နန်းခမ်းနောင့်
နန်းခမ်းနောင့် | |
---|---|
မွေးဖွား | ၁၉၉၁ တောင်ကြီးမြို့ |
အခြား အမည်များ | Marlene |
အလုပ်အကိုင် | စီးပွားရေးလုပ်ငန်းရှင် |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၁၇−ယနေ့ထိ |
အိမ်ထောင်ဖက်(များ) | Arno Willemink |
မိဘ(များ) | အောင်ကိုဝင်း နန်းသန်းထွေး |
ဆွေမျိုးသားချင်း | နန်းလိုင်းခမ်း (အမ) နန်းမိုဟွမ်(ညီမ) |
နန်းခမ်းနောင့်(၁၉၉၁ဖွား)[၁] သည် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးအောင်ကိုဝင်း၏ သမီးလတ်ဖြစ်သည်။ နန်းသည် I-KBZ Insurance ၏ သဘာပတိဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် လူငယ်စွမ်းရည်မြှင့်တင်ရေးတို့ကို ပံ့ပိုးပေးသည့် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း Brighter Future Myanmar Foundation ၏ ပူးတွဲတည်ထောင်သူလည်း ဖြစ်သည်။ သူမသည် ပရဟတိတစိတ်ရှိပြီး ကျားမတန်းတူညီမျှမှုအရေး နက်ရှိုင်းစွာဆောင်ရွက်သူဖြစ်သည်။ အမျိုးသမီးများကဏ္ဍကို မြှင့်တင်ပေးမှုကြောင့် အာဆီယံစီးပွားရေးစွမ်းဆောင်ရှင်ဆု ချီးမြှင့်ခံထားရသည်။[၂]
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]သူမကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဖခင်ဦးအောင်ကိုဝင်း၊မိခင် နန်းသန်းထွေးတို့က ၁၉၉၁တွင် မွေးဖွားသည်။မွေးချင်း (၃) ဦးအနက် ဒုတိယမြောက် သမီးဖြစ်သည်။ ငယ်စဉ်အခါက တောင်ကြီးမြို့တွင်ပင် ပညာသင်ကြားသည်။ယင်းနောက် စင်ကာပူ၊ လန်ဒန်နှင့် ကာတာတို့တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။
စီးပွားရေးနယ်ပယ်ထဲရောက်ရှိလာပုံ
[ပြင်ဆင်ရန်]သူမအသက် ၂၄နှစ်အရွယ်မှာပင် ကမ္ဘောဇဘဏ်၏ လူငယ် အမှုဆောင် ဒါရိုက်တာ ဖြစ်လာခဲ့သည်။[၃] ၂၀၁၇ ခုနှစ်တွင် သူမသည် ကမ္ဘောဇဘဏ်၏ Deputy CEO 3 အဖြစ် ရာထူးတိုးမြင့် ခံရသည်။[၄] သူမသည် ၂၀၁၈ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး မိုဘိုင်းပိုက်ဆံအိတ် KBZ Pay ကို မိတ်ဆက်ခဲ့သည်။[၅]
ပရဟိတဆောင်ရွက်မှုများ
[ပြင်ဆင်ရန်]၂၀၀၈ဆိုင်ကလုန်းမုန်တိုင်း နာဂစ် မြန်မာနိုင်ငံသို့ ရိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ကြစဉ် သူမသည် အမဖြစ်သူ နန်းလိုင်းခမ်း[၆] နှင့်အတူ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM) တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းမျာအား ဆောင်ရွက်သည်။ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ကာ အိုးအိမ်ဆုံးရှုံးခဲ့ရသူများနှင့် မိသားစုများနှင့် တွေ့ဆုံကာ အားပေးသည်။ယင်းအပြင် ဖောင်ဒေးရှင်းတွင် ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရင်း ပရဟိတကိစ္စများ အင်တိုက်အားတိုက်ဆောင်ရွက်သည်။
ရရှိခဲ့သော ဆုများ
