ဒေးဗစ် အက်တန်ဘရော့ချ်

ဝီကီပီးဒီးယား မှ
(ဒေးဗစ် အက်တန်ဗော့ မှ ပြန်ညွှန်းထားသည်)

 

ဆာ
ဒေးဗစ် အက်တန်ဘရော့ချ်
OM GCMG CH CVO CBE FRS FSA FRSA FLS FZS FRSGS FRSB 
၂၀၁၅ မတ်လတွင် ဝပ်စတန် စာကြည့်တိုက် ဖွင့်ပွဲ၌တွေ့ရသော အက်တန်ဘရော့ချ်
ဇာတိ အမည်David Attenborough
မွေးဖွားဒေးဗစ် ဖရက်ဒရစ် အက်တန်ဘရော့ချ်
(အင်္ဂလိပ်: David Frederick Attenborough)

(1926-05-08) ၈ မေ၊ ၁၉၂၆ (အသက် ၉၇)
အစ္စလီဝေါ့တ်မစ်ဒယ်ဆာ့ခ်အင်္ဂလန်
မိခင်ကျောင်းကိန်းဘရစ်ချ် တက္ကသိုလ် (ဝိဇ္ဇာဘွဲ့)၊ လန်ဒန် စီးပွားရေးပညာကျောင်း
အလုပ်အကိုင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၅၁ – ယနေ့ထိ
ဘွဲ့ဘီဘီစီ-၂ ၏ ကြီးကြပ်ရေးမှူး (၁၉၆၅–၁၉၆၉)
တော်ဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ (၁၉၉၁-၁၉၉၆)
သားသမီး၂ ဦး
မိဘ(များ)
ဆွေမျိုးသားချင်း
ရရှိသည့်ဆုများ
လက်မှတ်

ဆာ ဒေးဗစ် ဖရက်ဒရစ် အက်တန်ဘရော့ချ် (အင်္ဂလိပ်: Sir David Frederick Attenborough) (/ˈætənbərə/၊၊ ၁၉၂၆ ခု မေ ၈ ရက်နေ့ ဖွား) ဆိုသူမှာ အင်္ဂလိပ်လူမျိုး ရုပ်/သံ တင်ဆက်သူ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သမိုင်းပညာရှင် တစ်ယောက် ဖြစ်သည်။ ဘီဘီစီ သဘာဝပတ်ဝန်းကျင်သမိုင်းဌာန နှင့်ပူးပေါင်း ရိုက်ကူးတင်ဆက်ခဲ့သည့် ကမ္ဘာပေါ်ရှိ တိရစ္ဆာန် နှင့် အပင်တို့၏ စစ်တမ်းများ အပြည့်အစုံဖြင့် စုစည်းထားသည့် “သက်ရှိ များအကြောင်း မှတ်တမ်းတင် ဇာတ်လမ်းတွဲ (၉)ခု” ဖြင့် သူ့အား လူသိများလေသည်။

သူသည် ဘီဘီစီ၏ အကြီးတန်း မန်နေဂျာဟောင်း တစ်ဦး ဖြစ်ပြီး၊ ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်များတွင် ဘီဘီစီ-၂ ၏ ကြီးကြပ်ရေးမှူး နှင့် ဘီဘီစီရုပ်မြင်သံကြား အစီအစဉ် ညွှန်ကြားရေးမှူး တို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏ မှတ်တမ်းရုပ်ရှင်များသည် ဆယ်စုနှစ် ၈ခုမျှကြာမြင့်ခဲ့ပြီး ၎င်းတို့မှာ Zoo QuestPlanet Earth franchiseNatural WorldThe Blue Planet နှင့် ၎င်း၏နောက်ဆက်တွဲ တို့ပါဝင်သည်။

သူသည် ရုပ်မြင်သံကြား၏ အဖြူအမည်းခေတ်၊ ဆေးရောင်စုံခေတ်၊ အကြည်(HD)ခေတ်၊ သရီးဒီ(3D)ခေတ် နှင့် ဖိုးကေ(4K)ခေတ်အားလုံးကို မှီသည့်၊ ခေတ်အဆက်ဆက် ရုပ်/သံအစီအစဉ်များအတွက် ဗြိတိသျှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား အနုပညာအကယ်ဒမီကျောင်းမှပေးအပ်သော BAFTAs ဆုကို ဆွတ်ခူးနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

