများ) ဟူသည့် စကားလုံးကို အမှန်ပဲ့တင်ထပ်ညွှန်းဆိုနိုင်သည်။[၁၀]

အခြားအမည်များ[ပြင်ဆင်ရန်]

အင်္ဂလန်ကိုကျူးကျော်လာသော နော့စ်လူမျိုးများကို သရုပ်ဖော်ထားခြင်း၊ (၁၂)ရာစု စိန့် အက်ဒ်မန့် ဘဝဇာတ်ခုံအထွေထွေမှ သရုပ်ဖော်ပုံ (ပီးပေါ့န် မော်ဂန် စာကြည့်တိုက်)

ခေတ်ပေါ်ပညာရပ်တွင် ဗိုက်ကင်း (များ)သည် တိုက်ခိုက်ကြသော နော့စ်လူမျိုးများ၊ အထူးသဖြင့် အငိုက်စီးနင်းတိုက်ခိုက်မှုများ၊ ဗြိတိသျှကျွန်းစုများတွင် ဘုရားကျောင်းကန် ဘုန်းကြီး၊ သီလရှင်များထံမှ လုယူတိုက်ခိုက်ခြင်းများ အတွက် သုံးစွဲသော ဝေါဟာရဖြစ်သည်။ သို့သော် ထိုခေတ်ထိုကာလများ၌ ဤအဓိပ္ပာယ်ဖြင့် သုံးစွဲခဲ့ခြင်းမရှိပေ။ ရှေးဟောင်းနော့စ်ဘာသာစကား (သို့) ရှေးဟောင်းအင်္ဂလိပ်ဘာသာစကားတွင် ဗိုက်းကင်းသည် "ဓားပြ" ဟူ၍သာ အနက်ရသည်။ [၁၁][၁၂][၁၃] နော့စ်များကို ဂျာမန်များက Ascomanni (ashmen) အဖြစ်သိရှိကြပြီး ဂေးလ်လူမျိုး (ဂေးလစ်) Lochlanach (Norse) အဖြစ် ၊ အန်ဂလို-ဆက်ခ်ဆွန်များက Dene (Danes) အဖြစ်လည်း သိရှိကြသည်။[၁၄]

ဂေးလစ်ဝေါဟာရများဖြစ်သည့် Finn-Gall (နော်ဝေးဗိုက်ကင်း (သို့) နော်ဝေးများ) ၊ Dubh-Gall (ဒိန်းမတ်ဗိုက်ကင်း (သို့) ဒိန်းမတ်များ) ၊ Gall Goidel ( လူသူတစိမ်း ဂေးလစ်များ) အစရှိသည့် စကားလုံးများကို အိုင်ယာလန် နှင့် စကော့တလန်ရှိ နော့စ်အဆက်အနွယ်များ အတွက် သုံးစွဲခဲ့ကြသည်။[၁၅] ဒပ်ဘလင်မြို့ခံများက ၎င်းတို့ကို Ostmen (အရှေ့ဖက်ဆီကသူများ) ဟုခေါ်ဝေါ်ကြသည်။ ၎င်းတို့ကို ရေကန်မှသူများ Lochlannaigh ဟူ၍လည်း လူသိများသည်။

ဆလပ်လူမျိုးများ၊ အာရပ်များ၊ ဘစ်ဇန်တိုင်းလူမျိုးများက ၎င်းတို့ကို Rus' ၊ Rhōs ၊ Ῥῶς ၊အဖြစ်သိရှိကြသည်။ ထိုစကားလုံးမျာသည် rōþs- ၏ အမျိုးမျိုးသောသုံးစွဲမှုမှ ဆင်းသက်လာနိုင်ကောင်း လာနိုင်ပြီး "လှေလှော်ခြင်းနှင့် ဆက်နွယ်သော" ဟု အနက်ရရှိသည်။ သို့မဟုတ်ပါကလည်း ဆွီဒင်နိုင်ငံအရှေ့အလယ်ပိုင်းမှ ဒေသဖြစ်သော Roslagen မှလည်းဆင်းသက်လာနိုင်သော စကားဖြစ်ပေမည်။

ခေတ်ပေါ် စကန်ဒီနေးဗီးယားအသုံးအနှုံး[ပြင်ဆင်ရန်]

ရှေးဟေင်းနော့စ်ဘာသာစကားတွင် norrœnir menn ဝေါဟာရသည် "မြောက်အရပ်ကသူများ" ဟုအဓိပ္ပာယ်ရ၍ ခေတ်ပေါ်အင်္ဂလိပ်ဘာသာအမည် Norsemen ကိုဆိုလိုရန်သုံးစွဲပြီး ဆွိလူမျိုးများ (ဆွီဒင်)၊ ဒိန်းလူမျိုးများ (ဒိန်းမတ်)၊ ဖဲရိုးကျွန်းစုသားများ၊ အိုက်စလန်ကျွန်းသားများနှင့် အခြားသူများကို ရည်ညွှန်းနိုင်သည်။

