ဒေးဗစ် ဝုဒါ့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဒေးဗစ် ဝုဒါ့
David Woodard (Seattle, 2013).jpg
မွေးဖွားDavid Woodard
(1964-04-06)ဧပြီ ၆၊ ၁၉၆၄
စန်တာဘာဘရာ၊ ကယ်လီဖိုးနီးယားပြည်နယ်
နိုင်ငံလူမျိုးအမေရိကန်
မိခင်ကျောင်းတက္ကသိုလ်အသစ်နှင့်
ဆန်တာဘာဘရာရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်တိ
အလုပ်အကိုင်ဂီတဒါရိုက်တာ၊ စာရေးဆရာ
အိမ်ထောင်ဖက်(များ)Sonja Vectomov

ဒေးဗစ် ဝုဒါ့ (ဧပြီ ၆၊ ၁၉၆၄ မွေးဖွား) သည် အမေရိကန်လူမျိုး စာရေးဆရာနှင့် တီးဝိုင်းဦးဆောင်သူ ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် သူသည် လက်ဦးမှုရယူခြင်း (preemptive) နှင့် နာရေးဆုတောင်းသီဆိုပွဲ (requiem) ဆိုသည့် စာလုံးနှစ်လုံးကို ပေါင်းစပ်ထားသည့် prequiem ဆိုသည့် စကားလုံးကို တီထွင်ကာ တစ်စုံတစ်ယောက် ကွယ်လွန်ချိန်နှင့် မကွယ်လွန်မီ အချိန်လေးတွင် ဗုဒ္ဓဘာသာထုံးတမ်းအရ ဖွင့်ပြရန် သူ၏တေးဂီတ ရေးစပ်သီကုံးမှုကို ခေါ်ဝေါ်ခဲ့ပါသည်။[၁][၂]

ဝုဒါ့က တီးဝိုင်းဦးဆောင်သူ သို့မဟုတ် တေးဂီတညွှန်ကြားသူအဖြစ် ဆောင်ရွက်သည့် လော့စ်အိန်ဂျလိစ် လော့စ်အိန်ဂျလိစ် အောက်မေ့ဖွယ် ဝတ်ပြုပွဲ များတွင် ၂၀၀၁ ခုနှစ် အများပြည်သူနှင့်ဆိုင်သော အခမ်းအနားလည်း ပါဝင်ပါသည်။ ကံဆိုးစွာ ကွယ်လွန်ခဲ့သော လီယွန် ပရာပေါ့ နှင့် ဒဏ်ရာရနေသော သူ့ဇနီး လော်လာတို့ကို ဂုဏ်ပြုသည့်အနေနှင့် ထိုအခမ်းအနားကို ယခုအခါ လုပ်ငန်း ကွယ်ပျောက်သွားပြီ ဖြစ်သော အိန်ဂျယ်လ်ဖလိုက် အမြင့်တက် ရထားလမ်းတွင် ကျင်းပခဲ့ပါသည်။[၃][၄]:စာ ၁၂၅ သူသည် တောတွင်းသတ္တဝါများ အတွက် နာရေး ဆုတောင်းသီဆိုပွဲများကို ဦးဆောင်ခဲ့ပြီး ထိုအထဲတွင် ကယ်လီဖိုးနီးယားမှ အညိုရောင်ငှက်ကြီးဝန်ပို တစ်ကောင် အတွက်လည်း ပါဝင်ကာ ထိုငှက်ကြီးသေဆုံးခဲ့သော ကမ်းခြေ သောင်ခုံပေါ်တွင် ကျင်းပခဲ့ပါသည်။[၅]