အက်တန်ဘရော့ချ်၏ အစောပိုင်းအလုပ်သည် သဘာဝလောက၏ ရင်သပ်ရှု့မောဖွယ် အရာများကို ပိုမိုအလေးထားခဲ့သော်လည်း နှောင်းပိုင်းကာလ အလုပ်တွင် သဘာဝပတ်ဝန်းကျင်အား အကျိုးပြုစေသော အကြောင်းအရာများကို ပို၍ ပြောဆိုလာခဲ့သည်။ သူသည် ဂြိုဟ်ကမ္ဘာ တစ်ခုလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူဦးရေတိုးပွားမှု ထိန်းချုပ်ရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ အသားစားသုံးမှု လျှော့ချရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရမည့် နယ်မြေဧရိယာများ ပိုမိုသတ်မှတ်ပေးရေး စတဲ့ ကိစ္စရပ်များကို ထောက်ခံခဲ့လေသည်။ သူသည် လူဦးရေ အဆမတန် များပြားနေမှုအပေါ် အငြင်းပွားဖွယ် အမြင်များ ထုတ်ဖော်ပြောဆိုခဲ့သောကြောင့် ဝေဖန်ခံခဲ့ရသည်။[၂] ၎င်း၏ ၂၀၂၀ ခုနှစ်မှတ်တမ်းရုပ်ရှင် ဖြစ်သော ဒေးဗစ် အက်တန်ဘရော့ချ်: ကျွန်ုပ်တို့ရဲ့ဂြိုဟ်ကမ္ဘာပေါ်မှ သက်ရှိတစ်ခု ရုပ်ရှင်သည် သူ့ဘ၀နှင့် အနာဂတ်ရပ်တည်မှု ကိုယ်ပိုင်သက်သေခံချက်အဖြစ် တွေးမြင်ထားလေသည်။

သူ၏ ရုပ်/သံလွှင့်ခြင်းနှင့် သဘာဝကိုနှစ်သက်ခြင်းတို့ကြောင့် အန်ပီအာ(NPR)က သူသည် "ကမ္ဘာတစ်ဝန်းသို့ လှည့်လည်ခဲ့သူ၊ ဇာတ်လမ်းနောက်ခံစကားပြောရာ၌ သူ့ရဲ့ကိုယ်ပိုင်ဟန်ဖြစ်တဲ့ တပိုင်းတစ တီးတိုးပြောဆိုမှုနည်းလမ်းသုံးပြီး သူရဲ့ ရှာဖွေတွေ့ရှိမှုတွေ နဲ့ စိတ်အားထက်သန်မှုတွေကို မျှဝေပေးခဲ့သူ" ဟူ၍ ထုတ်ပြန်ခဲ့လေသည်။[၃] ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့၌ အက်တန်ဘရော့ချ်သည် ဇာတ်လမ်းနောက်ခံစကားပြော ထူးချွန်မှုအတွက် ‘ပရိုင်းတိုင်းမ်အမ္မီ ဆု’ကို ဆွတ်ခူးခဲ့သည်။[၄][၅] ယူကေ၌ လူအတော်များများမှ သူ့အား နိုင်ငံ့အဖိုးတန်ရတနာအဖြစ် သတ်မှတ်ထားကြသော်လည်း[၆][၇][၈] သူ့အနေဖြင့် ထိုကဲ့သို့ သုံးနှုန်းခံရသည်ကို မနှစ်သက်ပေ။ သူသည် နောင်တွင် ဒါရိုက်တာ၊ ထုတ်လုပ်သူ နှင့် သရုပ်ဆောင် ဖြစ်လာခဲ့သူ ရစ်ချတ် အက်တန်ဘရော့ချ်[၉]၏ ညီဖြစ်ပြီး၊ မော်တော်ယာဉ် အလုပ်အမှုဆောင် နောင်တွင် ဖြစ်လာခဲ့သူ ဂျွန် အက်တန်ဘရော့ချ်၏ အစ်ကိုလည်း ဖြစ်သည်။

ရရှိခဲ့သော ဂုဏ်ထူးဆောင် ဘွဲ့များ/တံဆိပ်များနှင့် ဆုတံဆိပ်များ[ပြင်ဆင်ရန်]

