နိနောမိယ ခဇုနရိ

ဝီကီပီးဒီးယား မှ
Kazunari Ninomiya
二宮 和也
၂၀၀၇ ခုနှစ် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် တွေ့ရသော နိနောမိယ
ကိုယ်ရေး အချက်အလက်များ
အခြားအမည်များနိနို
မွေးဖွား (1983-06-17) ဇွန် ၁၇၊ ၁၉၈၃ (အသက် ၄၀)
ခတျုရှိကရပ်ကွက်၊ တိုကျိုမြို့၊ ဂျပန်နိုင်ငံ
ဂီတဟန်Japanese pop
အလုပ်အကိုင်
  • အဆိုတော်
  • သရုပ်ဆောင်
  • အစီအစဉ် တင်ဆက်သူ
တူရိယာ
  • တေးသံရှင်
  • ဂစ်တာ
  • စန္ဒယား
တက်ကြွသည့်နှစ်များ၁၉၉၆–လက်ရှိ
တေးသံသွင်း ကုမ္ပဏီ
ပူးတွဲ ပါဝင်မှုArashi

နိနောမိယ ခဇုနရိ (二宮 和也 Ninomiya Kazunari?, ၁၇ ဇွန် ၁၉၈၃ မွေး)သည် ချစ်စနိုးဖြင့် နိနိုဟု ခေါ်ခံရလေ့ ရှိပြီး၊ ဂျပန် အိုင်ဒေါ၊ အဆိုတော်၊ သီချင်းရေးဆရာ၊ သရုပ်ဆောင်၊ အသံသရုပ်ဆောင်နှင့် ရေဒီယို တင်ဆက်သူ ဖြစ်သည်။ သူသည် ဂျပန်လူငယ်အဖွဲ့ ဖြစ်သော အာရရှိ အဖွဲ့ဝင် ဖြစ်ပြီး၊ ၂၀၀၆ တုန်းက ကလင့်အိစ်ဝု ရိုက်ကူးသော "အိဝို့ဂျိမာ့မှ စာများ" စစ်ရုပ်ရှင်ကားတွင် စိုင်းငေါ့အဖြစ် သရုပ်ဆောင်သည်။

နိနောမိယသည် အသက် ၁၃ နှစ်သားအရွယ် ၁၉၉၆ တွင် ဂျပန် တဲလင့်အေဂျင်စီ ဖြစ်သော ဂျွန်နီနှင့်အပေါင်းပါများသို့ ဝင်ရောက်ပြီး၊ ဖျော်ဖြေရေး လောကတွင် စတင် အသက်မွေး ဝမ်းကျောင်း ပြုသည်။ ၁၉၉၉ တွင် အာရရှိအဖွဲ့နှင့်အတူ အဆိုတော်အဖြစ် အရင် ပွဲဦးထွက်လာပြီးမှ၊ နိနောမိယသည် အင်္ဂလိပ်ရုပ်ရှင်ကို ပြန်လည်မှီငြမ်းရိုက်ကူးသော ငါ့အနားမှာ ရပ်ပါ စင်တင်ပြဇာတ်တွင် ခရစ်အဖြစ် သရုပ်ဆောင်ခြင်းဖြင့် သရုပ်ဆောင်လောကသို့ ဝင်ရောက်လာသည်။ ထိုအချိန်မှစ၍ နိနောသည် မြောက်မြားလှစွာသော ရုပ်သံဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များနှင့် စင်တင်များတွင် ဆက်တိုက် သရုပ်ဆောင်ရပြီး၊ အာရရှိမင်းသားဟု လူသိများလာသည်။ မျက်လုံးပါးစပ်နှင့်တင် အမူအရာကို ဖော်ပြနိုင်သူဟု ဖော်ပြခံရသော  နိနောမိယသည် သူ၏ ဇာတ်ရုပ်များအတွက် ဆုပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

အရပ် ၁၆၈ စင်တီ မြင့်ပြီး၊ အေသွေး အမျိုးအစား ဖြစ်သော နိနောမိယကို တိုကျိုမြို့၊ ခတျုရှိကတွင် မွေးဖွားပြီး၊ မိသားစုတွင် အငယ်ဆုံး ဖြစ်သည်။ ဂိမ်းမာအဖြစ် သူ့ကိုယ်သူ မှတ်ယူထားပြီး၊ ဂိမ်းစက်များစွာ ပိုင်ဆိုင်သည်။ သူ၏ မိဘနှစ်ပါးသည် စားဖိုမှူး လုပ်ရင်း တွေ့ဆုံမိကြခြင်း ဖြစ်ပြီး သူ့အစ်မသည် သူ့ထက် ၂ နှစ် ကြီးသည်။ နိနောမိယကို မွေးဖွားသည့်အခါ သူ့အဖိုးသည် အိမ်ရောက်လာပြီး၊ တဦးတည်းသော မြေးယောက်ျားလေး ဖြစ်သော သူ့ကို မိသားစုပိုင် လေကာမှန်သုတ်တံ ထုတ် စက်ရုံ၏ အမွေဆက်ခံသူအဖြစ် ကြေညာလိုက်သည်။ သို့သော်လည်း၊ နိနောမိယ ၁၂ နှစ်သားတွင် ဝမ်းကွဲတဦးက "ဂျွန်နီနှင့်အပေါင်းပါများ" အေဂျင်စီသို့ သူမသိလိုက်ဘဲ လျှောက်လွှာ တင်လိုက်သည်။ အမေဖြစ်သူ မြှောက်ပေးမှုနှင့် လူရွေးပွဲ တက်ရောက်ပြီး အောင်သွား၍ တဲလင့်အေဂျင်စီထဲ ဝင်ရောက်သည်။[၁][၂]

အသက် ၁၈ နှစ်၊ ၂၀၀၂ မတ်လတွင် နိနောမိယ အထက်တန်းအောင်သည်။[၃]

အဆိုတော်ဘဝ[ပြင်ဆင်ရန်]

၂၀၀၄ တွင် နိနောမိယသည် အိဇ၊ အခုဟူသော အာရရှိဖျော်ဖြေပွဲတွင် ဆိုလို သရုပ်ဆောင်ဖျော်ဖြေရန်အတွက် ဒဏ်ရာဟောင်းကို ရေးသားစီကုံးသည်။ အာရရှိအဖွဲ့၏ ငါးခုမြောက် စတူဒီယိုအယ်လဘမ် တစ်သည် အဖွဲ့ဝင် တဦးချင်းစီ သီဆိုရသော သီချင်းအယ်လဘမ်များထဲတွင် ပထမဦးဆုံး ဖြစ်သော်လည်း၊ နောက် ၂ နှစ်နီးပါး အချိန် အယ်လဘမ် မထွက်ခင်အထိ နိနောမိယသည် တရားဝင် ဖြန့်ချိရေးအတွက် စာသားနှင့် တီးလုံးကို မပေးချေ။

