အိုးဆိုက်ရစ်နတ်ဘုရား

ဝီကီပီးဒီးယား မှ
အိုးဆိုက်ရစ်နတ်ဘုရား
သေသူများနှင့် ပြန်လည်မွေးဖွားခြင်း၏ အရှင်၊ ၎င်း၏ အစိမ်းရောင်အရေပြားသည် ပြန်လည်မွေးဖွားခြင်း၏ ပြယုတ်ဖြစ်စေသည်။
အရုပ်စာ အမည်
Q1
D4
A40
အဓိက ကိုးကွယ်မှု ဗဟိုBusiris နှင့် Abydos
သင်္ကေတကောက်တလင်းခြွေရာတွင်သုံးသော တုတ်နှင့် အဖျားကောက်တုတ်ရှည်၊ အေတက်ဟုခေါ်သော သရဖူ၊ ငှက်ကုလားအုတ် အမွှေးတောင်များ၊ ငါး၊ မံမီရုပ်အလောင်းစည်းနှောင်သည့်ပိတ်စ၊ djed
ကိုယ်ရေး အချက်အလက်
မိဘများGeb နှင့် Nut
မွေးချင်းအိုက်စစ်ဆက်နက်ဖ်သီစ်၊ ဟိုးရပ်စ် (အကြီး)
ကြင်ရာတော်အိုက်စစ်
ဆင်းသက်သူများဟိုးရပ်စ်, အနျူးဘစ် (အချို့ဖော်ပြချက်မျာူအရ)

အိုးဆိုက်ရစ် နတ်ဘုရား (အင်္ဂလိပ်: Osiris) သည်အီဂျစ်ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးဖြစ်၍ မျိုးသန္ဓေအောင်ခြင်း၊ စိုက်ပျိုးရေး၊ တမလွန်ဘဝ၊ သေခြင်း၊ ပြန်လည်ရှင်သန်ခြင်း၊ ဘဝ၊ အပင်များနှင့် သက်ဆိုင်သောနတ်ဘုရားတစ်ပါးဖြစ်သည်။ ရိုးရာပုံစံဟန်အရ အစိမ်းရောင် ပိန်သောကိုယ်ခန္ဓာရှိ ဖာရိုဘုရင်[မှတ်စု ၁] တစ်ပါး၏မုတ်ဆိတ်ဖြင့် နတ်တစ်ပါး၊ ခြေထောက်ပိုင်းတွင် မံမီကဲ့သို့အဝတ်စည်းနှောင်ထားကာ အေတက်(atef)ဟုခေါ်သော ထင်ရှားသည့်သရဖူဆင်မြန်းရင်း ကောက်တလင်းခြွေရာတွင်သုံးသော တုတ်နှင့် အဖျားကောက်တုတ်ရှည်များကိုင်ဆောင်ထားသည့်ဟန်ဖြင့် သရုပ်ဖော်ကြသည်။[၁] မံမီများအား အဝတ်စည်းနှောင်ခြင်းနှင့် ပတ်သတ်သောပထမဦးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ညီအကိုတော်သူ ဆက်နတ်ဘုရားက ၎င်းကိုသတ်ခဲ့ပြီး ခန္ဓာကိုယ်အပိုင်းအစများကို ဖြတ်တောက်ပစ်ခဲ့ရာ ဇနီးသည် အိုက်စစ်နတ်ဘုရားမက လိုက်လံရှာဖွေပြီး ၎င်းကိုယ်ခန္ဓာကို အဝတ်များစည်းနှောင်ခဲ့သည်။ အိုးဆိုက်ရစ်ကို ရံခါတွင် ဂက်နတ်ဘုရားနှင့်[၂] ကောင်းကင်နတ်ဘုရားမ နပ်တို့၏ သားကြီးအဖြစ် ယူဆကြသည်။ အိုက်စစ်၏ မောင်နှမ၊ ခင်ပွန်းသည်၊ ဟိုးရပ်စ်နတ်ဘုရား၏ ဖခင်အဖြစ်လည်း ယူဆကြ၏။[၂]

အိုးဆိုက်ရစ်ကို အိုက်စစ်၊ ဆက်၊ နက်ဖ်သီစ်၊ ဟိုးရပ်စ် (အကြီး)တို့၏ ညီအကိုမောင်နှမအဖြစ်ယူကာ ဟိုးရပ်စ် (အငယ်)၏ ဖခင်အဖြစ်လည်းတွေးယူကြသည်။[၃] အီဂျစ်၏ ပဉ္စမမြောက်မင်းဆက်ခေတ် (ဘီစီ ၂၅၀၀) အလယ်၌ အိုးဆိုက်ရစ်အား ကိုးကွယ်ခြင်းနှင့်ဆိုင်သော သက်သေအထောက်အထားများ ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် ထိုထက်ပို၍ ကိုးကွယ်မှုစောနိုင်သည်။[၄]