ခေတ်သစ် စကန်ဒီနေးဗီးယားဘာသာစကားများ၌ နော့လူမျိုးများအတွက် တူညီသော စကားလုံးတစ်လုရှိသည်။ ထိုစာလုံးမှာ nordbo, (ဆွီဒင်: nordborna, ဒိန်းမတ်: nordboerne, နော်ဝေး: nordboerne, (သို့) တိကျသောအများကိန်းပုံစံမှာ nordbuane တို့ဖြစ်ကြကာ ဤစာလုံးကို နောဒစ်တိုင်းပြည်များ (Nordic countries)တွင် ရှေးခေတ်နှင့် ယခုခေတ် နေထိုင်ကြသူများအတွက် ခေါ်ဝေါ်သုံးစွဲသည်။ ထို့နောက် စကန်ဒီနေးဗီးယန်း ဂျာမန်နစ် ဘာသာစကားများထဲက တစ်မျိုးမျိုးကို ပြောဆိုသော သူများအတွက်လည်း ထိုသို့ခေါ်ဝေါ်သုံးစွဲကြသည်။

ပထဝီဝင်ဒေသ[ပြင်ဆင်ရန်]

နော့စ်လူမျိုးများ၏ စွန့်စားရှာဖွေ နယ်မြေချဲ့ထွင်ခြင်းလမ်းကြောင်းများပြ မြေပုံ

ဗိုက်ကင်းတို့၏ ဇာစ်မြစ်နှင့်ပတ်သက်၍ ဗြိတိသျှတို့၏ စိတ်ကူးအယူအဆမှာ မတိကျပါ။ ဗြိတိန်များထံမှ လုယူဓားပြတိုက်ခဲ့သူများသည် ယခုခေတ် ဒိန်းမတ်၊ စကန်းနီးယား (Scania) (ဆွီဒင်အသံ- စကိုးဝ(မ်)နက်)၊ ဆွီဒင်နှင့် နော်ဝေးတို့၏အနောက်ဘက်ကမ်းရိုးတန်းဒေသ (လတ္တီကျု ၇၀ နီးပါးအထိ) နှင့် ဆွီဒင်ဘောလ်တစ်ကမ်းရိုးတန်း တစ်လျှောက်မှ လတ္တီကျု ၆၀ နီးပါးတဝိုက်အထိ နှင့် မက်လာရန် (မေးလာရန်) (Mälaren) ရေအိုင်တို့၌ နေထိုင်ခဲ့ကြသည်။ ၎င်းတို့သည် ဆွီဒင်၏ ဂေါ့တ်လန်းကျွန်းမှလာခဲ့ကြသည်။ တောက်ဘက်အစွန်အဖျား၌နေသော ဗိုက်ကင်းများသည် Newcastle upon Tyne မြို့ထက် ပို၍မြောက်ဘက်မကျသော ဒေသများတွင်နေထိုင်ကျ၍ ဗြိတိန်ကို မြောက်ဘက်အရပ်ထက် အရှေ့ဘက်အရပ်က လာရောက်ကျသူများဖြစ်သည်။

နော်ဝေးကမ်းရိုးတန်းမှလွဲ၍ စကန်ဒီနေးဗီးယားကျွန်းဆယ်မြောက်ပိုင်းတွင် နော့စ်လူမျိုးများ မနေထိုင်သလောက်ဖြစ်ခဲ့၏ ။ အကြောင်းမှာ ထိုအရပ်တွင် ဆားမီ (ဆမ်)လူမျိုးများ (Sami) နေခြင်းကြောင့်ဖြစ်သည်။

နော့စ်စကန်ဒီနေးဗီးယားလူမျိုးများသည် နယ်မြေဒေသများစွာ၌ လူမှုအဖွဲ့အစည်းများ၊ အခြေချနေထိုင်မှုများစွာကို တည်ထောင်ခဲ့ကြရာ ထိုဒေသများမှာ ဂရိတ်ဗြိတိန်၊ စကော့တလန်၊ ဝေလ၊ အိုင်ယာလန်၊ အိုက်စလန်၊ ရုရှား၊ ဘဲလာရုစ်၊ ပြင်သစ်၊ စစ်စလီ၊ ဘယ်လ်ဂျီယမ်၊ ယူငရိန်း၊ ဖင်လန်၊ အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ဂျာမနီ၊ ပိုလန်၊ ဂရီးန်လန်း၊ ကနေဒါ [၁၆] နှင့် ဖဲရိုးကျွန်းစုတို့ဖြစ်ကြသည်။

