ဒေါက်တာအေးကျော် (စာရေးဆရာ)

ဝီကီပီးဒီးယား မှ

ဒေါက်တာအေးကျော် သည် မြန်မာ အမျိုးသား ဆရာဝန်စာရေးဆရာတစ်ဦး ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဒေါက်တာအေးကျော်ကို မန္တလေးတိုင်းအမရပူရမြို့တွင် ဦးပြူးနှင့် ဒေါ်လှရှင် တို့က ၁၉၅၀ ခုနှစ်တွင် မွေးဖွားခဲ့သည်။

ပညာရေး[ပြင်ဆင်ရန်]

MBBS, Dip Med Sc GP (Family Medicine), D A Psychology, DAE, Master of Public Admininstration

စာပေရေးရာ[ပြင်ဆင်ရန်]

Health for All Magazine ၏ အယ်ဒီတာချုပ်အဖြစ် လည်းကောင်း၊ Family Health Journal ၏ အယ်ဒီတာ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက် ရှိသည့် အပြင် PhD Steering Committee Yangon University အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ Steering Committee of Private Partnership For Public Health အဖွဲ့ဝင် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် လျက်ရှိသည်။

ရရှိခဲ့သောဆုများ[ပြင်ဆင်ရန်]

  • အမျိုးသားစာပေဆု
  • စာပေဗိမာန်စာပေဆု

ဟောပြောမှုများ[ပြင်ဆင်ရန်]

မြန်မာ့ရုပ်မြင်သံကြား နှင့် မြဝတီရုပ်မြင်သံကြား တို့မှ ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

မိသားစု[ပြင်ဆင်ရန်]

သားသမီး (၅) ယောက် ထွန်းကားခဲ့သည်။

ရေးသား ထုတ်ဝေခဲ့သည့် စာအုပ်များ[ပြင်ဆင်ရန်]

ဒေါက်တာအေးကျော် (ဇီဝကမ္မ) ကလောင်အမည်ဖြင့် အောက်ပါ စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။

  1. ဆေးဝါးဗေဒ အခြေခံ
  2. အင်္ဂလိပ်-မြန်မာ ဆေးပညာ အဘိဓာန်
  3. မေမေ့ရင်သွေး
  4. သူနာပြုအကူ
  5. သူနာပြုများအတွက် အင်္ဂလိပ်-မြန်မာ ဆေးပညာ အဘိဓာန်
  6. လုပ်ငန်းဆောင်တာ သင့်ခန္ဓာ
  7. အမျိုးသားတို့အကြောင်း၊ အမျိုးသမီးတို့အကြောင်း
  8. အာဟာရနှင့်ဆိုင်သော ကျန်းမာရေးဆောင်းပါးများ
  9. လူငယ်လူရွယ်နှင့် ကျန်းမာရေး
  10. အကြောင်းတရားတို့၏ အစွမ်းသတ္တိများ
  11. ဖေဖေမေမေ မာပါစေ
  12. နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း
  13. သားဦး သမီးဦးတို့ အသက်ရှည်ကြမည်
  14. Medical Terms (For Public)
  15. ကိုယ်ဝန်ဆောင်မိခင်
  16. အစာ အဟာရနှင့်ဆိုင်သော ကျန်းမာရေး

ကိုးကား[ပြင်ဆင်ရန်]