မာတိကာသို့ ခုန်သွားရန်

နေဘုန်းလတ်

ဝီကီပီးဒီးယား မှ
(နေမျိုးကျော်၊ မောင် မှ ပြန်ညွှန်းထားသည်)
ဦး

နေဘုန်းလတ်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အမတ်
သင်္ဃန်းကျွန်းမြို့နယ်မှ
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၁၆  ၁ ဖေဖော်ဝါရီ ၂၀၂၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွားနေမျိုးကျော်
(1980-06-28) ၂၈ ဇွန်၊ ၁၉၈၀ (အသက် ၄၅)
သင်္ဃန်းကျွန်း၊ ရန်ကုန်၊ မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်မပြုံးသာမြင့်
မိဘဦးသိန်းထွန်း၊ ဒေါ်အေးအေးသန်း
မိခင်ကျောင်းရန်ကုန်နည်းပညာတက္ကသိုလ်
အလုပ်အကိုင်ဘလော့ဂါ
နိုင်ငံရေးသမား
ဆုတံဆိပ်များPEN/Barbara Goldsmith Freedom to Write Award
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
ဝက်ဘ်ဆိုဒ်nayphonelatt.com

ဦးနေမျိုးကျော် ခေါ် နေဘုန်းလတ်သည် ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ စစ်အစိုးရ၏ ဖမ်းဆီးခံရပြီးနောက်ပိုင်း နိုင်ငံတကာအဆင့်အထိ နာမည်ကြီးသွားသော စာရေးဆရာတစ်ဦးဖြစ်သည်။ သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း၏ အယ်ဒီတာတစ်ဦးဖြစ်ပြီး၊ မီဒို (MIDO) အဖွဲ့အစည်းတွင်လည်း ပါဝင်လှုပ်ရှားနေသူဖြစ်သည်။

နေဘုန်းလတ်ကို ဖခင် ဦးသိန်းထွန်း၊ မိခင် ဒေါ်အေးအေးသန့်တို့မှ မွေးဖွားသည်။ အ.ထ.က(၆) ဗိုလ်တထောင်တွင် သူငယ်တန်းမှ ဆယ်တန်းအထိ တက်ရောက်သင်ကြားပြီး ယင်းကျောင်းမှပင် ၁၉၉၇ ခုနှစ်တွင် အခြေခံပညာအထက်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ထို့နောက် စက်မှုတက္ကသိုလ်တွင် တက်ရောက်သင်ကြားပြီး ယင်းကျောင်းမှပင် ၁၉၉၇ ခုနှစ်တွင် အခြေခံပညာအထက်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် BE(Civil) ဘွဲ့ကိုရရှိခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝမှစပြီး ကဗျာရေးသားခြင်း၊ စာရေးသားခြင်းကို ပြုလုပ်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် စံပယ်ဖြူမဂ္ဂဇင်းတွင် အကျိုးပြုစာပေများ စတင်ရေးသားခဲ့သည်။

ဘဝဇာတ်ကြောင်း

[ပြင်ဆင်ရန်]

နေဘုန်းလတ်သည် ဘလော့ဂါ တစ်ယောက်ဖြစ်ပြီး ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော် ဟု ခေါင်းစဉ်တပ်ထားကာ ဘလော့လောကတွင် စာစတင်ရေးသားခဲ့သည်။ သူသည် သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း၏ အယ်ဒီတာလည်း ဖြစ်သည်။