၂၀၀၇ တွင် အဖွဲ့၏ ဆယ့်ရှစ်ခုမြောက် ဓာတ်ပြား အချစ်ဟာ ချိုမြိန်လွန်းကို တိုက်ခိုက်သီချင်းဟူသော အပိုသီချင်း တပုဒ် ပူးတွဲပါဝင်ပြီး၊ ကန့်သတ်အရေအတွက်နှင့် ဖြန့်ချိသည်။ ထိုသီချင်းကို ၂၀၀၆ တွင် သူတို့၏ အဖွဲ့လိုက် စုံစိရှိုး G no Arashi အတွက် အာရရှိအဖွဲ့က ရေးသားပြီး နိနောမိယက စီကုံးထားခြင်း ဖြစ်သည်။ ၂၀၀၇ ဇူလိုင် ၁၁ တွင် အချိန် အယ်လဘမ်ကို အရေအတွက်အကန့်အသတ်ဖြင့် ဖြန့်ချိကာ အဖွဲ့ဝင် တယောက်စီ၏ ဆိုလို သီချင်း ပါဝင်သည်။ နိနောမိယက နီဂျိ ခေါ် သက်တံ့ဟူသော သူ့ ဆိုလိုသီချင်းတွင် စာသားကို ရေးထားပြီး၊ သီချင်း၏ ပီယာတီးခတ်သည့်အပိုင်းကို အာရရှိ နွေရာသီ ဖျော်ဖြေပွဲ တလျှောက်လုံး တီးပြသည်။[၄] ၂၀၀၈ အာရရှိ၏ ဒုတိယ အာရှဖျော်ဖြေပွဲတလျှောက်လုံးတွင်လည်း အလားတူပင် ဖျော်ဖြေသည်။[၅]

၂၀၀၈ တွင် ဆိုလိုသီချင်း Gimmick Game အတွက် စာသားကို ရေးသား၊ ပြန်စီ၊ သီကုံးသည်။[၆] ၂၀၁၀ တွင် ဆိုလိုသီချင်း "1992*4##111" အတွက် ရေးသားပြန်သည်။[၇] နိနောမိယ အပြောအရဆိုလျှင်၊ ထိုသီချင်းကို အာရိငတိုး(ကျေးဇူးပဲကွယ်)ဟု ဖတ်ရကြောင်း သိရသည်။[၈]

သရုပ်ဆောင်ဘဝ[ပြင်ဆင်ရန်]

စတိတ်စင်[ပြင်ဆင်ရန်]

နိနောမိယသည် သရုပ်ဆောင်ဘဝကို ၁၉၉၇ စင်တင်ပြဇာတ်တပုဒ် ဖြစ်သော အမေရိကန် လူငယ်ရုပ်ရှင် ငါ့အနားမှာ ရပ်ပါ တွင် နောင် အဖွဲ့ဖော်များ ဖြစ်လာမည့် မဆကိ အိုင်းဘ နှင့် ဂျွန်း မဆုမိုတို တို့နှင့်အတူ သရုပ်ဆောင်ခြင်း စတင်ခဲ့သည်။[၉][၁၀] ငါ့အနားမှာ ရပ်ပါ ပြီးနောက် ခုနစ်နှစ်နီးပါး ကြာအောင် မည်သည် စင်တင်ထုတ်လုပ်ရေးကိုမျှ မလုပ်ဘဲ ရုပ်သံဘက်တွင် အာရုံစိုက်ခဲ့သည်။ သို့သော် ၂၀၀၄ တွင် ယူကိအို နိနငဝ ဒါရိုက်တာ လုပ်သော ရှိဘုယမှ အဝေးသို့ ခွဲခွာရခြင်းဟူသော စင်တင်ပြဇာတ်၌ ပထမဦးဆုံး ခေါင်းဆောင်ဇာတ်ရုပ်အဖြစ် ပြန်ပေါ်လာသည်။ ၂၀၀၅ ဧပြီ ၃ မှ ၂၀၀၅ မေ ၄ အထိ၊ အကြောင်းရင်းမရှိဘဲ ပုန်ကန်မှုဟူသော ပြဇာတ်၌ ဂျိမ်းစဒင်း ဇာတ်ရုပ် ဂျင်စတာ့အဖြစ် ပါဝင်သည်။

၂၀၀၉ ဇူလိုင် ၁၈ မှ ဩဂုတ် ၁၁ အထိ၊ နိနောမိယသည် လေးနှစ်အတွင်း ပထမဆုံးသော သူ၏ စင်တင်ပြဇာတ်တွင် ပေါ်လာပြန်သည်။[၁၁] နာမည်တူ ဝတ္ထုကို အခြေခံထားသော ရထားပေါ်က လူစိမ်း သို့မဟုတ် မသိကျွမ်းတဲ့ ခရီးသည် တွင် စိတ္တဇလူသတ်သမား အဖြစ် သရုပ်ဆောင်သည်။

ဇာတ်လမ်းတွဲ[ပြင်ဆင်ရန်]

၁၉၉၈ တွင် TBS ရုပ်သံ ရုပ်ရှင်ဖြစ်သော အမငိတောင်ကို ကျော်ဖြတ်ခြင်း ၌ ၁၅ နှစ်သား အိမ်ပြေးလေးအဖြစ် သရုပ်ဆောင်ကာ ရုပ်သံလောကသို့ စတင်ဝင်ရောက်သည်။  အာရရှိအဖွဲ့နှင့် ပွဲဦးထွက်ပြီး လအနည်းငယ်အတွင်းတွင် အန္တရာယ်များတဲ့ ကျောင်းဆင်းချိန် ဟူသော ရုပ်သံတွင် နောက်အိမ်ထောင်ပါသားအဖြစ် သရုပ်ဆောင်သော စုဘရု ရှိဘုတနိနှင့်အတူ သူ၏ ပထမဆုံးသော ခေါင်းဆောင်ဇာတ်ရုပ်ကို သရုပ်ဆောင်ရသည်။ အချိန်ဇယားများ ပြည့်ကျပ်လွန်းသည့်အတွက် တလအတွင်း ၇ ကီလို အလေးချိန် ကျသွားသည်။[၁၂]

