ဒိုင်းဂေါ့ကျောင်းတော်

ဝီကီပီးဒီးယား မှ
ဒိုင်းဂေါ့ကျောင်းတော်
醍醐寺
ဂျပန်နိုင်ငံ၏ ရတနာတစ်ပါးဖြစ်သော အာလိန်ငါးဆင့်စေတီ
အချက်အလက်များ
တည်နေရာဖူရှိမိရပ်, ကျိုတိုမြို့
ကိုဩဒိနိတ်34°57′05″N 135°49′15″E / 34.95139°N 135.82083°E / 34.95139; 135.82083ကိုဩဒိနိတ်: 34°57′05″N 135°49′15″E / 34.95139°N 135.82083°E / 34.95139; 135.82083
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
နတ်ဘုရားယာကုရှိ ညောလိုင် (ဘေသဇ္ဇဂုရုဗုဒ္ဓ)
ဘာသာရေးဓလေ့Daigo ရှင်းဂွန်း
နိုင်ငံဂျပန်
ဝက်ဘ်ဆိုဒ်http://www.daigoji.or.jp/
ဗိသုကာ
တည်ထောင်သူရှောဘိုး
စတင်သည့်နှစ်၈၇၄
ပြီးစီး၁၉၉၇ (ပြန်လည်ပြုပြင်မွမ်းမံ)

ဒိုင်းဂေါ့ကျောင်းတော် (醍醐寺?) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့ဖူရှိမိရပ် ရှိ ရှင်းဂွန်းဗုဒ္ဓဘာသာ ဘုရားကျောင်းဖြစ်သည်။ ဘေသဇ္ဇဂုရုဗုဒ္ဓ (ဂျပန်အခေါ် ယာကုရှိဗုဒ္ဓ) ကို အဓိကအပူဇော်ခံထားရှိသည်။ ဒိုင်းဂေါ့ ဆိုသည်မှာ လုံးကောက်အားဖြင့် "ထောပတ်" အဓိပ္ပာယ်ရှိသော်လည်း ဤနေရာတွင် ပရမတ္ထသစ္စာဖြစ်သော နိဗ္ဗာန်ချမ်းသာကို ရည်ညွှန်းသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဒိုင်းဂေါ့ကျောင်းတော်ကို ဟေးအန်းခေတ်အစောပိုင်း၊ သက္ကရာဇ် ၈၇၄ တွင် ရိဂန်းဆရာတော် ရှောဘိုးက တည်ထားခဲ့သည်။[၂]

သက္ကရာဇ် ၉၃၀ တွင် ဧကရာဇ်ဒိုင်းဂေါ့ မမာတော်မူရာ ထီးနန်းစွန့်၍ ဤကျောင်းတော်တွင် ရဟန်းဘဝအဖြစ် နေထိုင်ခဲ့သည်။ ဘွဲ့တော်မှာ ဟိုးကွန်းဂိုး ဖြစ်သည်။ သက်တော် ၄၆ နှစ်အရွယ်တွင် နတ်ပြည်စံသည်။ ကျောင်းဝင်းအတွင်း၌ပင် မြှုပ်နှံထားသောကြောင့် သမိုင်းဆရာတို့က ဒိုင်းဂေါ့ဘုရင်ဟု ခေါ်တွင်ခြင်း ဖြစ်သည်။ [၃]

မုရောမချိခေတ်၊ အိုးနင်းစစ်ပွဲအတွင်း ကျောင်းတော်မှာ ဖျက်ဆီးခံရပြီး အာလိန်ငါးဆင့်စေတီသာ ထီးတည်းကျန်ရစ်ရှာသည်။ ဆာမူရိုင်းခေါင်းဆောင် ဟိဒဲယိုရှိ တိုယိုတိုမိလက်ထက်တွင် အတော်များများ ပြန်လည်တည်ဆောက်နိုင်ခဲ့ကြကာ သက္ကရာဇ် ၁၆၀၆ တွင် အပြီးသတ်နိုင်ခဲ့သည်။ ကျောင်းဝင်းအတွင်း ယနေ့ခေတ် ကွန်းဒိုးခိုင်းဆန်းဒိုး စသဖြင့် အဆောက်အအုံများ တည်ဆောက်ရာတွင် ကျေးဇူးများခဲ့သည်။

၁၉၃၉ တောမီးကြောင့် ခါမိဒိုင်းဂေါ့ကျောင်းဆောင်နှင့်အတူ ပိဋကတ်တိုက်နှင့် ဂျွန်းတေးဒိုးတို့ မီးလောင်ပျက်စီးခဲ့ရာ ၁၉၆၈ ရောက်မှသာ ပြန်လည်ပြုပြင်နိုင်ခဲ့သည်။ သက္ကရာဇ် ၉၄၉ တွင် တည်ဆောက်ပြီး ၁၄၇၀ တွင် မီးလောင်ပျက်စီးခဲ့ဖူးသည့် မူလ ဟော့ကဲ ဆန်းမာယာဒိုး ခန်းမကြီးကို ၁၉၉၇ တွင် ရှင်းညော ဆန်းမာယာဒိုး အဖြစ် ပြန်လည်တည်ဆောက်ခဲ့သည်။