ဝုဒါ့သည် ကမ္ဘာတစ်ဝန်းမှ အနုပညာပြတိုက်များတွင် ပြသထားသည့် စိတ်ကို အတော်အတန် လှုံ့ဆော်နိုင်သော မီးအိမ်ဖြစ်သည့် အိပ်မက်စက်၏ ပုံတူစက်များကြောင့် လူသိများသည်။ ဂျာမနီနှင့် နီပေါနိုင်ငံတို့တွင် ဒါဖရန်း စာပေဂျာနယ်၌ လူသိထင်ရှား စာပေးများရေးသားခဲ့ပြီး သတ္တဝါများ၏ကူးပြောင်းမှု ကံအကြောင်း၊ အပင် အသိစိတ်နှင့် ‎ပါရာဂွေးလူမျိုးတို့ နေထိုင်သည့် နွီဗာ ဂျာမေးနီးယားဒေသ စသည်တို့အကြောင်း ပါဝင်ပါသည်။[၆]

ပညာအရည်အချင်း[ပြင်ဆင်ရန်]

ဝုဒါ့သည် လူမှုရေး သုတေသနဆိုင်ရာ တက္ကသိုလ်အသစ်နှင့် ဆန်တာဘာဘရာရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်တို့တွင် ပညာ သင်ကြားခဲ့ပါသည်။[၇]

နွီဗာ ဂျာမေးနီးယားဒေသ[ပြင်ဆင်ရန်]

၂၀၀၃ ခုနှစ်တွင် ဝုဒါ့သည် (လော့စ်အိန်ဂျလိစ် စီရင်စုဖြစ်သည့်) ဂျူနီပါဟေးလ်တွင် ကောင်စီအဖွဲ့ဝင်အဖြစ် တင်မြှောက်ခံရသည်။ ထိုရာထူးတွင် ရှိနေစဉ် ပါရာဂွေးနိုင်ငံ၊ နွီဗာ ဂျာမေးနီးယားနှင့် ညီအစ်မမြို့တော် ဆက်ဆံရေးကို သူက အဆိုပြုခဲ့သည်။ သူ့အစီ အစဉ်ကို ရှေ့ဆက်ဆောင်ရွက်ရန်အတွက် ဝုဒ့်သည် ယခင်က သက်သတ်လွတ်စားသူ / အမျိုးသမီးဝါဒစွဲကိုင်သူတို့၏ စိတ်ကူးယဉ် ဆန်သော ထိုနေရာသို့ ခရီးသွားပြီး ၎င်း၏ မြူနီစီပယ် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ကနဦး သွားရောက်လည်ပတ် ပြီးနောက် ထိုဆက်ဆံရေးမျိုး မတည်ဆောက်တော့ရန် သူဆုံးဖြတ်ခဲ့သော်လည်း နောက်ပိုင်း စာရေးသားမှုများအတွက် လေ့လာမှု ကိစ္စတစ်ရပ်ကို ထိုအသိုင်းအဝိုင်းတွင် သူတွေ့ရှိခဲ့သည်။ သူအထူး စိတ်ဝင်စားသည်မှာ မှန်းဆစီစဉ်သူ ရစ်ချဒ်ဝဂ်နာနှင့် အဲလိဇဘတ် ဖော်စတာ-နစ်ရှေ တို့၏ လူသားကူးပြောင်းမှု မူလအစဝါဒ စိတ်ကူးများဖြစ်သည်။ အဲလိဇဘတ် ဖော်စတာ-နစ်ရှေ သည် သူမ၏ခင်ပွန်း ဘားနဒ် ဖော်စတာနှင့်အတူ အဆိုပါ ကိုလိုနီဒေသကို ထူထောင်ပြီး ထိုနေရာတွင် ၁၈၈၆ ခုနှစ်မှ ၁၈၈၉ ခုနှစ်အတွင်း နေထိုင်ခဲ့ပါသည်။[၇]

၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ဝုဒါ့သည် နွီဗာ ဂျာမေးနီးယားသို့ အကြိမ်ပေါင်းများစွာ ဦးဆောင်ကာ စွန့်စားသွားလာခဲ့ပြီး အမေရိကန် ဒုတိယသမ္မတ ဒစ်ချေနီထံမှ ကူညီပံ့ပိုးမှုများ ရရှိခဲ့သည်။[၈] ၂၀၁၁ ခုနှစ်တွင် ဝုဒါ့သည် သူတို့၏ အတန်ငယ် များပြားသော ပုဂ္ဂိုလ်ရေး စာဖြင့်ဆက်သွယ်မှုများကို ထုတ်ဝေရန် ဆွစ်လူမျိုး ဝတ္ထုရေးသူ ခရစ်ရှန် ကရန့်အား ခွင့်ပြုချက် ပေးခဲ့သည်။ ထိုအကြောင်းအရာများမှာ နွီဗာ ဂျာမေးနီးယားနှင့်[၉]:စာ ၁၁၃-၁၃၈ သက်ဆိုင်ပြီး ဟန်နိုဗာ တက္ကသိုလ် လက်အောက်ခံ ဝါဟန် ဗားလက်ထံမှ နှစ်တွဲ ပုံနှိပ်ခဲ့သည်။[၁၀]:စာ ၁၈၀-၁၈၉ နောက်ပိုင်း ဆက်သွယ်မှုများအနက် ဖရန့်ဖာတာ အယ်လ်ဂျီမိန်း ဇွီတွန်က “[ဝုဒါ့နှင့် ကရန့်] တို့သည် ဘဝနှင့် အနုပညာအကြား နယ်နိမိတ်ကို ရှင်းလင်းကွဲပြားသွားစေကြောင်း”[၁၁] ဆိုပါသည်။ ဒါ စပီးဂျဲက ပထမစာအုပ် ဖြစ်သည့် Five Years[၁၂] အတွဲ ၁ သည် ကရန့်၏ နောက်ပိုင်း ရေးသားသော ဝတ္ထုရှည် Imperium အတွက် “စိတ်ဝိညာဉ်ဆိုင်ရာ ပြင်ဆင်သော အရေးအသား” ဟု မှတ်ချက်ပြုခဲ့ပါသည်။[၁၃]

အန်ဒရူးမက်ကန်၏ အဆိုအရ “မူလနေထိုင်သူများ၏ မျိုးဆက်များက အလွန် မပြည့်စုံသည့် အခြေအနေများ [အောက်တွင်] နေထိုင်ခဲ့သည့် နေရာအကြွင်းအကျန်သို့ ကရန့်သည် ဝုဒါ့နှင့်အတူ ခရီးသွားခဲ့သည်။ စာအဆက်အသွယ်များအရ သိရသည်မှာ ထိုအသိုင်းအဝိုင်း၏ ယဉ်ကျေးမှု အနေအထား တိုးတက်စေရန်နှင့် တစ်ချိန်က အဲလိဇဘတ် ဖော်စတာ-နစ်ရှေ မိသားစု နေထိုင်ရာ နေရာမှ ဘေးရုသ် ကဇာတ်ရုံ ပုံစံငယ် တည်ဆောက်ရန် ဝုဒါ့၏ ဆန္ဒကို ကရန့် အသိအမှတ်ပြုခဲ့သည်။”[၁၄][မှ ၁] မကြာသေးမီ နှစ်များအတွင်း နွီဗာ ဂျာမေးနီးယားသည် တည်းခိုနေထိုင်စရာ၊ စားသောက်စရာများနှင့် ယာယီ သမိုင်းပြတိုက်တို့ဖြင့် ပိုမိုနှစ်လိုဖွယ်ရာ နေရာတစ်ခုဖြစ်လာပါသည်။

အိပ်မက်စက်[ပြင်ဆင်ရန်]