၁၉၉၉ အောက်တိုဘာ ၁၁ မှ ၂၉ အထိ၊ အာရရှိအဖွဲ့သည် ၈ ကြိမ်မြောက် ကမ္ဘာ့ ဗော်လီဘောချန်ပီယံ ပြိုင်ပွဲအတွက် အဓိက ထောက်ခံအားပေးသူ ဖြစ်သူ ဖြစ်ခဲ့သည့်အလျောက်၊ အဖွဲ့ဝင် ငါးဦးစလုံးသည် ဗော်လီဘောကို ဇာတ်အိမ်တည်ထားသည့် V အာရရှိဟူသော ဇာတ်လမ်းတွဲတိုတွင် ပထမဆုံးကြိမ်အဖြစ် အတူတကွ တွဲဖက် သရုပ်ဆောင်ခဲ့ကြသည်။

၂၀၀၃ မှ ၂၀၀၅ အထိ၊ နိနောမိယသည် ဇာတ်လမ်းတွဲပေါင်းများစွာတွင် ကျယ်ပြန့်စွာ ဆက်လက်ပါဝင်ခဲ့သည်။ ဟာသစီးရီး ထရပ်လိုက်တွင် ကျောင်းတွင် ကျန်သော နောက်ဆုံး လူပျိုစင် လေးဦးထဲမှ တဦး ဖြစ်နေသည်ကို တွေ့ရှိရသော ကျောင်းသား အဖြစ် လည်းကောင်း၊ အချစ်စီးရီး မီနာမီရဲ့ ချစ်သူကောင်မလေး တွင် ဆယ့်ခြောက်စင်တီမီတာ အရွယ်အစားသို့ ထူးဆန်းစွာ ကျုံ့ဝင်သွားသည့် ကောင်မလေး၏ ချစ်သူအဖြစ် လည်းကောင်း၊ လူသားဆန်သော စီးရီး သဘောကောင်းနေတဲ့ အချိန် တွင် မိခင်ကို မတော်တဆ သတ်မိပြီး၊ ရလဒ်အဖြစ် ဖခင်ဖြစ်သူနှင့် ဆက်ဆံရေး ဝေးကွာသွားသည်ကို ပြန်လည် တည်ဆောက်ရသော လူငယ်လေး တယောက်အဖြစ်လည်းကောင်း သရုပ်ဆောင်ခဲ့သည်။

၂၀၀၆ တွင်၊ နည်းနည်းပဲဖြစ်ဖြစ် ကျေးဇူးတရားများရနိုင်မယ်ဆိုရင်ဖြင့်ဟူသော အထူးဇာတ်လမ်းတွဲတွင် အက်ဝင်းအကြိတ် (Ewing's sarcoma) ဖြစ်နေသည်ကို ဆေးစစ် တွေ့ရှိသွားသော လူငယ် တယောက်၏ ဖြစ်ရပ်မှန်ကို သရုပ်ဆောင်သည်။ ၂၀၀၇ ဇန်နဝါရီ ၁၁ တွင် ဖေဖေကြီးကို ကန်တော့ပါတယ်ဟူသော ဇာတ်လမ်းတွဲ မရိုက်ကူးမီ ၂၀၀၆ အတွင်း အခြား ရုပ်ရှင်ကား ၂ ကားတွင် သရုပ်ဆောင်လိုက်သေးသည်။

၂၀၀၇ နွေရာသီအတွင်း၊ သူနှင့် အာရရှိမှ အဖွဲ့ဝင် ရှောဆကုရိုင်းနှင့်အတူ ဂျပန်မန်းငကာတွန်းကို မှီငြမ်းထားသော ဟာသဇာတ်လမ်းတွဲ ယာမဒတရိုးပုံပြင်တွင် တွဲဖက် သရုပ်ဆောင်သည်။ ထိုဇာတ်လမ်းတွဲတွင် ဇာတ်ကောင် ယာမဒတရိုးသည် လူချမ်းသာသားသမီးများသာ တက်ရောက်သော ကျောင်းတွင် တက်ရောက်သည့် နွမ်းပါးသော ကျောင်းသား အဖြစ် သရုပ်ဆောင်သည်။ ထို့နောက် များမကြာမီ အာရရှိအဖွဲ့၏ နောက်လာမည့် ဖျော်ဖြေပွဲအတွက် ဇာတ်တိုက်လေ့ကျင့်နေစဉ်မှာပင် မာရသွန်ဟူသော အထူးဇာတ်လမ်းတွဲတွင် ခေါင်းဆောင်အဖြစ် သရုပ်ဆောင်ပြီး၊ ၎င်းမှာ ဉာဏ်ရည်မမီသော လူငယ်တယောက်သည် မာရသွန် အပြေးသမား ဖြစ်လာရန် လေ့ကျင့် သင်တန်းဆင်းသည့် ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံထားသည်။[၁၃]

သူ့အဖွဲ့ဖော် ဆတိုရှိ အိုးနို ပထမဆုံး ခေါင်းဆောင် ပါဝင်သော ဇာတ်လမ်းတွဲ မအိုးတွင် ဧည့်သည်သရုပ်ဆောင် ပါဝင်သည်မှ လွဲ၍ တနှစ်ကြာ မည်သို့မျှ သရုပ်ဆောင်ခြင်း မလုပ်နေပြီးမှ နောက်ဆုံးတွင် နိနောမိယသည် သူ့ညီငယ်များအဖြစ် သရုပ်ဆောင်သော လျောနိရှိကိဒိုနှင့် အဲရိကတိုဒ တို့နှင့်အတူ ကြယ်ကြွေချည်နှောင်ခြင်း ဇာတ်လမ်းတွဲ၌ အဓိကအခန်းတွင် ပါဝင်လာသည်။ သူတို့ သုံးယောက်သည် အမည်မသိ လူသတ်သမား၏ သတ်ခြင်းကို လွန်ခဲ့သော နှစ်ပေါင်းများစွာက ခံခဲ့ရသော မိဘများ၏ ကလေးများအဖြစ် ပါဝင်သည်။ စာနယ်ဇင်းများနှင့် ၅၉ ကြိမ်မြောက် ရုပ်သံဇာတ်လမ်းတွဲ ဆုပေးပွဲ ဘုတ်အဖွဲ့၏ ဝေဖန်ရေးဆရာများက သူ့၏ ဇာတ်ရုပ်ကို လက်စားချေလိုသည့် အသက်အကြီးဆုံး သွေးချင်းအဖြစ် ကောင်းစွာ သရုပ်ဆောင်နိုင်သည်ဟု အသိအမှတ် ပြုပြီး၊ အကောင်းဆုံး သရုပ်ဆောင်ဆုကို ချီးမြှင့်သည်။[၁၄] သူ့ ကြယ်ကြွေချည်နှောင်ခြင်းဇာတ်ရုပ်ကြောင့် သူသည် ၄၉ ကြိမ်မြောက် မွန်တီကားလို ရုပ်သံပွဲတော်၌ ဇာတ်လမ်းတွဲအမျိုးအစားတွင် သရုပ်ဆောင်ထူးချွန်ဆု အတွက် လျာထားခံရသည်။

