ဒေတာစင်တာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Datacenter-telecom.jpg

ဒေတာစင်တာ ( Data Center ) ဆိုတာ အိုင်စီတီ လုပ်ငန်းတစ်ခု လည်ပတ်ဖို့အတွက် နောက်ကွယ်က ပံ့ပိုးပေးနေတဲ့ အဓိက အရေးကြီးတဲ့ အခြေခံအဆောက်အအုံ ဖြစ်တယ် လို့ပြောနိုင်ပါတယ်။ ဥပမာအလွယ်ပြောရရင် ကျနော်တို့ ဝက်ဘ်ဆိုက်တစ်ခု အင်တာနက်ပေါ်လွှင့်တင်ထားတယ် ဆိုကြပါစို့ .. ဝက်ဘ်ဆိုက်အတွက် ကျနော်တို့သွင်းထားတဲ့ ဒေတာတွေ (စာသားတွေ၊ ဓာတ်ပုံတွေ၊ applicationတွေ) ကို သိမ်းထားဖို့ အတွက် Hosting လိုပါတယ်။ ပြောရရင် Web Server တစ်ခုထဲမှာ သိမ်းကြမှာပေါ့ .. ဝက်ဘ်ဆိုက်ကို 24 နာရီ access လုပ်နိုင်ဖို့အတွက် Web server ကိုလည်း 24 နာရီ run ထားရမှာဖြစ်ပါတယ်။ ဒီတော့ ဒီလိုဆာဗာတွေကို ဒေတာစင်တာထဲမှာ ထားကြရတယ်။ ကိုယ့်ဆာဗာကို ကိုယ့်ဟာကိုယ် အိမ်ထဲမှာ / ဒါမှမဟုတ်ရုံးမှာပဲ ထားလို့မရဘူးလား ဆိုရင်တော့ ရတော့ရပါတယ် လို့ပဲ ဖြေရမယ်။ ဒါက ကိုယ့်ဆာဗာရဲ့ အရေးကြီးမှု၊ မကြီးမှု နဲ့လည်းဆိုင်ပါတယ်။ 24 နာရီ အချိန်ပြည့် ပါဖောမန့်ကောင်းကောင်းနဲ့ run နိုင်ဖို့ အတွက် ပြည့်စုံတဲ့ ပတ်ဝန်းကျင်ကို ဒေတာစင်တာတွေက ပံ့ပိုးပေးပါတယ်။ လျော့ချထားတဲ့ ပတ်ဝန်းကျင် အပူချိန်၊ အရေးပေါ် Power backup (UPS, မီးစက် စသည်ဖြင့်) နှင့် အခြားသော ထောက်ပံ့မှု များစွာအပြင် ဆာဗာတွေရဲ့ လုံခြုံရေးကိုလည်း ထောက်ပံ့ပေးပါတယ်။