၁၉၈၉ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ဝုဒါ့သည် အိပ်မက်စက်[၁၅] ပုံစံတူများကို တည်ဆောက်ခဲ့သည်။ ၎င်းသည် ဘရိုင်ယန် ဂျစ်ဆင်နှင့် အီယန် ဆန်းမားဗီးလ်တို့က တီထွင်ကြံဆခဲ့သည့် မီးအလင်းဖြင့်ကြည့်ရသော မှန်ပြောင်းအတုဖြစ်ပြီး၊ လျှပ်စစ်မီးအိမ် ပတ်လည်၌ လည်ပတ်နိုင်သော ကြေးနီနှင့် စက္ကူတို့ဖြင့် ပြုလုပ်ထားသည့် ဆလင်ဒါတစ်ခုပါဝင်သည်။[မှ ၂] မျက်စိမှိတ်ပြီး ကြည့်သောအခါ ထိုစက်သည် စိတ်သွေဖီမှုများ ဖြစ်စေနိုင်ပြီး မူးယစ်ဆေးသုံးစွဲခြင်း သို့မဟုတ် အိပ်မက်မက်ခြင်းတို့နှင့် ဆင်တူပါသည်။ ဝီလီယံ အက်စ်ဘားရိုး၏ ၁၉၉၆ ခုနှစ် လော့စ်အိန်ဂျလိစ် စီရင်စု အနုပညာပြတိုက် (LACMA) နောက်ကြောင်းပြန် ဝတ္ထုဖြစ်သည့် Ports of Entry[၁၆] တွင် အိပ်မက်စက်အကြောင်း ဖော်ပြပြီးသောအခါ ဝုဒါ့သည် အဆိုပါစာရေးသူနှင့် မိတ်ဆွေဖြစ်ပြီး “ဘိုဟီးမီးယမ်း မိုဒယ်” (စာတမ်း) အိပ်မက်စက်ကို သူ၏ ၈၃ နှစ်မြောက် နောက်ဆုံး မွေးနေ့အတွက် လက်ဆောင်ပေးခဲ့သည်။[၁၇][၁၈]:စာ ၂၃ ယခင် စက်ကို Sotheby's ကုမ္ပဏီက တစ်ဦးချင်းစုဆောင်းသူတစ်ဦးထံသို့ ၂၀၀၂ ခုနှစ်တွင် လေလံတင်ရောင်းချခဲ့ပြီး နောက်တစ်ခုမှာ စပင်ဆာ အနုပညာ ပြတိုက်ရှိ ဘားရိုး၏ နေအိမ်တွင် ဆက်လက် ငှားရမ်းပြသထားပါသည်။[၁၉]

ကိုးကားနှင့် မှတ်စုများ[ပြင်ဆင်ရန်]

မှတ်စုများ[ပြင်ဆင်ရန်]