၂၀၀၉ နွေဦးတွင်၊ နိနောမိယသည် TBS မှ ရိုက်ကူးသော သုံးပိုင်းတွဲ အထူးဇာတ်လမ်းတွဲ တအိမ်ပြီး တအိမ်၏ တတိယပိုင်းနှင့် နောက်ဆုံးပိုင်းဖြစ်သော ခံစားချက်တွင် ခေါင်းဆောင်ပါဝင်သည်။ ထိုအထူးဇာတ်လမ်းတွဲသည် အာရုံကြောလေဖြန်းရောဂါ ခံစားနေရသော်လည်း ကုမ္ပဏီ၏ ရောင်းအားအကောင်းဆုံးဆုကို ရရှိသွားသူ အမေရိကန် ဒေါတူဒေါ အရောင်းသမား ဘီပေါ်တာ၏ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားသည်။[၁၅] တအိမ်ပြီးတအိမ် နှင့် ကြယ်ကြွေချည်နှောင်ခြင်း ဇာတ်ရုပ်တို့က သူ့ကို ၄၆ ကြိမ်မြောက် ဂလက်ဆီဆုပေးပွဲ၌ ရုပ်သံအမျိုးအစား၌ တကားစီ ဆုရစေပြီး၊ ဂျွန်နီတဲလင့်အတွက် ပထမဦးဆုံး ရရှိခြင်း ဖြစ်ပြီး၊ သူ့အတွက်မူ အသက် ၂၀ တန်းတွင် သရုပ်ဆောင် တဦးအနေဖြင့် ဦးဆုံး ရရှိခြင်း ဖြစ်သည်။[၁၆] ၂၀၀၉ ဧပြီ တွင် နိနောသည် နတ်ပြည်မှာ နင်နဲ့ တွေ့နိုင်ရင် အထူးဇာတ်လမ်းတွဲကို စတင်ရိုက်ကူးသည်။ သို့သော်လည်း စိတ်ကုထုံးဆရာဝန်အဖြစ် နိနောမိယ ပထမဆုံး သရုပ်ဆောင်ထားသည်ကို တွေ့မြင်ရမည် ဖြစ်သော ထိုဇာတ်လမ်းတွဲသည် ၂၄ စက်တင်ဘာကျမှ တီဗီက လွှင့်သည်။[၁၇]

၂၀၁၀ ဇန်နဝါရီတွင်၊ အာရရှိ၏ အဖွဲ့ဝင်များအားလုံး ဆယ်နှစ်တာကာလတွင် ပထမဆုံးသော ဇာတ်လမ်းတွဲ သည်းထိတ်ရင်ဖိုဖြစ်သည့် နောက်ဆုံးကတိ အထူးဇာတ်လမ်းတွဲကို အတူတွဲဖက် သရုပ်ဆောင်ကြသည်။[၁၈][၁၉] နိနောမိယသည် အဆောက်အဦပြန်ပေးဆွဲမှုတွင် ပိတ်မိနေသော ၂၇ နှစ်အရွယ် ယာယီ လုံခြုံရေးစင်တာဝန်ထမ်း၊ ယာမငိဝ စူးဂျိအဖြစ် သရုပ်ဆောင်သည်။ ၂၀၁၀ စက်တင်ဘာ ၂၀ တွင် မဆုမိုတိုနှင့် ယူးကို တကဲအုချိတို့၏ ဇာတ်လမ်းတွဲ ဖြစ်သော နွေအချစ်ဟာ သက်တံ့ရောင်ပြန်ဟပ်နေတယ်၏ နောက်ဆုံးပိုင်းတွင် ဧည့်သည် သရုပ်ဆောင်ပေးခဲ့သည်။[၂၀]

နိနောသည် ကြယ်ကြွေချည်နှောင်ခြင်း(၂၀၀၈) ပြီးကတည်းက ပထမဦးဆုံး ဇာတ်လမ်းတွဲ ဖြစ်သော အချိန်ပိုင်းအလုပ်သမား၊ အိမ်ဝယ်တယ်တွင် သရုပ်ဆောင်သည်။ တွဲဖက် ကရိနာနှင်အတူ တကဲစေးဂျိ ဟု အမည်ရသည့် အချိန်ပိုင်းအလုပ်သမားအဖြစ် သရုပ်ဆောင်သည်။[၂၁] ယင်းဇာတ်လမ်းတွဲ ထုတ်လွှင့်နေသည့် တလျှောက်လုံး ပုံမှန်အားပေးမှု ရရှိခဲ့ပြီး၊ ပျမ်းမျှ ၁၇.၁၄ ရာခိုင်နှုန်း ရခဲ့သည်။[၂၂][၂၃]

ရုပ်ရှင်[ပြင်ဆင်ရန်]

၂၀၀၂ တွင်၊ ပီကန်းချိရေ၊ ဘဝကခက်တယ်ဆိုပေမယ့်ပျော်ပါတယ်ဟူသော အာရရှိ၏ ပထမဆုံး အတူသရုပ်ဆောင်သော ရုပ်ရှင်တွင် သူ၏ ရုပ်ရှင်ဇာတ်ကား ပွဲဦးထွက်ခြင်း စတင်ခဲ့သည်။

ထို့နောက် နိနောမိယသည် ၂၀၀၃ ရုပ်ရှင် အပြာရောင်အလင်းတွင် နှိပ်စက်တတ်သော ပထွေးလက်မှ လွတ်မြောက်အောင် ကြိုးစားနေသော အထက်တန်းကျောင်းသား ဆုအိချိအဖြစ်၊ သူ့တွဲဖက် အာယမဆုအုရနှင့်အတူ ပိတ်ကားပေါ်တွင် ပေါ်လာခဲ့သည်။ ၂၀၀၄ တွင် ပီကန်းချိရေ၊ ဘဝကခက်တယ်ဆိုပေမယ့်ပျော်ပါတယ် ရုပ်ရှင်အဆက်အဖြစ် သူတို့ ဇာတ်ရုပ် တရုပ်စီကို ပြန်လည် ရိုက်ကူးရာ အာရရှိအဖွဲ့ ပြန်ဆုံကြသည်။