Year Award Refs.
၁၉၇၂ တော်ဝင်ပထဝီဝင်အဖွဲ့အစည်း၏ ချယ်ရီကီရာတွန် ချီးမြှင့်တံဆိပ်နှင့် ဆု [၁၀]
၁၉၇၄ Appointed Commander of the Order of the British Empire (CBE) for services to nature conservation in the 1974 Birthday Honours
၁၉၈၀ BAFTA Fellowship
၁၉၈၁ Kalinga Prize for the Popularization of Science from UNESCO [၁၁]
၁၉၈၃ Elected a Fellow of the Royal Society (FRS) [၁၂]
၁၉၈၅ Knight Bachelor in the 1985 Birthday Honours
၁၉၉၁ Commander of the Royal Victorian Order (CVO) for producing Queen Elizabeth II's Christmas broadcast for a number of years from 1986 in the 1991 Birthday Honours
၁၉၉၁ Foreign Honorary Member of the American Academy of Arts and Sciences [၁၃]
၁၉၉၆ Kew International Medal [၁]
၁၉၉၆ Companion of Honour (CH) for services to nature broadcasting in the 1996 New Year Honours
၁၉၉၈ International Cosmos Prize [၁၄]
၂၀၀၀ RSPB Medal [၁၅]
၂၀၀၃ Michael Faraday Prize awarded by the Royal Society [၁၆]
၂၀၀၄ Descartes Prize for Outstanding Science Communication Actions [၁၇]
၂၀၀၄ Caird Medal of the National Maritime Museum [၁၈]
၂၀၀၄ José Vasconcelos World Award of Education awarded by the World Cultural Council [၁၉]
၂၀၀၅ Order of Merit (OM)
၂၀၀၅ Nierenberg Prize for Science in the Public Interest [၂၀]
၂၀၀၆ National Television Awards Special Recognition Award [၂၁]
၂၀၀၆ Institute of Ecology and Environmental Management [၂၂]
၂၀၀၆ The Culture Show British Icon Award [၂၃]
၂၀၀၇ British Naturalists' Association Peter Scott Memorial Award [၂၄]
၂၀၀၇ Fellowship of Society of Antiquaries [၂၅]
၂၀၀၈ The Royal Photographic Society Progress medal and Honorary Fellowship [၂၆]
၂၀၀၉ Prince of Asturias Award [၂၇]
၂၀၁၀ Fonseca Prize [၂၈]
၂၀၁၀ Queensland Museum Medal [၂၉]
၂၀၁၁ Society for the History of Natural History Founders' Medal [၃၀]
၂၀၁၁ Association for International Broadcasting International TV Personality of the year [၃၁]
၂၀၁၂ IUCN Phillips Memorial Medal for outstanding service in international conservation [၃၂]
၂၀၁၅ Individual Peabody Award [၃၃]
၂၀၁၇ Britain-Australia Society Award for outstanding contribution to strengthening British/Australian bilateral understanding and relations [၃၄]
၂၀၁၇ Honorary Member of the Moscow Society of Naturalists [၃၅]
၂၀၁၇ Gold Medal of the Royal Canadian Geographical Society [၃၆]
၂၀၁၈ Primetime Emmy Award for Outstanding Narrator [၄]
၂၀၁၈ The Perfect World Foundation Award [၃၇]
၂၀၁၉ Primetime Emmy Award for Outstanding Narrator [၅]
၂၀၁၉ Landscape Institute Medal for Lifetime Achievement [၃၈]
၂၀၁၉ Landscape Institute Honorary Fellow (HonFLI) [၃၈]
၂၀၁၉ Crystal Award at the World Economic Forum in Davos, Switzerland [၃၉][၄၀]
၂၀၁၉ Indira Gandhi Peace Prize [၄၁]
၂၀၂၀ Knight Grand Cross of the Order of St Michael and St George (GCMG) in the 2020 Birthday Honours for services to television broadcasting and to conservation. [၄၂]

ထုတ်လွှင့်တင်ဆက်ခဲ့သည့် ရိုက်ကူးခဲ့သော မှတ်တမ်းရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ[ပြင်ဆင်ရန်]

