နောက်ဆုံးသစ်ရွက်

ဝီကီပီးဒီးယား မှ
"နောက်ဆုံးသစ်ရွက်"
စာရေးသူအို ဟင်နရီ
နိုင်ငံအမေရိကန်ပြည်ထောင်စု
ဘာသာစကားအင်္ဂလိပ်ဘာသာစကား
အမျိုးအစားဝတ္ထုတို
ထုတ်ဝေခြင်းအနားကွပ် မီးအိမ်နှင့် အခြားဇာတ်လမ်းများ
ထုတ်ဝေသည့်ရက်၁၉၀၇

နောက်ဆုံးသစ်ရွက် (အင်္ဂလိပ်: The Last Leaf)သည် အို ဟင်နရီ၏ ၁၉၀၇ထုတ် 'အနားကွပ် မီးအိမ်နှင့် အခြားဇာတ်လမ်းများ' ပေါင်းချုပ်ထဲ၌ပါဝင်သော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည်။ အဆုတ်ရောင် ရောဂါ ကပ်ဆိုးဖြစ်ပွားနေသောကာလအတွင်း ဂရဲနစ်ချ် (ဂရင်းနစ်ဂျ်) ရွာတွင် ဇာတ်အိမ်တည်သည်။ ပန်းချီဆရာ အဖိုးအိုတစ်ဦးက အဆုတ်ရောင်ရောဂါဖြင့် သေအံ့ဆဲဆဲဖြစ်နေသော အိမ်နီးနားချင်း ပန်ချီဆရာမလေးတစ်ဦး၏ အသက်ကို အသက်ရှင်သန်စေရန် ဆန္ဒ(ရှင်သန်ချင်သည့် စိတ်) ကို ပြသပေးအပ်ရင်း ကယ်ဆယ်လိုက်သည့် ဇာတ်လမ်းဖြစ်သည်။ သူမသည် ပြတင်းပေါက်တစ်ခုမှနေ၍ အနားက နံရံတွင် တွယ်ကပ်ပေါက်နေသော စပျစ်နွယ်ပင် ပင်အိုကို မြင်ကာ ထိုအပင်မှာ နွေမှ ဆောင်းသို့ အကူးတွင် အရွက်များ ကြွေကျနေလေ၏ ။ နောက်ဆုံးသစ်ရွက် ကြွေလျှင် သူမလည်း သေဆုံးမည်ဟူသော အတွေးဝင်ရောက်ခဲ့သည်။ အရွက်များအားလုံး ကြွေခဲ့သော်လည်း နောက်ဆုံးသစ်ရွက်ကလေးတစ်ရွက်သည် ရက်အတန်ကြာသည်အထိ တည်ရှိနေခဲ့သည်။ ဤသို့ဖြင့် ထိုမိန်းကလေး၏ ကျန်းမာရေးမှာ တိုးတက်ကောင်းမွန်လာပြီး ဇာတ်လမ်းအဆုံးသတ်တွင် ဘဝ၌ ပြောင်မြောက်သော ပန်ချီကားတစ်ချပ်ကို ရေးဆွဲရန် အမြဲစိတ်ကူးရှိခဲ့သော်လည်း မအောင်မြင်သေးသည့် ပန်းချီဆရာ အဖိုးကြီးသည် စပျစ်အိုပင် တွယ်ကပ်နေသော နံရံ၌ တစ်ညတာ အချိန်သုံးကာ အစစ်နှင့်မခြား သစ်ရွက်တစ်ရွက်ကို ရေးဆွဲခဲ့သည်။ အကျိုးဆက်အနေဖြင့် ထိုအဖိုးအို အဆုတ်ယောင်ရောဂါ မိ၍ သေဆုံးခဲ့ရသည်။

ဇာတ်ကောင်များ[ပြင်ဆင်ရန်]

