နတ်သမီးရေတွင်းကျွန်း

ဝီကီပီးဒီးယား မှ
နတ်သမီးရေတွင်းကျွန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နတ်သမီးရေတွင်းကျွန်း
နတ်သမီးရေတွင်းကျွန်း
နတ်သမီးရေတွင်းကျွန်း၏ တည်နေရာ

နတ်သမီးရေတွင်းကျွန်း (Drakes Island) သည် တနင်္သာရီတိုင်းဒေသကြီးမြိတ်ကျွန်းစုများအတွင်း၊ ကပ္ပလီပင်လယ်ပြင်ဝယ် မြောက်လတ္တီကျု ၁၂°၀၃'၅၅.၈၄၉" နှင့် အရှေ့လောင်ဂျီကျု ၈၉°၀၀'၅၁.၉၁၀" တွင် ရှိသည့် ကျွန်း တစ်ကျွန်း ဖြစ်ပြီး၊ ဝေဟင်မှ ရှုမျှော်ပါက နတ်သမီးတပါး ကနေဟန် ရှိသည်။ ကျွန်း တခုလုံး၏ မြေအကျယ်အဝန်းမှာ ဧက ၅၀၀ ခန့်ရှိကာ၊ အရှေ့အနောက် အရှည် ၃.၂၁ ကီလိုမီတာ၊ တောင်မြောက်အကျယ် ၂ ကီလိုမီတာ ရှိသည်။ ယနေ့ထိတိုင် ခုတ်လှဲခြင်း မခံရသေးသော မူလသစ်ပင်ကြီးများစွာ ပေါက်ရောက်နေကာ၊ ကမ်းခြေတွင် နူးညံ့သန့်ရှင်းသည့် သဲသောင်ကို ပိုင်ဆိုင်ထားပြီး၊ ကျောက်ဆောင်များမှာ ထည်ဝါသည်။

နတ်သမီးရေတွင်းကျွန်း၌ အလေ့ကျကျက်စား ဇီဝမျိုးစုံမျိုးကွဲများ[ပြင်ဆင်ရန်]

ငှက်မျိုး[ပြင်ဆင်ရန်]

  1. ဂေါယဉ် (Plain Pouched Hornbill)
  2. သစ်တောက်ငှက် (Common Flameback)
  3. ချိုးစိမ်းငှက် (Emerald Dove)
  4. အောက်ချင်းငှက် (Oriental Pied Hornbill)
  5. ငူငှက် (Thick-Billed Green Pigeon)
  6. ဝတ်ရည်စုပ်ငှက်ငယ် (Asian Fairy-Bluebird, Sunbird)
  7. ပန်းပွင့်စားငှက်ငယ် (Flowerpecker)
  8. စွန်ခေါင်းဖြူ (Brahniny Kite)
  9. ဝန်ပိုငှက် (White-Bellied Sea-eagle)
  10. လင်းယုန်ငှက် (Cested Serpent Eagle)
  11. မြစ်တွေးငှက် (Tern)
  12. ဘွတ်ငှက်တမျိုး (Stripe-Throated Bulbul)
  13. တောသားသပိတ်လွယ်ငှက် (White-Rumped Shama)
  14. မိန်ဇိမ်ငှက် (Beach Thick-Knee)
  15. ဗျိုင်းငှက်ကြီးမျိုး (Great-billed heron)

မြန်မာအမည် မသိရသေးသည့် ငှက်များ[ပြင်ဆင်ရန်]

  • Pacificreef egret
  • Great-Billed Heron
  • Little Heron
  • Oriental Magpie Robin

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးစိုးနိုင် (2015–2016)။ မြိတ်ကျွန်းစုရှိ ကျွန်းများ(Drakes island)တွင် တွေ့ရှိရသော ငှက်မျိုးစိတ်များ။ ၂၀၁၅-၂၀၁၆။ မြိတ်တက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း။ p. ၈၉။CS1 maint: date format (link)