အိုးဆိုက်ရစ်သည် သေသောသူများအား တရားစီရင်သူလည်းဖြစ်၍ နိုင်းမြစ်၏ အကျိုးဖြစ်ထွန်းစေသော ရေကြီးမှု၊ အပင်များပေါက်စေခြင်းများအပါအဝင် သက်ရှိများကိုခွင့်ပြုပေးသည့် ဝိဉာဉ်လောကကိုယ်စားလှယ်တစ်ဦးလည်းဖြစ်၏။ 'အစဉ်အမြဲကြင်နာတတ်သော၊ နုပျိုမြစ်သော ပုဂ္ဂိုလ်'[၅]'တိတ်ဆိတ်ငြိမ်သက်မှု၏ အရှင်' စသဖြင့်ဖော်ပြခဲ့ကြသည်။[၆] အီဂျစ်ဘုရင်များသည် သေခြင်းတရား၌ အိုးဆိုက်ရစ်နှင့် ဆင်နွှယ်ပတ်သက်မှုရှိကြရာ အိုးဆိုက်ရစ်သည် သေရာမှပြန်လည်ရှင်သန်ထမြောက်ခဲ့သဖြင့် ၎င်းတို့သည်လည်း အိုးဆိုက်ရစ်နှင့် တစ်သားတည်းဖြစ်မည်၊ ထိုတုပလုပ်ဆောင်သော မှော်တန်ခိုးအစွမ်းသတ္တိဖြင့် ထာဝရဘဝကိုရရှိကြမည် ဖြစ်သည်။[၇]

သေခြင်းပြီးနောင် ဘဝသစ်မျှော်လင့်ချက်မှတစ်ဆင့် အိုးဆိုက်ရစ်သည် သဘာဝတရားတွင့် တွေ့ရသော ထပ်တလဲလဲဖြစ်ပျက်မှုများနှင့် စတင်ပတ်သက်ခဲ့ရာ အထူးသဖြင့် သစ်ပင်များ၊ နိုင်းမြစ်၏ နှစ်စဉ်ရေကြီးရေလျှံမှုများတို့ဖြစ်ကြသည်။ နှစ်သစ်အစတွင် အိုရိုင်ယန် ကြယ်စုတန်း နှင့် ဆစ်ရီးယပ်စ်ကြယ်တို့ နေနှင့်အတူ ပေါ်ထွက်လာခြင်း (heliacal rising)များနှင့် အိုးဆိုက်ရစ်၏ပတ်သက်နေမှုမှတစ်ဆင့် နိုင်းမြစ်ရေကြီးခြင်းများဖြစ်သည်။[၅] ရောမအင်ပါယာ၌ ခရစ်ယာန်အယူဝါဒဖြစ်ပေါ်လာခြင်းအတောအတွင်း ရှေးဟောင်းအီဂျစ်ဘာသာဆုတ်ယုတ်လာသည်အထိ အိုးဆိုက်ရစ်ကို ကျယ်ကျယ်ပြန့်ပြန့် ကိုးကွယ်ကြသည်။[၈][၉]

မှတ်စု[ပြင်ဆင်ရန်]

  1. အနီးစပ်ဆုံးအင်္ဂလိပ်အသံထွက်မှာ 'ဖဲရိုး' ဖြစ်သည်။ uk,au /ˈfɛːɹəʊ/, /ˈfɛəɹəʊ/; us /ˈfæɹoʊ/, /ˈfɛɹoʊ/

ကိုးကား[ပြင်ဆင်ရန်]

  1. Egyptian Mythology - Osiris Cult (in ru)။ 2018-10-26 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Wilkinson၊ Richard H. (2003)။ The Complete Gods and Goddesses of Ancient Egypt။ London: Thames & Hudson။ p. 105ISBN 978-0-500-05120-7CS1 maint: ref=harv (link)
  3. Kane Chronicles
  4. Griffiths, John Gwyn (1980). The Origins of Osiris and His Cult. Brill. p. 44
  5. ၅.၀ ၅.၁ The Oxford Guide: Essential Guide to Egyptian Mythology, Edited by Donald B. Redford, pp. 302–307, Berkley, 2003, ISBN 0-425-19096-X
  6. "The Burden of Egypt", J. A. Wilson, p. 302, University of Chicago Press, 4th imp 1963
  7. "Man, Myth and Magic", Osiris, vol. 5, pp. 2087–2088, S.G.F. Brandon, BPC Publishing, 1971.
  8. Catholic Encyclopedia: Theodosius I။ Newadvent.org (1912-07-01)။ 2012-05-01 တွင် ပြန်စစ်ပြီး။
  9. "History of the Later Roman Empire from the Death of Theodosius I. to the Death of Justinian", The Suppression of Paganism – ch22, p. 371, John Bagnell Bury, Courier Dover Publications, 1958, ISBN 0-486-20399-9