  • ဆူး (ဆယူး) - သူငယ်ချင်းဖြစ်သူ ဂျွန်စီ နှင့်အတူနေသော ပန်ချီဆရာမလေး
  • ဂျွန်စီ (ဂျော်န်စီ) - ဆူး၏ သူငယ်ချင်း ပန်ချီဆရာမ၊ အဆုတ်ရောင်ရောဂါ ခံစားရပြီး နောက်ဆုံးတွင် စပျစ်နွယ်ပင်က နောက်ဆုံးသစ်ရွက်ကြောင့် အသက်ရှင်ကျန်ခဲ့သူ။
  • ဘဲမန် - ပန်ချီဆရာအဖိုးအို၊ နောက်ဆုံးသစ်ရွက် ရေးဆွဲစဉ် သေဆုံးခဲ့ရသူ။

မှီငြမ်း ပုံဖော်မှုများ[ပြင်ဆင်ရန်]

နောက်ဆုံးသစ်ရွက် ကို ပြဇာတ်၊ ရုပ်ရှင်များအဖြစ် မှီငြမ်း ပုံဖော်တင်ဆက်ခဲ့ကြသည်။[၁] ထင်ရှားသော ရုပ်ရှင်ဇာတ်လမ်းတိုများမှာ :

  • ၁၉၂၁က ထွက်ရှိသော Falling Leaves တွင် လုံးဝမှီငြမ်းခြင်းမဟုတ်ဘဲ သဘောအနည်းငယ်သာပါဝင်သည်။
  • ၁၉၁၇ အသံတိတ်ရုပ်ရှင်ကို 'နောက်ဆုံးသစ်ရွက်' ဟု ပေးထားသည်။ Broadway Star Features မှ ထုတ်လုပ်သည်။[၂]
  • ၁၉၅၂ တွင် အိုဟင်နရီ၏ ဝတ္ထုတို ငါးပုဒ်ကို O. Henry's Full House အမည်ဖြင့် ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ခဲ့ပြီး ယင်း၌ ဤဇာတ်လမ်းပါဝင်သည်။ ယင်းမှီငြမ်းရုပ်ရှင်တွင် ဇာတ်ကောင်သည် အမည်ပြောင်အားဖြင့် 'ဂျို' (Jo) ဖြစ်ပြီး ဆူဆန် (ဆူး) သည် ညီအမတော်စပ်သည်။[၃]
  • ၁၉၃၈ တွင် ၂၄မိနစ်စာ ရုပ်ရှင်တစ်ခုကို ထုတ်လုပ် ရိုက်ကူးခဲ့ကြကာ ကုမ္ပဏီမှာ The Church of Jesus Christ of Latter-day Saints ဖြစ်၏ ။[၄] ၁၉၅၂ က ထွက်ရှိသော O. Henry's Full House ရုပ်ရှင် အတိုင်းပင်ဖြစ်သည်။
  • ဂျပန် အန်နီမေးရှင်း Paranoia Agent ၏ နဝမမြောက် 'Etc' ဇာတ်လမ်းတွဲတွင် ဤဇာတ်လမ်းက်ု ပုံဖော်ထားမှုရှိသည်။
  • ၂၀၁၃ ဟင်ဒီရုပ်ရှင် Lootera သည်လည်း အကြမ်းဖျဉ်း အားဖြင့် နောက်ဆုံးသစ်ရွက် ကို မှီငြမ်းထားခြင်းဖြစ်သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Hischak၊ Thomas S. (2012)။ American Literature on Stage and Screen: 525 Works and Their Adaptations။ McFarland။ pp. 113–114။ ISBN 978-0-7864-9279-4
  2. "The Last Leaf" (December 15, 1917). Moving Picture World 34 (11). Retrieved on 2015-10-01. 
  3. O. Henry's Full HouseCatalog of Feature Films။ American Film Institute။ 2015-10-01 တွင် ပြန်စစ်ပြီး။
  4. "Easter TV Special To Affirm LDS Belief in Resurrected Christ" (April 1984). Ensign. Retrieved on 2015-10-01. 
  5. 5 films that take their cue from short storiesIBNLive.comCNN-IBN (July 9, 2013)။ 12 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 August 2020 တွင် ပြန်စစ်ပြီး။