  1. ဂိုင်ယာနာသို့ ရှာပုံတော်ဖွင့်ခြင်း (၁၉၅၆)
  2. (ကိုမိုဒို)နဂါး ရှာပုံတော်ဖွင့်ခြင်း (၁၉၅၇)
  3. ပါရာဂွေးသို့ ရှာပုံတော်ခြင်း (၁၉၅၉)
  4. သုခဘုံသို့ ရှာပုံတော်ဖွင့်ခြင်း (၁၉၆၀)
  5. သုခဘုံမှ လူများ (၁၉၆၀)
  6. မက်ဒါဂတ်စဂါသို့ ရှာပုံတော်ဖွင့်ခြင်း (၁၉၆၁)
  7. ကပ္ပရီကွန်း၏ အောက်၌ ရှာပုံတော်ဖွင့်ခြင်း (၁၉၆၃)
  8. ဖြူစင်ရိုးသားသော တိရစ္ဆာန်များ (၁၉၇၅)
  9. မျိုးနွယ်စုဆန်သည့် မျက်ဝန်းတစုံ (၁၉၇၆)
  10. ဂြိုဟ်ကမ္ဘာပေါ်မှ အသက်ဝိဉာဉ်(ဇာတ်လမ်းတွဲ) (၁၉၇၉)
  11. ဂြိုဟ်ကမ္ဘာပေါ်တွင် သက်ရှိများ စူးစမ်းရှာဖွေခြင်း (၁၉၈၁)
  12. အသက်ရှိသော ဂြိုဟ်ကမ္ဘာ (၁၉၈၄)
  13. ပထမဆုံးသော ဧဒင်ဥယျာဉ်: မက်ဒီတာရေးနီးယမ်းကမ္ဘာ နှင့် ပုရိသ ကျွန်တော် (၁၉၈၇)
  14. ဂြိုဟ်ကမ္ဘာပေါ်မှ သက်ရှိစစ်တမ်း (၁၉၈၉)
  15. သက်ရှိများ၏ ရုန်းကန်ရမှုများ (၁၉၉၀)
  16. အပင်များ၏ သီးသန့်ဘဝ (၁၉၉၄)
  17. ငှက်များ၏ ဘဝ (၁၉၉၈)
  18. နို့တိုက်ရသော သက်ရှိများ၏ ဘဝ (၂၀၀၂)
  19. Life on Air: Memoirs of a Broadcaster (2002) – autobiography, revised in 2009
  20. မြေအောက်ကမ္ဘာ၌ နေထိုင်သူများ (၂၀၀၅)
  21. Amazing Rare Things: The Art of Natural History in the Age of Discovery (2007) – with Susan Owens, Martin Clayton and Rea Alexandratos
  22. သွေးအေးသတ္တဝါများ၏ ဘဝ (၂၀၀၇)
  23. ဒေးဗစ် အက်တန်ဗော့၏ သက်ရှိတိရစ္ဆာန်များ၏ ဘဝဇာတ်ကြောင်းများ (၂၀၀၉)
  24. ဒေးဗစ်အက်တန်ဗော့၏ မွေးကင်းစ သက်ရှိများ ဘဝ (၂၀၁၁)
  25. သုခဘုံဖျားဆီမှ အာရုံဦး: ထူးခြားဆန်းကျယ်သော ‘သုခဘုံ ငှက်များ(အင်္ဂလိပ်: Birds of Paradise)’ ၏ သဘာဝသမိုင်း၊ အနုပညာဆန်မှု နှင့် ၎င်းတို့အား စူးစမ်းရှာဖွေခြင်း (en:Errolဖူလာ ပါဝင်သည်) (၂၀၁၂)
  26. သဘာဝသမိုင်းလေ့လာသည့် ကောင်လေး၏ စွန့်စားခန်းများ: ရှာပုံတော်ဖွင့်ခဲ့သော ခရီးစဉ်များအကြောင်း (၂၀၁၇)
  27. Journeys to the Other Side of the World: Further Adventures of a Young Naturalist (၂၀၁၈)
  28. မင်းဆက် အဆက်ဆက်။ ပေါ်ထွန်းလာခြင်း နှင့် ကျရှုံးသွားမှုများ(သက်ရှိ တိရစ္ဆာန် မိသားစုများ) စတပ်ဖန် မော့စ် ပါဝင်သည်။ (၂၀၁၈)
  29. A Life on Our Planet|My Witness Statement and a Vision for the Future (၂၀၂၀)

