နာဆီ ဘာကာ

ဝီကီပီးဒီးယား မှ
နာဆီ ဘာကာ
ထမင်းတွင် ကြက်ကြော်၊ မှိုတို့ ထည့်၍ ငှက်ပျောဖက်အတွင်းထုပ်ကာ မီးသွေးမီးဖြင့် ကင်ထားပြီး အသီးအရွက်နှင့် ဆမ်ဘဲတို့နှင့် တည့်ခင်းထားပုံ
အဓိကသုံးဆောင်မှုအဓိကဟင်းလျာ
မူရင်းနိုင်ငံအင်ဒိုနီးရှားနိုင်ငံ
ဒေသနိုင်ငံတစ်ဝန်း
သုံးဆောင် အပူချိန်အပူ
အဓိက ပါဝင်ပစ္စည်းထမင်းတွင် အမယ်မျိုးစုံခတ်ပြီး ငှက်ပျောရွက်တွင်ထုပ်ကာ မီးသွေးမီးဖြင့် ကင်သည်။
Cookbook: နာဆီ ဘာကာ  Media: နာဆီ ဘာကာ

နာဆီ ဘာကာ(အင်ဒိုနီးရှားဘာသာဖြင့် "ကင်ထားသော သို့မဟုတ် မီးအုံးထားသော ထမင်း")မှာ ထမင်းအား ဟင်းခတ်အမွှေးအကြိုင်နှင့် ထည့်လိုသောပစ္စည်းများအား ငှက်ပျောဖက်အတွင်း ထုပ်ကာ လီဒီ ဆမတ်(အုန်းရွက်အလယ်ကြောဖြင့် ပြုလုပ်ထားသော သေးငယ်သော တုတ်ချောင်း)ဖြင့် မပြေအောင်ထိန်းထားပြီး မီးသွေးမီးပေါ်တွင် တင်၍ ကင်ထားသော ဟင်းလျာကို ရည်ညွှန်းသည်။ ငှက်ပျောရွက်ကင်မှထွက်လာသော အနံ့သည် ထမင်းပေါ်တွင် မွှေးကြိုင်သော အနံ့ဖြစ်လာစေသည်။ စားသုံးမည့်အခါတွင် ငှက်ပျောဖက်ထုပ်အား ဖြေ၍ သုံးဆောင်ရသည်။ ဤအစားအစာမှာ ၂၀၀၀ ခုနှစ်များဝန်းကျင်မှ စတင်ဖြစ်ပေါ်လာသော အင်ဒိုနီးရှားအစားအစာဖြစ်ပြီး ငှက်ပျောဖက်ဖြင့် ထုပ်သော ထမင်းဖြစ်သည့် နာဆီ တင်းဘဲမှ ဆင်းသက်လာဟု ယူဆနိုင်သည်။

ကြက်ကျော်၊ အမ်ပဲ ဂီဘု (အမဲကြော်)၊ ငါးပါးနီ၊ ပီဒါငါး (peda fish)၊ နို့ငါး (milkfish)၊ ငါးပိကောင်၊ ပုဇွန်ဆိတ်၊ မှို၊ တန်ပေး၊ တို့ဖူး၊ ဘဲဥဆားငန် အစရှိသော ပါဝင်သည့် အမယ်များအပေါ်မူတည်ပြီး နာဆီ ဘာကာအမျိုးမျိုးရှိသည်။[၁]

ဓာတ်ပုံပြခန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Ariana။ Nasi Bakar Peda, Wow...Nikmat! (in id)။ Kolom Kita။ 19 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 August 2021 တွင် ပြန်စစ်ပြီး။