ဓူဝံ၊ စာရေးဆရာ

ဝီကီပီးဒီးယား မှ
(ဓူဝံ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
ဓူဝံ
DuWon.jpg
အမည်ရင်း ဦးသန်းတင့်
မွေးဖွား ၁၊ ၇၊ ၁၉ဝ၈
မြေထဲ အောင်လံမြို့
ကွယ်လွန် ၁၉၈၉ ခုနှစ်ဇွန်လ ၁ဝ ရက်
ရန်ကုန်မြို့
ကလောင်အမည် ဓူဝံ၊ လေပွေ၊ နှင်းဆီ၊ ချိန်ခွင်၊ မျက်လုံး၊ ဒေဝေါ
အလုပ်အကိုင် ညွှန်ကြားရေးဝန်၊ သတင်းစာဆရာ၊ စာရေးဆရာ
လူမျိုး ဗမာ
နိုင်ငံသား Flag of Myanmar.svg မြန်မာ
ပညာရေး ဘီအေဘွဲ့
ရရှိသည့်ဆုများ စာပေဗိမာန်ဆု
အိမ်ထောင်ဖက် ဒေါ်လှကြည်
သားသမီး သားသမီးသုံးယောက်
မိဘ ဦးခက် + ဒေါ် မိမိကြီး
ကိုးကွယ်မှု ဗုဒ္ဓဘာသာ

အစ[ပြင်ဆင်ရန်]

ဓူဝံ ကလောင်အမည်ခံ စာရေးဆရာ နှင့် သတင်းစာဆရာကြီး ဦးသန်းတင့်ကို မြေထဲ (အောင်လံ) မြို့ ၌အဖ ဦးခက် ၊ အမိ ဒေါ်မမကြီးတို့က ၁၉ဝ၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် မွေးဖွားသည်၊ မွေးချင်းကိုးယောက်အနက် ဆဌမမြောက်သား ဖြစ်သည်။

ပညာသင်[ပြင်ဆင်ရန်]

တောင်ငူမြို၏ စိန့်လူစ် အထက်တန်းကျောင်း။ မော်လမြိုင်မြို့၏ ရှင်မဟာဘုန်တော်ကြီး ကျောင်းနှင့် အင်းစိန်မြိုအစိုးရအထက်တန်း ကျောင်းတို့တွင် ပညာဆည်းပူးခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့ကို ရရှိခဲ့သည်။

စာပေလောကသို့ဝင်ရောက်[ပြင်ဆင်ရန်]

ဓူဝံသည် ၁၉၃ဝ ပြည့်နှစ်တွင် မြန်မာ့အလင်း သတင်းစာတိုက်၊ နယ်လှည့်သတင်းထောက် အဖြစ်ဆောင်ရွက် ၍သတင်းစာလောကသို့ စတင်ဝင်ရာက်ခဲ့သည်၊ ၁၉၃၁ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာ၊ နယ်လှည့် ဓာတ်ပုံ သတင်းထောက်။ထို၏နောက်တွင် ရန်ကုန်သတင်းထောက်။ ဘာသာပြန် အယ်ဒီတာ။ တာဝန်ခံအယ်ဒီတာနှင့် ထိုမှ တစ်ဆင့် မြန်မာ့အလင်းသတင်းစာအယ်ဒီတာချုပ်အဖြစ် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလအထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။၁၉၃၃ ခုနှစ်မှစှု ဓူဝံကလောင်အမည်ခံယူကာ ဒဂုန်မဂ္ဂဇင်းတွင် စာစတင်သားခဲ့သည်။

အစိုးရအလုပ်အကိုင်[ပြင်ဆင်ရန်]