၂၀၀၆ သည် နိနောမိယအတွက်မူ ထုတ်လုပ်မှုကောင်းသော နှစ်ဟု ဆိုနိုင်ပြီး၊ ဂျွန်နီနှင့်အပေါင်းပါအတွက်မူ ဟောလိဝုဒ်တွင် ပထမဆုံး ပါဝင်ရသော ပထမဆုံး အနုပညာရှင် ဖြစ်လာသည်။ သူသည် ကလင့်အိဝု၏ အော်စကာဆုရ အိဝို့ဂျိမာ့မှ စာများတွင် စိတ်မပါဖြစ်နေသော စစ်သား စိုင်းငေါ့အဖြစ် သရုပ်ဆောင်ခဲ့ပြီး၊ သရုပ်ဆောင် ဝါတနဘဲ ကင်းသည် အော်စကာဆုအတွက် ဇကာတင် ရွေးခံရသည်။ နိနော၏ သရုပ်ဆောင်မှုသည် ရုပ်ရှင်ဝေဖန်ရေးသမား များစွာ၏ ချီးမွမ်းခြင်းကို ခံရကာ၊ ထိုထဲတွင် အယ်ဒီတာ ဂျင် အင်မာဆန်[၂၄]၊ USA Today မှ ကလော်ဒီးယား ပွတ်[၂၅]၊ ဂျိမ်း ဘာရာဒီနဲလီ[၂၆]နှင့် ဟောလိဝုဒ် သတင်း​ထောက် ကာ့ခ်ဟန်နီကတ်[၂၇] ၂၀၀၇ ဇန်နဝါရီ ၇ တွင်၊ နယူးယောက်တိုင်းဝေဖန်ရေးဆရာ အေအို စကော့က နိနောမိယကို အော်စကာဆုရွေးချယ်ရေးအတွက် အကောင်းဆုံးဇာတ်ပို့မင်းသားဆု အဖြစ် အမည်တင်သွင်းခဲ့သည်။ [၂၈] ၂၀၀၆ အောက်တိုဘာ ၂၄၊ အမေရိကတွင် အိဝို့ဂျိမာ့မှ စာများ ရုပ်ရှင်ရိုက်ရာမှ ပြန်လာပြီး နှစ်လအကြာတွင်၊ မိုက်ကယ် အရိယက်၏ အင်နီမေးရှင်းရုပ်ရှင် တက်ကွန်း ကင်းခရီတွင် အဓိကဇာတ်ကောင် ဘလက်အတွက် သူ့၏ အသံကို ငှားခြင်းဖြင့် အသံသရုပ်ဆောင်အဖြစ်လည်း ပွဲဦးထွက်ခဲ့သည်။ [၂၉]

၂၀၀၇ တွင် အာရရှိအဖွဲ့ဝင်အားလုံးသည် အဝါရောင်မျက်ရည်ဟူသော သူတို့၏ တတိယမြောက် ရုပ်ရှင်တွင် အတူတကွ တွဲဖက် ပါဝင်ကြပြန်ရာ၊ နိနောမိယက ရည်မှန်းချက်ကြီးသော အနုပညာရှင်အဖြစ် သရုပ်ဆောင်သည်။

၂၀၁၀ အောက်တိုဘာ ၁ တွင် ဖူမိ ယိုရှိနင၏ ဆုရကာတွန်း ဖြစ်သော အတွင်းခန်းကို မှီငြမ်း၍ ရိုက်ကူးထားပြီး နိနောမိယနှင့် ရှိဘဆကိ ကိုးတို့ သရုပ်ဆောင်သည့် ဇာတ်ကားကို ဂျပန်ရုပ်ရှင်ရုံများတွင် တင်သည်။ [၃၀][၃၁] ယောက်ျားသားများ ရောဂါတမျိုးကြောင့် သေဆုံးသွား၍ မိန်းမသား မိခင်များသာ ကြီးစိုးနေသော လူ့အဖွဲ့အစည်းခေတ်တွင် အသက်ရှင် နေထိုင်ရသူ လူငယ် တဦး မိဇုနို ယုနိုရှင်း အဖြစ် နိနိုက ပါဝင်သည်။[၃၂]

ဂန့်စ် ဆိုသော မန်းငကို လိုက်အက်ရှင် ရိုက်ကူးပြီး နိနောမိယနှင့် မဆုယာမ ကဲနိချိ သရုပ်ဆောင်၍ ၂၀၁၁ ဇန်နဝါရီ ၂၀ တွင် အမေရိက၌ ဖြန့်ချိပြီး၊ ၂၀၁၁ ဇန်နဝါရီ ၂၉ တွင် ဂျပန်၌ ပြသသည်။[၃၃][၃၄] နိနောမိယသည် မြေအောက်ရထား အတိုက်ခံရပြီးနောက် အခြားသေပြီးသူများနှင့် တိုက်ခိုက်အသက်ရှင်ရသော ဂိမ်းတခုကို ကစားရသည့် လူငယ် ကုရိုနို ကေးအဖြစ် သရုပ်ဆောင်သည်။[၃၅][၃၆] ဂန့်စ်၏ ဒုတိယပိုင်း ဂန့်စ်၊ ပြည့်စုံသောအဖြေသည် ၂၀၁၁ ဧပြီ ၂၃ တွင် ဂျပန်၌ ရုံတင်သည်။[၃၇] ယခုအခါတွင် နိနောမိယနှင့် မဆုယာမ ကဲနိချိ အဓိကဇာတ်ဆောင်နှစ်ဦး ရုပ်ရှင်ရိုက်ကူးစဉ်အတွင်း ဝတ်ဆင်ခဲ့သည့် သားရေကိုယ်ကျပ်ဝတ်စုံနက်သည် ရှားပါး စုဆောင်းပစ္စည်း ဖြစ်နေကာ၊ မှောင်ခိုဈေးကွက်၌ တန်ဖိုးကြီးမားစွာ ပေးချေ၍ အရောင်းအဝယ် ဖြစ်နေသည်။

၂၀၁၃ တွင် ဟိငရှိနို၏ ဝတ္ထု ပလက်တီနမ်ဒေတာကို မှီငြမ်းပြုသော ဇာတ်ကားတွင် ခေါင်းဆောင်အဖြစ် ပါဝင်သည်။ နိနောမိယ၏ ၂၀၀၈ ရုပ်သံဇာတ်လမ်းတွဲ ကြယ်ကြွေချည်နှောင်ခြင်းသည်လည်း ဟိငရှိနို ရေးသော ဝတ္ထုတပုဒ်အပေါ် အခြေခံထားခြင်းပင် ဖြစ်သည်။

အပတ်စဉ်ထုတ် ရှောနဲင်း ဂျမ့် မဂ္ဂဇင်း၏ ၁၇ ကြိမ်မြောက်ထုတ်တွင် အပြုံလိုက်သတ်စာသင်ခန်းကို မှီငြမ်းသော ၂၀၁၅ လိုက်အက်ရှင် ရုပ်ရှင်တွင် နိနောမိယသည် ကိုရို စင်းဆေး၏ အသံအဖြစ် သရုပ်ဆောင်သည်။.[၃၈]

