နိုင်ငံတော်ကောင်စီ (အရှေ့တီမော)

ဝီကီပီးဒီးယား မှ
နိုင်ငံတော်ကောင်စီ
Council of State
အရှေ့တီမောအစိုးရအဖွဲ့အစည်း
Conselho de Estado
​ကောင်စီ အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၂၀ မေ ၂၀၀၂ (၂၀၀၂-၀၅-၂၀)
ဌာနချုပ်ဒီလီမြို့
ဌာနအကြီးအမှူးများသမ္မတ
Key documentအရှေ့တီမောနိုင်ငံ၏ အခြေခံဥပဒေ
ဝက်ဘ်ဆိုက်Text of the Constitution

အရှေ့တီမောနိုင်ငံ၏ နိုင်ငံတော်ကောင်စီ (အင်္ဂလိပ်: Council of State) သည် နိုင်ငံတော်သမ္မတ ကို အကြံပေးနိုင်ရန် အခြေခံဥပဒေအရ ဖွဲ့စည်းထားသော ကောင်စီဖြစ်သည်။ အရှေ့တီမောနိုင်ငံသည် ယခင်က ပေါ်တူဂီလက်အောက်တွင်ဖြစ်ရာ ၂၀၀၂ခုနှစ် လွတ်လပ်ရေးရချိန်တွင် ပေါ်တူဂီတို့၏ သမိုင်းကြောင်းတွင် တည်ရှိခဲ့သော နိုင်ငံတော်ကောင်စီကို နမူနာယူ၍ ဖွဲ့စည်းထားသည်။[၁]

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

အခြေခံဥပဒေအရ ကောင်စီကို သမ္မတကဦးဆောင်ကာ အောက်ပါအဖွဲ့ဝင်များ ပါဝင်ဖွဲ့စည်းသည်။

  • ရာထူးမှထုတ်ပယ်ခံရခြင်းမဟုတ်သော သမ္မတ(ငြိမ်း)များ
  • အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
  • ဝန်ကြီးချုပ်
  • လွှတ်တော်မှရွေးချယ်သော နိုင်ငံသား (၅)ဦး
  • သမ္မတကရွေးချယ်သော နိုင်ငံသား (၅)ဦး

တာဝန်များ[ပြင်ဆင်ရန်]

  • လွှတ်တော်ဖျက်သိမ်းရေးအတွက် ထင်မြင်ချက်ပေးခြင်း။
  • အစိုးရအဖွဲ့ဖျက်သိမ်းရေးအတွက် ထင်မြင်ချက်ပေးခြင်း။
  • စစ်ကြေညာရန် (သို့မဟုတ်) ငြိမ်းချမ်းရေးအတွက် ထင်မြင်ချက်ပေးခြင်း။
  • ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၎င်း၏အမြင်ကို ထုတ်ဖော်ပြောကြားပြီး နိုင်ငံတော်သမ္မတက တောင်းဆိုထားသည့်အတိုင်း ၎င်း၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင်နိုင်ငံတော်သမ္မတထံ အကြံပြုတင်ပြခြင်း။
  • နည်းဥပဒေကြမ်းများရေးဆွဲခြင်း။

ကိုးကား[ပြင်ဆင်ရန်]