ဓူဝံသည် ပြန်ကြားရေးဌာန-နယ်လှည့် လူမှုဆက်ဆံရေးအရာရှိ၊ ရုပ်ရှင်နှင့်ပြဇာတ်ဌာန-ဒုတိယညွှန်ကြား ရေးဝန်၊ ညွှန်ကြားရေးဝန် လုပ်ခဲ့ရာမှ နုတ်ထွက်ခဲ့ပြီးသတင်းစာဆရာ စာရေးဆရာဘဝတွင်ကျင်လည်ခဲ့သည်။

စာရေးဆရာဘဝ[ပြင်ဆင်ရန်]

၁၉၄၆ ခုနှစ်တွင် တာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက် ၍ အေရှတိုင်းမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်၊ ၁၉၅၆ ခုနှစ်တွင် ပြည်ထောင်စုသတင်းစာတိုက်ကို တည်ထောင်ပြီး အယ်ဒီတာ ချုပ်တာဝန်ကို ယူခဲ့သည်။ ပြည်ထောင်စု သတင်းစာတွင် ဓူဝ ကလောင်အမည်ဖြင့် အခန်းဆက် ဆောင်းပါးများ ရေးသားရ၌ တစ်ရှိန်ထိုး နာမည်ကြီးလာခဲ့သည်၊ ဓူဝံသည် ၁၉၅၇ ခုနှစ်တွင် ဂွမ်းပုံ ဝတ္ထုရှည့်ဖြင့် စာပေဗိမာန်ဆုရရှိခဲ့သည်၊ သည့်နောက်ပိုင်းတွင် စာရေးကျဲ လာခဲ့သော်လည်း ၁၉၈၁ ခုနှစ်ခန်၏မှအစပြု၍ ငွေတာရီ၊ မြဝတီ၊ သွေးသောက်၊ စစ်ပြန်၊ ပေဖူးလွှာ မဃဇင်းများနှင့် စံပယ်ဦး စာစောင်များတွင်ဝတ္ထုတိုများနှင့် ဆောင်းပါးများစွာကို ကွယ်လွန် ချိန်မ တိုင်မီအထိ အဆက်မပြတ် ရေးသားလာခဲ့သည်၊ ၁၉၈၉ ခုနှစ် ဇူလိုင်လထုတ် စစ်ပြန်မဂ္ဂဇင်းတွင်ပါရှိသော ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဆောင်းပါးမှာ ဓူဝံ ၏နောက်ဆုံးလက်ရာ ဖြစ်သည်၊

ထင်ရှားသော စာအုပ်အချို့[ပြင်ဆင်ရန်]

  1. ဂွမ်းပုံ(စာပေဗိမာန်ဆုရ)
  2. မာလာ၂-တွဲ(ရာဇဝင်နောက်ခံဝတ္ထုကြီး)
  3. ပြဒါးရှင်
  4. ကိုးသင်္ချိုင်းသံဓား
  5. မိုက်ခဲထွန်းရွှေ
  6. မိုက်ခဲထွန်းရွှေပြန်လာပြီ
  7. ဇော်ဝင်း
  8. နယ်လီဝင်း
  9. ခင်နှင်းဖြူ
  10. ချစ်သူ့ကျိန်စာ
  11. တစ်ကိုယ်တော်
  12. လူသစ်ကျမ်း
  13. ပန်းနာကျမ်း

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဓူဝံကလောင်အမည်ဖြင့် စာပေနှင့် သတင်းစာလောကတွင် ထင်ရှားခဲ့သော စာရေးဆရာ သတင်းစာဆရာ ကြီးဦးသန်းတင့် သည် ၁၉၈၉ ခုနှစ်ဇွန်လ ၁ဝ ရက်နေ၏တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ဇနီး ဒေါ်လှကြည် သည် ၁၉၆၈ ခုနှစ်ကတည်းက ကွယ်လွန်ခဲ့သည်ဖြစ်ရာ ကွယ်လွန်ချိန်တွင် သားသမီးသုံးယောက် ကျန်ရစ်သည်၊


ကိုးကား[ပြင်ဆင်ရန်]

  • စွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၀)