[ပြင်ဆင်ရန်]အမေရိကန်အခြေစိုက် Forbesမဂ္ဂဇင်းက သူမကို မြန်မာနိုင်ငံရှိ လူငယ်စီးပွားရေးခေါင်းဆောင်များ၏ အတောက်ပဆုံးအလင်းတန်းများထဲမှ တစ်ခုဟု ဖော်ပြသတ်မှတ်သည်။သူမ၏ အောင်မြင်သော စီးပွားရေးလုပ်ကိုင်ပုံကိုလည်း ချီးကျူးသည်။[၇] ၂၀၂၀ခုနှစ်တွင် အာဆီယံက ချီးမြှင့်သော အာဆီယံ၏ ထူးချွန်သော စီးပွားရေးသမားများဆု( 5th ASEAN Entrepreneur Award 2020 )အား သူမရရှိသည်။[၈] ထိုဆုသည် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး အမျိုးအစားဆု ဖြစ်သည်။[၉]
မိသားစုဘဝ
[ပြင်ဆင်ရန်]သူသည် ခင်ပွန်းဖြစ်သူ နယ်သာလန်နိုင်ငံသား Arno Willemink နှင့် ၂၀၂၃ ခုနှစ် တွင် မင်္ဂလာဆောင်သည်။ကုန်ကျစရိတ်ကြီးမားသော ဧည့်ခံပွဲများ မပြုလုပ်ဘဲ လိုအပ်သည့်နေရာများသို့ သိန်းပေါင်း၉၀၀၀၀ ကျော် ရေစက်ချလှူသည်။[၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ The KBZ heiress bringing digital development to Myanmar။ EUROMONEY (12 October 2020)။ 10 April 2023 တွင် ပြန်စစ်ပြီး။
- ↑ Three winners picked for the 5th fifth ASEAN Entrepreneur Award at WKF။ Pulse by Maeil Business News Korea (31 August 2020)။ 10 April 2023 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံ၏ ဦးဆောင်ပုဂ္ဂလိကဘဏ်ကြီးဖြစ်သည့် ကမ္ဘောဇဘဏ်လီမိတက်မှ Mr. Mike DeNoma ကို Special Advisor to the Chairman ခန့်အပ်။ KBZ Bank (၁၀ မေ ၂၀၁၇)။ ၁၀ ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ KBZ Appoints New CEO။ The Irrawaddy (11 May 2017)။ 10 April 2023 တွင် ပြန်စစ်ပြီး။
- ↑ Working Lives Yangon: Banker။ BBC English (4 September 2015)။ 10 April 2023 တွင် ပြန်စစ်ပြီး။
- ↑ Banking on change။ China Daily (22 February 2019)။ 10 April 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 April 2023 တွင် ပြန်စစ်ပြီး။
- ↑ A Family Of Entrepreneurs Has Built KBZ Into a Finance Powerhouse In Myanmar။ Forbes (4 October 2017)။ 10 April 2023 တွင် ပြန်စစ်ပြီး။
- ↑ Myanmar business woman wins 5th ASEAN Entrepreneur Award။ Ministry of Information Myanmar (9 September 2020)။ 10 April 2023 တွင် ပြန်စစ်ပြီး။
- ↑ KBZ Bank Deputy CEO Marlene Nang Kham Noung Receives ASEAN Entrepreneur Award for Deepening Financial Inclusion and Equality။ Eleven Media Group (10 September 2020)။ 10 April 2023 တွင် ပြန်စစ်ပြီး။
- ↑ ကမ္ဘောဇဘဏ်သူဌေးဦးအောင်ကိုဝင်းရဲ့ သမီးလတ် ထိမ်းမြှား လက်ထပ်။ Myanma Moethauk Media (၂၈ နိုဝင်ဘာ ၂၀၂၃)။ ၂၈ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။