  1. ဆွစ်လူမျိုး ဂန္ထဝင် ဘာသာစကား တိုးတက်မှုဗေဒပညာရှင် သောမတ်ရှမစ်က ဝုဒါ့၏ စာပေဆန်သော အသံသည် သောမတ်ပင်ချွန်ဝတ္ထုမှ နောက်ခံဇာတ်ကောင်နှင့် တူညီကြောင်း ပြောပါသည်။
  2. ၁၉၉၀ ပြည့်နှစ်တွင် ဝုဒါ့သည် စိတ်ကူးယဉ်ဝတ္ထုထဲမှ စိတ်ကို နှိုးဆွနိုင်သော အသံလှိုင်းတုန်ခါစက် (Feraliminal Lycanthropizer) ကို တီထွင်ခဲ့ပြီး ထိုစက်၏ သက်ရောက်မှုများမှာ အိပ်မက်စက်၏ သက်ရောက်မှုများနှင့် တမင်ကွဲပြားအောင် ပြုလုပ်ထားပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ကာပင်တာ အက်စ်၊ "In Concert at a Killer's Death", လော့စ်အိန်ဂျလိစ် တိုင်းမ်း၊ မေ ၉၊ ၂၀၀၁။
  2. ရက်ပင် အေ၊ ဝုဒါ့၏ပုံတူပန်းချီကား (ဆီယက်တယ်-: Getty Images, ၂၀၀၁)။
  3. ရေး ကေ၊ "Family to Sue City, Firms Over Angels Flight Death" လော့စ်အိန်ဂျလိစ် တိုင်းမ်း၊ မတ် ၁၆၊ ၂၀၀၁။
  4. ဒေါ်ဆန် ဂျေ၊ Los Angeles' Angels Flight (မောင့်ပလဲဆင့်၊ အက်စ်စီ- အာကေးဒီးယား ပုံနှိပ်တိုက်၊ ၂၀၀၈), စာ ၁၂၅
  5. မင်ဇာ တီ၊ "Pelican's Goodbye is a Sad Song", ပရက်စ်-တယ်လီဂရမ်၊ အောက်တိုဘာ ၂၊ ၁၉၉၈။
  6. ကာရော့ဇီ၊ အိုင်၊ "La storia di Nueva Germania", အီလ် ပို့စ်၊ အောက်တိုဘာ ၁၃၊ ၂၀၁၁။
  7. ၇.၀ ၇.၁ ရီနီကာ၊ စီ၊ "Autorschaftsinszenierung und Diskursstörungen in Five Years," ဂျေ ဘော်လတန်နှင့် အဖွဲ့မူ၊ ဂျာမန် မော်နီတာ ၇၉ (လေဒင်- ဘရေးလ်၊ ၂၀၁၆)။
  8. အက်စတိန်း ဂျေ၊ "Rebuilding a Home in the Jungle", ဆန်ဖရန်စစ္စကို ခရော်နီကယ်၊ မတ် ၁၃၊ ၂၀၀၅။
  9. ရှရိုတာ ဂျေ၊ "Interpretive Problems with Author, Self-Fashioning and Narrator", ဘာ့က်၊ ကော့ပ်မူ၊ Author and Narrator (ဘာလင်မြို့- ဒီ ဂရူတာ၊ ၂၀၁၅)၊ စာ ၁၁၃-၁၃၈
  10. ဝုဒါ့ ဒီ၊ "In Media Res", ၀၃၂စီ၊ နွေ ၂၀၁၁၊ စာ ၁၈၀-၁၈၉။
  11. လင့် အမ်၊ "Wie der Gin zum Tonic", ဖရန့်ဖတ် အယ်လီဂျီယန့် ဇီးတက်၊ နိုဝင်ဘာ ၉၊ ၂၀၁၁။
  12. ကရန့် စီ နှင့် ဝုဒါ့၊ Five Years (ဟန်နိုဗာ- ဝါဟန် ဗားလက်၊ ၂၀၁၁)။
  13. ဒီးယက် ဂျီ၊ "Die Methode Kracht", ဒါ စပီးဂျဲလ်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၂။
  14. မက်ကန်း၊ အေ အယ်လ်၊ "Allegory and the German (Half) Century", ဆစ်ဒနီ စာအုပ်သုံးသပ်ချက်၊ ဩဂုတ် ၂၈၊ ၂၀၁၅။
  15. အလန် အမ်၊ "Décor by Timothy Leary", နယူးယောက်တိုင်းမ်၊ ဇန်နဝါရီ ၂၀၊ ၂၀၀၅။
  16. နိုက်၊ စီ "The Art of Randomness", လော့စ်အိန်ဂျလိစ် တိုင်းမ်း၊ ဩဂုတ် ၁၊ ၁၉၉၆။
  17. ပါရာဂွေးနိုင်ငံ အမေရိကန်သံရုံး၊ "Literary Centenary", အောက်တိုဘာ ၂၀၁၄။
  18. ဝုဒါ့၊ "Burroughs und der Steinbock", ရှဝါဇာ မိုနေး၊ မတ် ၂၀၁၄၊ စာ ၂၃။
  19. စပင်ဆာ အနုပညာပြတိုက်၊ "Welcome to the Spencer Collection", ကင်းဆက် တက္ကသိုလ်။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]