ဒေတာရွှေ့ပြောင်းခြင်း

ဝီကီပီးဒီးယား မှ

ဒေတာရွှေ့ပြောင်းခြင်း ဆိုသည်မှာ ကွန်ပျူတာ သိုလှောင်မှု စနစ်တစ်ခုမှ ဒေတာကို အခြားစနစ်တစ်ခုသို့ ရွေးချယ်ခြင်း၊ ပြင်ဆင်ခြင်း၊ ထုတ်ယူခြင်းနှင့် အသွင်ပြောင်း ခြင်း အပြင် အပြီးအပိုင် လွှဲပြောင်း ပေးခြင်း လုပ်ငန်းစဉ်ဖြစ်သည်။ ထို့အပြင် ရွှေ့ပြောင်းထားသောဒေတာ၏တရားဝင်မှုကို ပြည့်စုံစေရန်နှင့် မူရင်းဒေတာ သိမ်းဆည်းခြင်းအား ဖျက်သိမ်းခြင်းကို ဒေတာရွှေ့ပြောင်းခြင်းလုပ်ငန်းစဉ်တစ်ခုလုံး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆပါသည်။ [၁] [၂]

ယေဘူယျအားဖြင့် ဒေတာရွှေ့ပြောင်းခြင်းဆိုသည်မှာ သမရိုးကျ မူရင်းစနစ်၏ မူရင်းဒေတာအရင်းအမြစ်မှ ဒေတာများကို သတ်မှတ်ထားသော စနစ်သစ်၏ ဒေတာအရင်းအမြစ်ထဲသို့ ရွှေ့ပြောင်းသော လုပ်ငန်းစဉ် တခုဖြစ်ပါသည်။[၃] ဒေတာ ရွှေ့ပြောင်းခြင်းကို စနစ်တခု တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း သို့မဟုတ် စုစည်းမှုများအတွက် အဓိက ထည့်သွင်းစဉ်းစားထားပြီး တတ်နိုင်သမျှ အလိုအလျောက်ဖြစ်စေရန်၊ လူသားအရင်းအမြစ်များကို ပင်ပန်းသောအလုပ်များမှ လွတ်မြောက်စေရန်အတွက် လုပ်ဆောင်ပါသည်။ ဆာဗာ သို့မဟုတ် သိုလှောင်ကိရိယာ အစားထိုးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်း၊ အက်ပ်လီကေးရှင်း ရွှေ့ပြောင်းခြင်း ၊ ဝဘ်ဆိုက် စုစည်းခြင်း၊ ဘေးအန္တရာယ်များမှ ပြန်လည်ရယူခြင်းနှင့် ဒေတာစင်တာ နေရာချထားခြင်း စသည့်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဒေတာရွှေ့ပြောင်းခြင်း ပြုလုပ်ကြပါသည်။[၂]

စီစဉ်ခြင်း - ပြောင်းရွှေ့မည့်ဒေတာ၊ အပ်ပလီကေးရှင်းများကို လုပ်ငန်း၊ ပရောဂျက်နှင့် နည်းပညာ လိုအပ်ချက်များပေါ် အခြေခံ၍ ရွေးချယ်သည်။ ဒေတာ ရှင်းလင်းခြင်းနှင့် ပြောင်းလဲခြင်း လိုအပ်ချက်များကို ဒေတာအရည်အသွေး မြှင့်တင်ရန်နှင့် မလိုအပ်သော သို့မဟုတ် အသုံးမပြုတော့သော အချက်အလက်များကို ဖယ်ရှားနိုင်ရန် ဒေတာ ဖော်မတ်များအတွက် တိုင်းတာပါသည်။

ရွှေ့ပြောင်းခြင်း - ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲလ်လိုအပ်ချက်များကို သတ်မှတ်ထားပြီး ရွှေ့ပြောင်းခြင်း လုပ်ငန်းစဉ်များကို လိုအပ်သလို စိတ်ကြိုက်ပြင်ဆင်သည်။

ရွှေ့ပြောင်းခြင်းပြီးနောက်- ဒေတာရွှေ့ပြောင်းခြင်းပြီးနောက်၊ ဒေတာများကို တိကျစွာဘာသာပြန်ထားခြင်း၊ ပြီးပြည့်စုံခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန်နှင့် စနစ်သစ်ရှိ လုပ်ငန်းစဉ်များကို ပံ့ပိုးပေးနိုင်ခြင်းရှိမရှိ စသည်တို့ကို ဆုံးဖြတ်ရန် ရလဒ်များကို ဒေတာစိစစ်မှု ပြုလုပ်ရပါမည်။ စိစစ်နေစဉ်အတွင်း ကွာဟမှုများကို ခွဲခြားသတ်မှတ်ရန်နှင့် မှားယွင်းသော ဒေတာဆုံးရှုံးမှုများမှ ကာကွယ်ရန်အတွက် စနစ်နှစ်ခုလုံးတပြိုင်နက် လုပ်ဆောင်ရန် လိုအပ်နိုင်သည်။ [၁] [၂]

အားနည်းချက်များ

  • အချိန်ကုန်ခြင်း - ရွှေ့ပြောင်းခြင်းဆိုသည်မှာ မီဒီယာတစ်ခုတွင် သိမ်းဆည်းထားသည့် ဒေတာအရာဝတ္တုအားလုံးအတွက် ကြားခံတစ်ခုခေတ်လွန်ချိန်ရောက်တိုင်း ထပ်ခါတလဲလဲလုပ်ဆောင်ရမည့် စဉ်ဆက်မပြတ်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။
  • ငွေကုန်ကြေးကျများ - အဖွဲ့အစည်းတစ်ခုသည် ပြောင်းရွှေ့မှုတစ်ခုစီတွင် ဒေတာသိုလှောင်မှုမီဒီယာကို ထပ်မံဝယ်ယူရပါမည်။ [၄]

ကိုးကား

  1. ၁.၀ ၁.၁ Practical Data Migration။ 2012။ pp. 7–15။
  2. ၂.၀ ၂.၁ ၂.၂ DS8870 Data Migration Techniques။ 2017။ pp. 1–16။
  3. Thalheim, B., & Wang, Q. (2013). Data migration: A theoretical perspective. Data & Knowledge Engineering, 87, 260-278.
  4. Muira, Gregory (2007). "Pushing the Boundaries of Traditional Heritage Policy: maintaining long-term access to multimedia content": 323–326.