မှတ်စု[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Fee, Christopher R. (2011). Mythology in the Middle Ages: Heroic Tales of Monsters, Magic, and Might: Heroic Tales of Monsters, Magic, and Might. ABC-CLIO, 3. ISBN 978-0313027253။ “"Viking" is a term used to describe a certain class of marauding Scandinavian warrior from the 8th through the 11th century. However, when discussing the entire culture of the Northern Germanic peoples of the early Middle Ages, and especially in terms of the languages and literatures of these peoples, it would be more accurate to use the term "Norse." Therefore during the Middle Ages and beyond, it therefore might be useful to speak of "German" peoples in middle Europe and of "Norse" peoples in Scandinavia and the North Atlantic.” 
  2. McTurk, Rory (2008). A Companion to Old Norse-Icelandic Literature and Culture. John Wiley & Sons, 7. ISBN 978-1405137386။ “Old Norse' defines the culture of Norway and Iceland during the Middle Ages. It is a somewhat illogical concept as it is largely synonymous with 'Norse'... The term 'Norse' is often used as a translation of norroenn. As such it applies to all the Germanic peoples of Scandinavia and their colonies in the British Isles and the North Atlantic.” 
  3. "The North and the Depiction of the "Finnar" in the Icelandic Sagas" (2010). Scandinavian Studies 82 (3): 257–286. “The term "Norse" will be used as a catchall term for all North Germanic peoples in the sagas...” 
  4. ၄.၀ ၄.၁ Leeming, David A. (2014). The Handy Mythology Answer Book. Visible Ink Press, 143. ISBN 978-1578595211။ “"Who were the Norse people? The term Norse is commonly applied to pre-Christian Northern Germanic peoples living in Scandinavia during the so-called Viking Age. Old Norse gradually developed into the North Germanic languages, including Icelandic, Danish, Norwegian, and Swedish.” 
  5. Kristinsson, Axel (2010). Expansions: Competition and Conquest in Europe Since the Bronze Age. ReykjavíkurAkademían. ISBN 978-9979992219။ “The same can be said of Viking Age Scandinavians who did not have a common ethnonym but expressed their common identity through the geographical and linguistic terms... There is absolutely no doubt about a common Northern identity during the Viking Age and afterwards... it even survives today.” 
  6. Kennedy, Arthur Garfield (1963). "The Indo-European Language Family", English Language Reader: Introductory Essays and Exercises. Dodd, Mead။ “[T]he pages of history have been filled with accounts of various Germanic peoples that made excursions in search of better homes; the Goths went into the Danube valley and thence into Italy and southern France ; and thence into Italy and southern France; the Franks seized what was later called France; the Vandals went down into Spain, and via Africa they "vandalized" Rome; the Angles, part of the Saxons, and the Jutes moved over into England; and the Burgundians and the Lombards worked south into France and Italy. Probably very early during these centuries of migration the three outstanding groups of the Germanic peoples—the North Germanic people of Scandinavia, the East Germanic branch, comprising the Goths chiefly, and the West Germanic group, comprising the remaining Germanic tribes—developed their notable group traits. Then, while the East Germanic tribes (that is, the Goths) passed gradually out of the pages of history and disappeared completely, the North Germanic, or Scandinavian, or Norse, peoples, as they are variously called, became a distinctive people, more and more unlike the West Germanic folk who inhabited Germany itself and, ultimately, Holland, and Belgium and England. While that great migration of nations which the Germans have named the Volkerwanderung was going on, the Scandinavian division of the Germanic peoples had kept their habitation well to the north of the others and had been splitting up into the four subdivisions now known as the Swedes, Norwegians, Danes, and Icelanders. Long after the West Germanic and East Germanic peoples had made history farther south in Europe, the North Germanic tribes of Scandinavia began a series of expeditions which, during the eighth and ninth centuries, in the so-called Viking Age especially, led them to settle Iceland, to overrun England and even annex it to Denmark temporarily, and, most important of all, to settle in northern France and merge with the French to such an extent that Northmen became Normans, and later these Normans became the conquerors of England.” 
  7. Davies, Norman (1999). The Isles: A History. Oxford University Press. ISBN 978-0198030737။ “Ottar belonged to a group of peoples who were beginning to have a huge impact on European history. They are now called 'Scandinavians', though historically they were called 'Northmen'.” 
  8. "Norseman, n.", "Norse, n. and adj." OED Online, Oxford University Press, July 2018, https://www.oed.com/view/Entry/128316, https://www.oed.com/view/Entry/128312. Accessed 10 September 2018.
  9. "Viking, n." OED Online, Oxford University Press, July 2018, http://www.oed.com/view/Entry/223373 တမ်းပလိတ်:Deadlink. Accessed 10 September 2018.
  10. "Northman, n." OED Online, Oxford University Press, July 2018, https://www.oed.com/view/Entry/128371. Accessed 10 September 2018.
  11. "Viking, n.". Oxford English Dictionary. Oxford University Press. 2018. Retrieved 10 September 2018. 
  12. Cleasby, Richard; Vigfusson, Gudbrand (1957). "víkingr". An Icelandic–English Dictionary (2nd edition by William A. Craigie ed.). Oxford University Press. 
  13. Bosworth, Joseph; Northcote Toller, T. (1898). "wícing". An Anglo-Saxon Dictionary. Oxford University Press. 
  14. (2005) Vikings : A Very Short Introduction. Oxford University Press, 15–16. ISBN 978-0191517396။ 7 February 2018 တွင် ပြန်စစ်ပြီး 
  15. Baldour, John Alexander (1910). The Book of Arran. Arran society of Glasgow, 11 
  16. Linden၊ Eugene (December 2004)။ The Vikings: A Memorable Visit to AmericaSmithsonian Magazine