ရွှံ့မီးတောင်

ဝီကီပီးဒီးယား မှ

ရွှံ့မီးတောင် ဆိုသည်မှာ ကမ္ဘာမြေလွှာအောက်ထဲတွင် ချော်ရည်၊ ဓာတ်ငွေ့နှင့် ရေပူတို့ပေါင်းပြီး မြေမျက်နှာပြင်ပေါ် ထိုးထွက်လာစဉ် မောက်ကြွပြီး ဖြစ်ပေါ်လာသော မီးတောင်အမျိုးအစားဖြစ်သည်။ မီးတောင်ပုံသဏ္ဌာန်နှင့် ဆင်တူသည့်အပြင် ရွှံ့ပွက်နေသည်ကို မြင်ရတတ်သည့်အတွက် ရွှံ့မီးတောင် ဟု ခေါ်ကြသည်။ အတွင်း၌ ရွှံ့ရည်ပူများ ရှိနေပြီး ဓာတ်ငွေ့၊ ရေငွေ့များ တခါတရံထွက်လာတတ်သော်လည်း ပေါက်ကွဲတတ်သော မီးတောင်မျိုး မဟုတ်ပေ။ မီးတောင်အစစ်များမှ ထွက်လာတတ်သော သတ္တုချော်ရည်လည်း မရှိတတ်ပေ။

ရွှံ့မီးတောင်မှ ထွက်တတ်သော ချော်ရည်ပူသည် မြေလွှာအောက် ရေပူစမ်းများမှ ဖြစ်လေ့ရှိပြီး ချော်ပြာမှုန့်နှင့် ရေတွင်ပျော်ဝင်သော သတ္တုများ ပါဝင်လေ့ရှိသည်။ ရွှံ့ပူရည်ကြားမှ မြေမျက်နှာပြင်ပေါ်သို့ သဘာဝဓာတ်ငွေ့များလည်း ထွက်လာတတ်ပြီး ရေပွက်သကဲ့သို့ မြင်နေရလေ့ရှိသည်။ တခါတရံ မြေအောက်ကျောက်လွှာပြတ်ရွေ့မှုများကြောင့် ရွှံ့ပူများ လျှံကျလာတတ်သည်။

မြန်မာနိုင်ငံတွင် မင်းဘူးနဂါးပွက်တောင် သည် လူသိများသော ရွှံ့မီးတောင်တစ်ခု ဖြစ်သည်။