၂၀၁၆ မတ် ၅ တွင် အမေနှင့်အတူနေထိုင်ခြင်းဇာတ်ကားဖြင့် ၃၉ ကြိမ်မြောက် ဂျပန်အကယ်ဒမီဆုပေးပွဲတွင် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ဂျွန်နီနှင့်အပေါင်းပါများ အေဂျင်စီ၏ လက်တွဲဖက် ဖြစ်သော ဂျုနိချိ အိုကဒကို ကျော်ပြီး ရရှိသည်။[၃၉]

အခြားလုပ်ငန်းများ[ပြင်ဆင်ရန်]

ရေဒီယို[ပြင်ဆင်ရန်]

၂၀၀၂ အောက်တိုဘာ ၄ ရက်ကတည်းက နိနောမိယတွင် ပင်လယ်အော်မုန်တိုင်းအမည်ရှိ သူ့ကိုယ်ပိုင် ရေဒီယိုရှိုး ရှိသည်။.[၄၀] ၎င်းရှိုးသည် လက်ရှိတွင် တနင်္ဂနွေနေ့တိုင်း ဂျပန်ဘေးအက်ဖ်အမ်၌ အသံလွှင့်နေပြီး၊ သူ့ကိုယ်ပိုင် အာရရှိ သီချင်းများကို ထုတ်လွှင့်ပြီး၊ အခြားအဆိုတော်များ၏ သီချင်းများကိုလည်း လွှင့်ပေးသည်။

ရုပ်ရှင်ရုပ်သံ[ပြင်ဆင်ရန်]

ရုပ်သံ
ခုနှစ် ခေါင်းစဉ် ဇာတ်ကောင် မှတ်ချက်
1998 Amagi Goe Takichi Nishinōra (child) Television special
Nijuroku ya Mairi Akimasa Okita (child)
Akimahende Taiki Aoki
1999 Nekketsu Ren'ai-dō Toshiya Kondō Episode: "Iteza no O-gata BOY"
Abunai Houkago Katsuyuki Natsuki Lead role
Kowai Nichiyōbi Kazunari Ninomiya Episode: "Koko Datta ka"
V no Arashi Kazunari Ninomiya Lead role with Arashi members
2000 Namida o Fuite Kenta Fuchigami
2001 Handoku!!! Nobu Sakaguchi
2003 Netsuretsu Teki Chūka Hanten Kenta Nanami
Stand Up!! Shōhei Asai Lead role
2004 Minami-kun no Koibito Susumu Minami Lead role with Kyoko Fukada
2005 Yasashii Jikan Takuro Wakui Lead role with Masami Nagasawa and Akira Terao
2006 Sukoshi wa, Ongaeshi ga Dekitakana Kazunori Kitahara Lead role, Television special
2007 Haikei, Chichiue-sama Ippei Tahara Lead role
Marathon Shōtaro Miyata Lead role, television special
Yamada Tarō Monogatari Taro Yamada Lead role with Sho Sakurai
2008 Maō Masayoshi Kumada Episode 1 guest appearance
Ryūsei no Kizuna Kōichi Ariake Lead role
2009 Door to Door Hideo Kurasawa Lead role, television special
Tengoku de Kimi ni Aetara Junichi Nonogami Lead role, television special
2010 Saigo no Yakusoku Shūji Yamagiwa Lead role with Arashi members, television special
Natsu no Koi wa Nijiiro ni Kagayaku Hamlet stage lighting technician Episode 10 guest appearance
Freeter, Ie o Kau Seiji Take Lead role
2011 Freeter, Ie o Kau SP Seiji Take Lead role
2012 Kuruma Isu de Boku wa Sora wo Tobu Hasebe Yasuyuki Lead role, 24 Hour Television SP
2014 Yowakutemo Katemasu Aoshi Tamo Lead role
2015 Murder on the Orient Express Heita Makuuchi Television special
Aka Medaka Danshun Tatekawa Lead role
2016 Botchan Botchan Television special
ရုပ်ရှင်
နှစ် ခေါင်းစဉ် ဇာတ်ရုပ် မှတ်ချက်
2002 Pikanchi Life is Hard Dakedo Happy Takuma Onda
2003 The Blue Light Shuichi Kushimori Lead role
2004 Pikanchi Life Is Hard Dakara Happy Takuma Onda
2006 Letters from Iwo Jima Saigo Hollywood debut
2006 Tekkon Kinkreet Black Voice, lead role
2007 Kiiroi Namida Eisuke Muraoka Lead role with Arashi members
2009 Heaven's Door Host Guest appearance
2010 Ōoku Yunoshin Mizuno Lead role with Kou Shibasaki
2011 Gantz Kei Kurono Lead role with Kenichi Matsuyama
Gantz: Perfect Answer
2013 Platinum Data Ryuhei Kagura/ Ryu Lead role
2014 Pikanchi Life is Hard Tabun Happy Takuma Onda Lead role with Arashi members
2015 Assassination Classroom Koro-sensei Lead role, voice
Nagasaki: Memories of My Son Koji Fukuhara Lead role
2016 Assassination Classroom: Graduation Koro-sensei, Grim Reaper Lead role, voice
2017 The Last Recipe Sasaki Lead role
2018 Criminal for the Prosecution Keiichiro Okino
စင်တင်[ပြင်ဆင်ရန်]
နှစ် ခေါင်းစဉ် ဇာတ်ရုပ် မှတ်ချက်
1997 Stand By Me Chris
Kyo to Kyo
2004 Shibuya Kara Tooku Hanarete Naoya Lead role
2005 Rebel Without a Cause Jim Stark Lead role
2009 Strangers on a Train Bruno Lead role

ဆုနှင့် ဇကာတင်[ပြင်ဆင်ရန်]

