နက်ဖ်သီစ်နတ်ဘုရားမ

ဝီကီပီးဒီးယား မှ
နက်ဖ်သီစ်နတ်ဘုရားမ
နက်ဖ်သီစ်ကို ပုံမှန်အားဖြင့် ခြင်းတောင်းနှင့် အိမ်ပုံပါရှိသော မကိုဋ်ဆောင်းထားသော နုပျိုသည့်အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဖော်လေ့ရှိသည်။
အရုပ်စာ အမည်
O9t
H8
အဓိက ကိုးကွယ်မှု ဗဟိုတိတိကျကျအနေဖြင့် မရှိ၊ ဒိုင်ယာပါလစ် ပါဗာမြို့ (ယခု ဟူးမြို့ - Hu)
သင်္ကေတအိမ် နှင့် မံမီရုပ်အလောင်းစည်းနှောင်ခြင်းများ
ကိုယ်ရေး အချက်အလက်
မိဘများဂက်နတ်ဘုရားနှင့် နပ်နတ်ဘုရားမ
မွေးချင်းအိုက်စစ်အိုးဆိုက်ရစ်၊ ဟိုးရပ်စ် (အကြီး)၊ နှင့် ဆက်
ကြင်ရာတော်ဆက်
ဆင်းသက်သူများအနျူးဘစ်နတ်ဘုရား

နက်ဖ်သီစ် (သို့) နက်ဘက်-ဟတ် (အင်္ဂလိပ်: Nephthys or Nebet-Het) သည်အီဂျစ်ဒဏ္ဍာရီလာနတ်ဘုရားမတစ်ဦးဖြစ်၍ ရှေးဟောင်းအီဂျစ်ဘာသာတရားတွင် ကိုးကွယ်ခံသူတစ်ဦးလည်းဖြစ်သည်။ အီဂျစ်ဒဏ္ဍာရီတွင် ဟီးလစ်ယော့ပါလစ် (Heliopolis) ရှေးဟောင်းမြို့၏ အန်းနီးနတ်ဘုရားကိုးပါးမှ တစ်ဦးလည်းဖြစ်သည်။ 'နပ်'နတ်ဘုရားမ နှင့် 'ဂက်'နတ်ဘုရားတို၏ သမီးဖြစ်သည်။ ဈာပနရေးရာရိုးရာဓလေ့များတွင် အိုက်စစ်နတ်ဘုရားမနှင့်အတူ တွဲ၍ထားလေ့ရှိသည်။[၁] အဘယ်ကြောင့်ဆိုသော် ထိုနတ်ဘုရားမနှစ်ဦးသည် မံမီများ နှင့် အိုးဆိုက်ရစ်နတ်ဘုရား တို့ကို စောင့်ရှောက်ကာကွယ်သူများဖြစ်သည်။ နက်ဖ်သီစ်သည် ဆက်နတ်ဘုရား၏ မောင်နှမ-ဇနီးသည်လည်းဖြစ်၏ ။

သူမကို ငိုကြွေးခြင်း၊ မြစ်၊ ည၊ အမှုထမ်းခြင်း၊ ကလေးမွေးဖွားခြင်း၊ မိခင်၊ သေသူ၊ ကာကွယ်ခြင်း၊ အိမ်၊ မီးလင်းဖို၊ အခေါင်းတလား၊ မြှုပ်နှံခြင်း၊ လေ စသည့်များစွာသောကဏ္ဍများဆိုင်ရာ နတ်ဘုရားမအဖြစ် ကိုးကွယ်ပူဇော်ခဲ့ကြသည်။

မှတ်စု[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Abeer El-Shahawy books.google.co.uk The funerary art of Ancient Egypt: a bridge to the realm of the hereafter (106 pages) American University in Cairo Press, 2005 ISBN 977-17-2353-7 [Retrieved 2011-12-12]