“ကျွန်တော်ဟာ အနုပညာကိုခုံမင်ရူးသွပ်တဲ့ လူငယ်တစ်ယောက်ပါ …။ နေဘုန်းလတ်ဆိုတဲ့နာမည်နဲ့ ကဗျာတွေ၊ စာတွေရေးတယ် …။ မဂ္ဂဇင်းစာမျက်နှာ အချို့မှာ ကျွန်တော်ရေးထားတဲ့ စာတွေကိုတွေ့နိုင်သလို ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် ... လေးမှာလဲ ကျွန်တော့်ရဲ့အနုပညာတွေကိုခင်းဖြန့်ချပြ ထားပါတယ်။ အနုပညာနဲ့ပတ်သက်လာရင် ရုပ်ရှင်မင်းသားအလုပ် ကလွဲလို့ ကျန်တာ အကုန်လုပ်ချင်နေတဲ့ သူဆိုတော့ အရင်ကဆို သူများကင်မရာတွေခဏငှားငှားပြီး ဟိုဟိုဒီဒီသွားတဲ့အခါ ဓာတ်ပုံတွေလျှောက်ရိုက်ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ခြင်းဟာလဲ ကျွန်တော်လွတ်ကျခဲ့တဲ့ နောက်ထပ်မြို့တော်တစ်ခုလို့ ပြောလို့ရပါတယ်။ အခုတော့ ပိုက်ဆံလေးနဲနဲပါးပါးစုမိလို့ ကိုယ်ပိုင်ကင်မရာလေးတစ်လုံး ဝယ်ပြီး ဓာတ်ပုံတွေကို အရင်ကထက်ပိုပြီးရိုက်ဖြစ်တော့မှာဖြစ်လို့ ဘလော့ဂ်အသစ်လေး တစ်ခုကို စလုပ်ဖြစ်ပါတယ် ...။ အလင်းနဲ့ရေးတဲ့ပန်းချီ ... မှာ ကျွန်တော် ကင်မရာလေးရဲ့အကူအညီကိုယူပြီး အလင်းတွေနဲ့ ရေးခြစ်ထားတဲ့ ပန်းချီကားချပ်လေးတွေကို တွေ့မြင်ခံစား နိုင်ပါတယ်။ ကျွန်တော်ထပ်ပြောပါမယ် … ကျွန်တော်ဟာ အနုပညာကိုခုံမင်ရူးသွပ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။”

ဟု သူ၏ ဘလော့တွင် ဖော်ပြထားသည်။ []

အကျဉ်းကျခံ မှတ်တမ်း

[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် နေဘုန်းလတ်သည် နေအိမ်မှ ဖမ်းဆီးခံခဲ့ရသည်။ ကနဦးတွင် ပြည်ထဲရေးဝန်ကြီးဌာန၌ ထိန်းသိမ်းခံခဲ့ရပြီးနောက် အင်းစိန်ထောင်၊ အဆောင် ၁ သို့ ပြောင်းရွှေ့ချုပ်နှောင်ခံခဲ့ရသည်။

၂၀၀၈ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ၎င်း၏ ရှေ့နေက နေဘုန်းလတ်နှင့် တွေ့ဆုံခွင့်ပြုရန် အကျဉ်းထောင်အာဏာပိုင်များထံ လျှောက်ထားခဲ့သည်။ ဖမ်းဆီးခံရပြီး နှစ်ပတ်အကြာတွင် မိသားစုဝင်များနှင့် တနင်္ဂနွေနေ့တိုင်း ထောင်ဝင်စာတွေ့ခွင့်ကို ခွင့်ပြုခဲ့သည်။ မိခင် ဒေါ်အေးအေးသန့်နှင့် တွေ့ဆုံစဉ် နေဘုန်းလတ်က ထောင်တွင်း၌ နှစ်ကြိမ်တိုင်တိုင် စစ်ဆေးမေးမြန်းခံခဲ့ရကြောင်း ပြောပြခဲ့သည်။ ၎င်း၏ ကိုယ်ပိုင်ဘလော့နှင့်ပတ်သက်သော မေးခွန်းများ၊ အခြားအမည်ဝှက်များဖြင့် ဘလော့ရေးသားခြင်း ရှိမရှိနှင့် မေငြိမ်း၊ ဒေါက်တာလွမ်းဆွေ စသည့် နာမည်ရင်းဖြင့် ရေးသားသော ဘလော့ဂါများကို သိကျွမ်းခြင်း ရှိမရှိတို့ကိုလည်း မေးမြန်းခံခဲ့ရသည်ဟု ဆိုသည်။

၂၀၀၈ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် မိခင်နှင့် ထောင်ဝင်စာတွေ့ဆုံစဉ် ၎င်းအပေါ် စွဲဆိုထားသော ပုဒ်မများအား ဗီဒီယိုအက် ဥပဒေ ပုဒ်မ ၃၂(ခ) မှ နိုင်ငံရေးအရ စွဲဆိုသည့် အရေးပေါ်စီမံချက် ဥပဒေ ပုဒ်မ ၅(ည) သို့ ပြောင်းလဲခဲ့ကြောင်း အသိပေးခဲ့သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အပြီး ၂၀၀၈ ခုနှစ်အတွင်းတွင် နေဘုန်းလတ်အား အီလက်ထရောနစ် ပုဒ်မဖြင့် ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်ခဲ့သည်။ အယူခံဝင်ခဲ့ရာတွင် ပြစ်ဒဏ်ကို ၁၂ နှစ်အထိ လျှော့ချခဲ့သည်။ ထို့နောက် သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ပြစ်ဒဏ် (၁) နှစ် လျှော့ပေါ့ခံရပြီး ဘားအံအကျဉ်းထောင်တွင် ထောင်ဒဏ် ၁၁ နှစ် ဆက်လက်ကျခံခဲ့ရသည်။