နှစ် အဖွဲ့အစည်း ဆု လက်ရာ ရလဒ်
2001 5th Nikkan Sports Drama Grand Prix (Fall) Best Supporting Actor Handoku!!! ဆုရရှိ
2003 6th Nikkan Sports Drama Grand Prix (Winter) Best Supporting Actor Netsuretsu Teki Chuka Hanten ဆုရရှိ
10th Rendora 110Award Best Actor Stand Up!! ဆုရရှိ
2004 8th Nikkan Sports Drama Grand Prix (Summer) Best Supporting Actor Minami-kun no Koibito ဆုရရှိ
2005 60th Japan Broadcast Film Arts Award Outstanding Supporting Actor Yasashii Jikan ဆုရရှိ
8th Nikkan Sports Drama Grand Prix (Winter) Best Supporting Actor ဆန်ခါတင်
16th Rendora 110Award Best Supporting Actor ဆုရရှိ
2006 61st Japan Broadcast Film Arts Award Outstanding Supporting Actor Sukoshi wa, Ongaeshi ga Dekitakana ဆုရရှိ
15th Hashida Awards Individual Award ဆုရရှိ[၄၁]
2007 10th Nikkan Sports Drama Grand Prix (Winter) Best Actor Haikei, Chichiue-sama ဆုရရှိ[၄၂]
10th Nikkan Sports Drama Grand Prix Best Actor ဆုရရှိ[၄၃]
52nd Television Drama Academy Awards Best Actor ဆန်ခါတင်[၄၄]
62nd Japan Broadcast Film Arts Award Excellence Best Actor ဆုရရှိ
11th Nikkan Sports Drama Grand Prix (Summer) Best Actor Yamada Tarō Monogatari ဆုရရှိ[၄၅]
54th Television Drama Academy Awards Best Actor ဆန်ခါတင်[၄၆]
Monthly Galaxy Awards (September) Galaxy Award Marathon ဆုရရှိ[၄၇]
62nd Cultural Affairs Award Hōsō Kojin Award ဆုရရှိ[၄၈]
2008 12th Nikkan Sports Drama Grand Prix (Fall) Best Actor Ryūsei no Kizuna ဆုရရှိ[၄၉]
63rd Japan Broadcast Film Arts Award Outstanding Lead Actor ဆုရရှိ
59th Television Drama Academy Awards Best Actor ဆုရရှိ[၁၄]
49th Monte-Carlo Television Festival Outstanding Actor (Drama) ဆန်ခါတင်[၅၀][၅၁]
2009 46th Galaxy Awards Individual Award Ryūsei no Kizuna, Door to Door ဆုရရှိ[၁၆]
2011 14th Nikkan Sports Drama Grand Prix (Fall) Best Actor Freeter, Ie o Kau ဆုရရှိ[၅၂]
65th Japan Broadcast Film Award Outstanding Lead Actor ဆုရရှိ
67th Television Drama Academy Awards Best Actor ဆုရရှိ[၅၃]
4th International Drama Festival in Tokyo Individual Award ဆုရရှိ[၅၄]
Best Actor Award ဆုရရှိ[၅၄]
2016 89th Kinema Junpo Award Best Actor Haha to Kuraseba ဆုရရှိ[၅၅]
39th Japan Academy Prize Best Actor ဆုရရှိ[၅၆]
41st Hochi Film Award Best Actor ဆန်ခါတင်[၅၇]

ကိုးကား[ပြင်ဆင်ရန်]