နိုင်ငံ့ရတနာ[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံ၏ရတနာတစ်ပါးဖြစ်သော
ဒိုင်းဂေါ့ကျောင်းတော်ရှိ ကွန်းဒိုး (ရွှေရောင်ခန်းမ)

ဒိုင်းဂေါ့ကျောင်းတော်တွင် ကွန်းဒိုး နှင့် အာလိန်ငါးဆင့်စေတီအပါအဝင် အခြားအဆောက်အအုံများ၊ လက်ရာများဖြင့် ဂျပန်နိုင်ငံ၏ရတနာ ၁၈ ပါးရှိသည်။ ဒိုင်းဂေါ့ကျောင်းတော်၏ နံရံဆေးရေးပန်းချီများကို လေ့လာထားသော ပညာရပ်သုတေသန စာတမ်းတစ်စောင်သည် ၁၉၆၀ ပြည့်နှစ်အတွက် ဂျပန်ပညာရပ်ဆိုင်ရာ ဧကရာဇ်ဆုကို ရရှိခဲ့သည်။[၄]

ကျိုတိုမြို့ ရှေးဟောင်းသမိုင်းဝင်နေရာများတွင် အပါအဝင်ဖြစ်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခုလည်း ဖြစ်သည်။

အာလိန်ငါးဆင့်စေတီမှာ သက္ကရာဇ် ၉၅၁ တွင် တည်ထားခဲ့ပြီး ကျိုတိုမြို့၏ ရှေးအကျဆုံး သာသနိကအဆောက်အအုံဖြစ်သည်။ ၁၅ ရာစု၊ အိုးနင်းစစ်ပွဲအတွင်း မပျက်စီးဘဲ ပကတိအတိုင်း ကျန်ရှိခဲ့ခြင်းဖြစ်သည်။

ဥယျာဉ်[ပြင်ဆင်ရန်]

စတင်တည်ဆောက်ပြီးသည်မှ ၇ ရာစုလောက်ကျော်အကြာ ၁၅၉၈ တွင် တိုယိုတိုမိ ဟိဒဲယိုရှိသည် ဒိုင်းဂေါ့နော့ ဟာနာ့မိ ဟုခေါ်သည့် ပန်းကြည့်ပွဲကို ဆမ်းဘိုးအင်းကျောင်းဆောင်၌[၅] စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။[၆]

ဆောင်းဦးကာလရောက်လျှင် ရွှန်းစိုနေသော မိုမိဂျိလေးများက ခရီးသွားများကို ဆွဲဆောင်နေတတ်သည်။ ဧကရာဇ်ဆုဇာ့ကုဒိုင်းဂေါ့နော့ မိဆာ့ဆာ့ဂိ ဗိမာန်သည်လည်း ဒိုင်းဂေါ့ကျောင်းတော်အနီးတွင် တည်ရှိသည်။

ဆောင်းဦးပေါက်ချိန် ဒိုင်းဂေါ့ကျောင်းတော်ရှိ မိုမိဂျိလေးများ

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ဆမ်းဘိုးအင်း အဝင်မုခ်ဦး

ဒိုင်းဂေါ့ကျောင်းတော်ကို ဆမ်းဘိုးအင်း၊ ရှီမို့ဒိုင်းဂေါ့ (အောက်ပစ္စယာ)၊ ခါမိဒိုင်းဂေါ့ (အထက်ပစ္စယာ) ဟု သုံးပိုင်းတည်ဆောက်ထားသည်။[၇] ဆမ်းဘိုးအင်းနှင့် ရှီမို့ဒိုင်းဂေါ့သည် တောင်ခြေတွင်ရှိသဖြင့် အလွယ်တကူသွားရောက်နိုင်သော်လည်း ခါမိဒိုင်းဂေါ့မှာမူ တောင်ထိပ်ပေါ်တွင် တည်ရှိသဖြင့် သွားရောက်လေ့လာသူနည်းပါးသည်။

ဆမ်းဘိုးအင်းသို့ သွားရာလမ်းတစ်လျှောက်မှာ ချယ်ရီပင်များဖြင့် စီတန်းလျက်ရှိသည်။ လက်ဖက်ဥယျာဉ်၊ ပြတိုက်၊ အခြားအဆောက်အအုံများမှာလည်း ချယ်ရီပန်းရာသီရောက်လျှင် အလွန်လှသည်။ ရှီမို့ဒိုင်းဂေါ့သည် ဓမ္မာရုံခန်းမကြီးဖြစ်ပြီး ကျိုတိုရှိ ရှေးအကျဆုံး အဆောက်အအုံတစ်ခုဖြစ်သည်။