အကျဉ်းကျခံဘဝမှ လွတ်မြောက်ရန်

[ပြင်ဆင်ရန်]

အကျဉ်းကျခံ ဘဝမှ လွတ်မြောက်စေရန် ရည်ရွယ်၍ http://freenpl.blogspot.com/ ဘလော့တစ်ခု ပြုလုပ်ခဲ့ကြသည်။ နေဘုန်းလတ် လွတ်မြောက်ရေး၊ Free Nay Phone Latt အမည်ကို အတိုကောက် Freenpl အဖြစ် အမည်ပေးထားခြင်းဖြစ်သည်။ ထိုဘလော့တွင် သူ၏ မိခင်မှ ပေးစာများ၊ ကမ္ဘာအရပ်ရပ်မှ နေဘုန်းလတ်ကို ချစ်ခင်ကြသော လူပုဂ္ဂိုလ် အသီးအသီးတို့ မှ ကဗျာများ၊ စာပေများ နေဘုန်းလတ် လွတ်မြောက်စေရန် ရည်ရွယ်၍ ရေးသားပေးပို့ကြသည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကိုနေဘုန်းလတ် ၏ ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော် ဘလော့ဂ် စတင်ရေးသားခြင်း တစ်နှစ်ပြည့် အထိမ်း အမှတ်အဖြစ် မြန်မာဘလော့ဂါများ စုပေါင်းရေးသားထားသည့် အမှတ်တရ post တစ်ခုကို ဆင်တူလွှင့်တင်ထားခဲ့ကြသည်။ နေဘုန်းလတ်သို့ ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါ post တွင် ကိုနေဘုန်းလတ်၏ ဘလော့ဂ်အကြောင်း၊ သူဖြတ်သန်းခဲ့သည့် ဘလော့ဂါဘဝနှင့် ရေးဖော်ရေးဘက်များက သတိတရရှိနေကြောင်းကို ရိုးရိုးရှင်းရှင်းသာ ဖော်ပြထားခဲ့သည်။

၂၀၁၂ခုနှစ် ဇန်နဝါရီလ ၁၃ ရက်တွင် နေဘုန်းလတ်သည် သမ္မတဦးသိန်းစိန်၏ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ပြန်လည်လွှတ်ပေးရာတွင် ပြန်လည်လွတ်မြောက်ခဲ့သည်။[]

နိုင်ငံရေးသမားဘဝ

[ပြင်ဆင်ရန်]

ရွေးကောက်ပွဲ ဝင်ပြိုင်မှု

[ပြင်ဆင်ရန်]


၂၀၂၁ အာဏာသိမ်းပြီး အလွန်

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရက ဦးနေဘုန်းလတ်ကို ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးခန့်အပ်ခဲ့သည်။ []

ရရှိခဲ့သည့် ဆုများ

[ပြင်ဆင်ရန်]

၂၀၁၀ ခုနှစ်တွင် နေဘုန်းလတ်အား PEN/Barbara Goldsmith Freedom to Write Award ဆုအား ချီးမြှင့်ခဲ့သည်၊ ၎င်းဆုသည် “ထုတ်ဖော်ပြောဆိုခွင့်ကို သတ္တိရှိစွာ တိုက်ပွဲဝင်ကြသည့် စာရေးသူများ”အတွက် ဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. နေဘုန်းလတ်
  2. "Burma prisoner amnesty – Hla Hla Win walks"၊ Democratic Voice of Burma 2012-1-13 တွင် ပြန်စစ်ပြီး[လင့်ခ်သေ]
  3. အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူများအား ခန့်အပ်တာဝန်ပေးခြင်း National Unity Government။ 2025-7-2 တွင် ပြန်စစ်ပြီး။
  4. PEN/Barbara Goldsmith Freedom to Write Award PEN American Center (2012)။ 27 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 January 2012 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]