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Ethiopia's Prof. Sebsebe Demissew awarded prestigious Kew International Medal။ 17 May 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2021 တွင် ပြန်စစ်ပြီး။
  2. Manavis၊ Sarah (3 November 2020)။ David Attenborough's claim that humans have overrun the planet is his most popular comment
  3. "Attenborough's Journey' Salutes The Broadcaster With A Passion For Nature"။ 
  4. ၄.၀ ၄.၁ Nominees/Winners
  5. ၅.၀ ၅.၁ Nominees/Winners | Television Academy
  6. Short Sharp Science: Eye-burrowing worms, national treasures... and creationism။ 3 March 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2021 တွင် ပြန်စစ်ပြီး။
  7. "Sir David Attenborough: 'Man was given permission to exploit the natural world by the Bible'"။ 
  8. "Margaret Thatcher, Richard Branson and Judi Dench picked as National Treasures"။ 
  9. Richard Attenborough's official website: Biography
  10. Medals and AwardsRoyal Geographical Society။ 2 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2021 တွင် ပြန်စစ်ပြီး။
  11. UNESCO Kalinga Prize for the Popularization of Science။ UNESCO။
  12. Sir David Attenborough OM CH CVO CBE FRS Statute 12Royal Society
  13. Book of Members, 1780–2010: Chapter A။ American Academy of Arts and Sciences။
  14. "Conservation and biodiversity research wins international prize for British scientist"။ 
  15. Gifted naturalist is awarded prestigious RSPB medalRSPB
  16. Research - RTD info -N° 44 - February 2005 - European science – from Nobel to Descartes
  17. "Descartes' Europe: one good revolution deserves another" . 
  18. Cook's Log v27 no. 4။ 30 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2021 တွင် ပြန်စစ်ပြီး။
  19. World Cultural Council / Winners - Education - Sir David Attenborough။ 29 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2021 တွင် ပြန်စစ်ပြီး။
  20. Nierenberg Prize for Science in the Public Interest
  21. Winners | National Television Awards
  22. Welcome to IEEM။ IEEM။ 5 November 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2021 တွင် ပြန်စစ်ပြီး။
  23. BBC - Culture Show - Living Icons။ BBC။
  24. Peter Scott award – British Naturalists' Association
  25. About the Fellowship - Society of Antiquaries of London။ 18 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2021 တွင် ပြန်စစ်ပြီး။
  26. Progress Medal
  27. Prince of Asturias Awards 2009။ 26 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2021 တွင် ပြန်စစ်ပြီး။
  28. Fonseca Prize 2010 - ConCiencia Programme - USC။ 6 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2021 တွင် ပြန်စစ်ပြီး။
  29. Sir David Attenborough honoured by Qld Museum။ Queensland Government။ 30 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2021 တွင် ပြန်စစ်ပြီး။
  30. Sir David Attenborough OM CH FRS is awarded the SHNH - Society for the History of Natural History Founders' Medal. - Society for the History of Natural History
  31. AIB announces Winners of 2011 AIBs International Media Awards | AIB
  32. Sir David Attenborough: IUCN award။ Xperedon Charity News။ 10 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2021 တွင် ပြန်စစ်ပြီး။
  33. Naturalist Sir David Attenborough Awarded Individual Peabody
  34. BritainAustralia Society Award 2017။ Britain-Australia Society။
  35. Moscow Society of Naturalists official site
  36. Gold Medal-Award Recipients since its inception in 1972။ RCGS။ 6 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2021 တွင် ပြန်စစ်ပြီး။
  37. The Perfect World Award။ 22 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2021 တွင် ပြန်စစ်ပြီး။
  38. ၃၈.၀ ၃၈.၁ "LI to honour Sir David Attenborough with the Landscape Institute Medal"။ 
  39. Davos 2019: Meet the Crystal Award winners
  40. David Attenborough: 'The Garden of Eden is no more'. Read his Davos speech in full
  41. "British broadcaster Sir David Attenborough awarded Indira Gandhi Peace Prize at online event"။ 
  42. "Attenborough gets a second knighthood"။