  1. "Hey! Hey! Hey! Music Champ"။ 2004-02-23။ NTV |series= လွဲမှား သို့ မပါရှိ (အကူအညီ)
  2. "Shōnen Club Premium"။ 2009-01-18။ NHK |series= လွဲမှား သို့ မပါရှိ (အကူအညီ)
  3. "そして僕らは嵐になった Arashi Story 1980–2009" (August 27, 2009). Pia: 10–22. 
  4. Kazunari Ninomiya (Singer) (2008-04-16)။ Summer Tour 2007 Final Time – Kotoba no Chikara (DVD) (Japaneseဘာသာစကားဖြင့်)။ Japan: J Storm။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  5. Kazunari Ninomiya (Singer) (2009-03-25)။ Arashi Around Asia 2008 in Tokyo (DVD) (Japaneseဘာသာစကားဖြင့်)။ Japan: J Storm။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  6. Dream "A" Live (in Japanese)။ J Storm။ 2010-07-22 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-06-30 တွင် ပြန်စစ်ပြီး။
  7. မော်ကွန်းတင်ပြီးမိတ္တူ (in Japanese)။ Johnny & Associates။ 24 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-06 တွင် ပြန်စစ်ပြီး။
  8. "Bay Storm"။ Chiba, Japan။ 2010-08-01။ Bay FM။ |series= လွဲမှား သို့ မပါရှိ (အကူအညီ)
  9. Wallace, Bruce (2007-01-28)။ The story is written on this actor's face။ Los Angeles Times။ 2011-09-30 တွင် ပြန်စစ်ပြီး။
  10. "Shōnen Club Premium"။ 2009-07-19။ NHK |series= လွဲမှား သို့ မပါရှိ (အကူအညီ)
  11. Ninomiya plays killer in "Strangers on a Train"။ Tokyograph (2009-06-12)။ 15 February 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-12-23 တွင် ပြန်စစ်ပြီး။
  12. "二宮和也 1万字インタビュー" (2005-07-25). アラシゴト. 
  13. Ninomiya stars in 'Marathon' remake။ Tokyograph (2007-04-16)။ 1 February 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-03-20 တွင် ပြန်စစ်ပြီး။
  14. ၁၄.၀ ၁၄.၁ You must specify title = and url = when using {{cite web}}. (in Japanese)။ Television Drama Academy Awards (2009-02-18)။ 2009-02-18 တွင် ပြန်စစ်ပြီး။
  15. Ninomiya goes 'Door to Door'။ Tokyograph (2009-02-01)။ 3 May 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-03-20 တွင် ပြန်စစ်ပြီး။
  16. ၁၆.၀ ၁၆.၁ Ninomiya earns Galaxy Award။ Tokyograph (2009-04-28)။ 19 August 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-04-28 တွင် ပြန်စစ်ပြီး။
  17. Kazunari Ninomiya, Mao Inoue play couple in drama special။ Tokyograph (2009-04-11)။ 12 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-12-23 တွင် ပြန်စစ်ပြီး။
  18. You must specify title = and url = when using {{cite web}}. (in Japanese)။ Oricon (2009-11-11)။ 2009-11-11 တွင် ပြန်စစ်ပြီး။
  19. You must specify title = and url = when using {{cite web}}. (in Japanese)။ Fuji Television News (2009-11-11)။ 2009-11-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-11-11 တွင် ပြန်စစ်ပြီး။
  20. You must specify title = and url = when using {{cite web}}. (in Japanese)။ Sankei Sports (2010-09-17)။ 2010-09-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-09-17 တွင် ပြန်စစ်ပြီး။
  21. 二宮和也がフリーター役で 2年ぶりの連ドラ主演!"人生の再生"テーマのホームドラマOricon (2010-08-15)။ 2010-08-15 တွင် ပြန်စစ်ပြီး။
  22. http://www.oricon.co.jp/news/movie/83264/full/ (in Japanese)။ Oricon (2010-12-22)။ 2010-12-22 တွင် ပြန်စစ်ပြီး။
  23. You must specify title = and url = when using {{cite web}}. (in Japanese)။ Sports Nippon (2010-12-22)။ 2010-12-24 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-12-22 တွင် ပြန်စစ်ပြီး။
  24. Emerson, Jim (2007-01-12)။ Reviews: Letters from Iwo Jima။ RogerEbert.com။ 12 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-04-25 တွင် ပြန်စစ်ပြီး။
  25. Puig၊ Claudia။ "Searing 'Letters From Iwo Jima"၊ USA Today၊ 2006-12-19။ 2009-06-25 တွင် ပြန်စစ်ပြီး 
  26. Letter from Iwo Jima။ Reelviews။ 2009-10-08 တွင် ပြန်စစ်ပြီး။
  27. တို့ ပါဝင်သည်။ Letters from Iwo Jima။ Hollywood Reporter (2006-12-08)။ December 13, 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-06-25 တွင် ပြန်စစ်ပြီး။
  28. Scott, A.O.။ "THE OSCARS; And the Nominees Should Be"၊ The New York Times၊ 2007-01-07။ 2009-11-17 တွင် ပြန်စစ်ပြီး 
  29. Arashi's Ninomiya makes debut as seiyuu။ Tokyograph (2006-10-24)။ 8 February 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-04-25 တွင် ပြန်စစ်ပြီး။
  30. Arashi's Kazunari Ninomiya, Kou Shibasaki Star in Ōoku Film။ Anime News Network (2009-12-23)။ 2009-12-23 တွင် ပြန်စစ်ပြီး။
  31. You must specify title = and url = when using {{cite web}}. (in Japanese)။ Oricon (2009-12-24)။ 2009-12-24 တွင် ပြန်စစ်ပြီး။
  32. Ōoku: The Inner Chamber Manga Gets Live-Action Film။ Anime News Network (2009-04-09)။ 2009-12-23 တွင် ပြန်စစ်ပြီး။
  33. Matsuyama, Ninomiya to attend "GANTZ" stage greetings on same day in U.S. and Japan။ Tokyograph (2011-01-10)။ 29 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-07-21 တွင် ပြန်စစ်ပြီး။
  34. "Gantz" earns nearly 600 million yen in opening weekend။ Tokyograph (2011-02-01)။ 2011-07-21 တွင် ပြန်စစ်ပြီး။
  35. You must specify title = and url = when using {{cite web}}. (in Japanese)။ Nikkan Sports (2009-10-08)။ 2009-10-08 တွင် ပြန်စစ်ပြီး။
  36. Nino, MatsuKen star in live-action "Gantz" movies။ Tokyograph (2009-10-08)။ 30 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-10-12 တွင် ပြန်စစ်ပြီး။
  37. Second "GANTZ" movie earns 550 million yen in first weekend။ Tokyograph (2011-04-25)။ 29 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-07-21 တွင် ပြန်စစ်ပြီး။
  38. Effendi, Sean။ Live-Action Assassination Classroom Koro-Sensei is Arashi's Ninomiya Kazunari။ Kitakubu။ 22 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-03-20 တွင် ပြန်စစ်ပြီး။
  39. "【日本奧斯卡】二宮和也首奪影帝助尊尼連霸"၊ 'Oriental Daily'၊ 5 March 2016။ 
  40. Arashi Biography 2002။ Johnny's net။ 4 September 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-09-18 တွင် ပြန်စစ်ပြီး။
  41. Shida becomes youngest winner of Hashida newcomer award။ Tokyograph (2007-02-13)။ 14 April 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-01-19 တွင် ပြန်စစ်ပြီး။
  42. Winners of 10th Nikkan Sports Drama Grand Prix။ Tokyograph (2007-05-05)။ 26 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-01-19 တွင် ပြန်စစ်ပြီး။
  43. 日刊スポーツ・ドラマグランプリ 歴代受賞者 (in Japanese)။ Nikkan Sports။ 2016-12-15 တွင် ပြန်စစ်ပြီး။
  44. You must specify title = and url = when using {{cite web}}. (in Japanese)။ Television Drama Academy Awards (2007-05-02)။ 2009-11-18 တွင် ပြန်စစ်ပြီး။
  45. You must specify title = and url = when using {{cite web}}. (in Japanese)။ Nikkan Sports။ August 9, 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-11-17 တွင် ပြန်စစ်ပြီး။
  46. You must specify title = and url = when using {{cite web}}. (in Japanese)။ Television Drama Academy Awards (2007-10-24)။ 2009-11-18 တွင် ပြန်စစ်ပြီး။
  47. မော်ကွန်းတင်ပြီးမိတ္တူ (in Japanese)။ Cyzo Woman။ Livedoor (2009-04-07)။ 30 May 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-11-17 တွင် ပြန်စစ်ပြီး။
  48. You must specify title = and url = when using {{cite web}}. (in Japanese)။ Tokyo Broadcasting System (2007-12-21)။ 2009-03-20 တွင် ပြန်စစ်ပြီး။
  49. Drama Grand Prix: "Ryusei no Kizuna" dominates။ Tokyograph (2009-01-20)။ 29 July 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-01-20 တွင် ပြန်စစ်ပြီး။
  50. Competition: Nominees - Actors49th Monte-Carlo Television Festival။ 2009-07-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-11-17 တွင် ပြန်စစ်ပြီး။
  51. 49th Monte-Carlo Television Festival - Official Selection - 'Drama' TV Series။ Biosstars။ 2009-08-09 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-11-17 တွင် ပြန်စစ်ပြီး။
  52. Nikkan Sports Drama Grand Prix (Fall 2010): Freeter, Ie wo Kau။ Tokyograph (2011-11-17)။ 2011-01-18 တွင် ပြန်စစ်ပြီး။
  53. You must specify title = and url = when using {{cite web}}. (in Japanese)။ Television Drama Academy Awards (2011-02-16)။ 2011-06-22 တွင် ပြန်စစ်ပြီး။
  54. ၅၄.၀ ၅၄.၁ Tokyo Drama Awards 2011။ International Drama Festival in TOKYO။ 20 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-12-15 တွင် ပြန်စစ်ပြီး။
  55. 2015年 第89回キネマ旬報ベスト・テン (in Japanese)။ Kinema Junpo။ 13 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-01-13 တွင် ပြန်စစ်ပြီး။
  56. 日本アカデミー賞優秀賞発表 『海街diary』が最多12部門受賞 (in Japanese)။ Oricon။ 2016-03-31 တွင် ပြန်စစ်ပြီး။
  57. Hochi Film Award nominations list (in Japanese)။ Hochi Shimbun။ 2016-11-14 တွင် ပြန်စစ်ပြီး။