ဆွေးနွေးချက်:ဒေးဗစ် အက်တန်ဘရော့ချ်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

"အက်တန်ဗော့" က content translation က ထုတ်ပေးရင် ပြောင်းသင့်ပါတယ်။ ယနေ့ခေတ် ပုံမှန် အင်္ဂလိပ်က "v" ကို "ဗ" , "b" ကို "ဘ" ယူကြလေ့ရှိပြီး (ရှေးကတော့ ဖလှယ်ချင်သလို ဖလှယ်ကြတယ်၊ စနစ်သိပ်မကျ။) æ က မြန်မာစကား "အယ်" နဲ့ "အာ" ကြားကအသံ၊ ကျွန်တော်တော့ စကားလုံးပေါ်မူတည်ပြီး ယူပါတယ်။ အက်တန်ဘရာ, အာတန်ဘရာ၊ အဲတန်ဘရာ ဆိုရင်တော့ သူ့အသံထွက်နဲ့ အတော်နီးမှာပါ။​ Aungookingofcelestials (ဆွေးနွေး) ၀၃:၁၄၊ ၁၂ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

@Aungookingofcelestials၊ Earing နဲ့ ယူထားတာပါ။ YouTube မှာရော တခြား source တော်တော်များများမှာပါ သူအမည်ကို ခေါ်ရင် ကြားရလေ့ရှိတဲ့ အနီးစပ်ဆုံး အသံထွက်မလို့ပါ။ အဆင်မပြေရင်လည်း ဝိုင်းတိုင်ပင်ပြီး ပြောင်းလိုက်လို့ ရပါတယ်ဗျ။ Pho Sai (ဆွေးနွေး) ၀၃:၅၄၊ ၁၂ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
အပေါ်က phonetics ကို optional သဘော ရေးပြတာပါ၊ ကျွန်တော် ကြိုက်တဲ့အစီအစဉ်တွေထဲက 60 min program က Sir David Attenborough: The 60 minutes Interview နဲ့ David Atten Borough:A Life On Our Planet (ကိုယ်တိုင်တင်ဆက်) မှာ တော့ (နီးစပ်) "အက်တန်ဘရာ/ဘရိုး" ထွက်မှုပြတာပါ၊ စကားမစပ် ဒီလို ရှေးကျတဲ့ မင်းသား/မင်းသမီး ရေးတာ ကျေးဇူးတင်ပါတယ်၊ သူတို့တွေက ဒီမှာ ခွင်ပျောက်နေတယ်။ Aungookingofcelestials (ဆွေးနွေး) ၀၄:၁၉၊ ၁၂ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
@Aungookingofcelestials ကျွန်တော်က သူ့ Fan ပါ၊ အဲ့ဒါကြောင့် ဘာသာပြန်ဖြစ်သွားတာပါ။ အစက မူရင်း အကြောင်းအရာ အားလုံးကို ပြန်မလို့ပါပဲ ဒါပေမယ့် တချို့အပိုင်းတွေကြတော့ မြန်မာတွေအတွက် သိပ်စိတ်ဝင်စားစရာလည်းမကောင်းသလို အကြောင်းအရာအများစုက ဗြိတိသျှအသုံးအနှုန်းစစ်စစ်တွေနဲ့မို့လို့ ဘာသာပြန်ရတာ အရမ်းကြီးခက်မနေပေမယ့် တော်ဝင်ဆန်လွန်းတော့ ဆီလျော်ရတာ ခက်ခဲတာကြောင့်ရောပါ။ ဘာသာပြန်ထားတာတွေထဲ လမ်းကြုံဝင်မိရင် ဝေဖန်ပေးပါဗျ။ Pho Sai (ဆွေးနွေး) ၁၇:၂၁၊ ၁၂ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]