တောင်ထိပ်ရှိ ခါမိဒိုင်းဂေါ့သို့ ရှီမို့ဒိုင်းဂေါ့ကို ဖြတ်၍သော်လည်းကောင်း ရှီမို့ဒိုင်းဂေါ့ဘေးရှိ လျှောက်လမ်းမှသော်လည်းကောင်း သွားရောက်နိုင်သည်။ တောင်ထိပ်သို့သွားရာ လှေကားထစ်များရှိပြီး ပင်မခန်းမဆောင်ကြီးအထိ တစ်နာရီခန့်ကြာသည်။ လမ်းခုလတ်တွင် နားနေရာနှင့် နတ်ကျောင်းဆောင်လေးတစ်ခုရှိသည်။ ပင်မဆောင်အဝင်တွင် ဒိုင်းဂေါ့ဆုအိ (ဒိုင်းဂေါ့ပရိတ်ရေ) အဆောင်ရှိသည်။ ၁၅ မိနစ်ခန့် ဆက်သွားလျှင် ခိုင်းဆန်းဒိုး (開山堂?) ကျောင်းဆောင်တည်ရှိပြီး တောင်အောက်ရှိ မြို့ရှုခင်းကို ခံစားနိုင်သည်။ တောင်ထိပ်ကိုလွန်၍ တောင်အနောက်ဘက်သို့ဆင်းလာလျှင် တောင်တက်လမ်းကြောင်းကိုသာ တွေ့နိုင်တော့သည်။ လမ်းကြမ်းအတိုင်း မိနစ် ၂၀ ခန့် ဆင်းလာလျှင် အိုကုနိုအင်း (奥之院?) ခေါ် ဆင်းတုအချို့ရှိသော လိုဏ်ဂူကိုတွေ့နိုင်သည်။ သွားလာရန်ခက်ခဲသည့်အတွက် လူသုအရောက်အပေါက် နည်းသည်။ နှစ်စဉ် မတ်လ၏ ပထမတနင်္ဂနွေနေ့တွင် ကျင်းပမြဲ ကျောင်းတော်၏ ဘုရားပွဲကိုမူ ထိုနေရာတွင်ပင် ကျင်းပသည်။ အိုကုနိုအင်းအနီးတွင် ဟိဂါ့ရှိနော့ နောဇိုးကိ (東の覗き?), ခေါ် ရှုခင်းကြည့်ရာ လင့်စင်ရှိသည်။[၈]

အဖြစ်အပျက်အချို့[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ် ဩဂုတ်လ ၂၄ ရက်တွင် ကျောင်းတော်၏အရှေ့ဘက် တောင်ထိပ်ရှိ ဂျွန်းတေး ကန်နွန်းဒိုးကို မိုးကြိုးခဖူးသည်။ ခါမိဒိုင်းဂေါ့သည် ကန်းဆိုင်းဒေသရှိ ကွမ်ယင်ဘုရားကျောင်း ၃၃ ကျောင်းတွင် နံပါတ် ၁၁ ဖြစ်သည်။[၉]

သဘာဝဘေးအန္တရာယ် ဘက်စုံပြုပြင်မွမ်းမံရေးအတွက် ခါမိဒိုင်းဂေါ့ဂျိ နယ်မြေကို ခေတ္တပိတ်ထားခဲ့ရာ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။[၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. Soothill၊ W.E.; Hodous၊ Lewis (1937)။ A Dictionary of Chinese Buddhist Terms
  2. Ponsonby-Fane, Richard. (1956). Kyoto: The Old Capital of Japan, 794–1869, p. 115.
  3. Titsingh, p. 134.
  4. Japan Academy, Imperial Prize, "Wall-paintings in Daigo-ji Pagoda", May 18, 1960; retrieved 2011-08-15
  5. Main, Alison. (2002). The Lure of the Japanese Garden, p. 27.
  6. Sosnoski၊ Daniel (1996)။ Introduction to Japanese Culture။ Tuttle Publishing။ p. 12ISBN 0804820562daigo no hanami.
  7. Guide to Daigoji Complex
  8. ~4.上醍醐寺*東の覗き/醍醐寺回峯道~山ある記! (in ဂျပန်)
  9. NHKニュース 京都 醍醐寺の観音堂が全焼 Archived 2008-08-24 at the Wayback Machine. Retrieved August 24, 2008
  10. 拝観案内 Archived 4 October 2018 at the Wayback Machine. (in ဂျပန်)

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

  • Brown, Delmer and Ichiro Ishida, eds. (1979). [Jien, 1221], Gukanshō; "The Future and the Past: a translation and study of the 'Gukanshō,' an interpretive history of Japan written in 1219" translated from the Japanese and edited by Delmer M. Brown & Ichirō Ishida. Berkeley: University of California Press. ISBN 0-520-03460-0
  • Ponsonby-Fane, Richard Arthur Brabazon. (1956). Kyoto: The Old Capital of Japan, 794-1869. Kyoto: The Ponsonby Memorial Society.
  • Titsingh, Isaac. (1834). [Siyun-sai Rin-siyo/Hayashi Gahō, 1652]. Nipon o daï itsi ran; ou, Annales des empereurs du Japon. Paris: Oriental Translation Society of Great Britain and Ireland.
  • Varley, H. Paul , ed. (1980). [ [Kitabatake Chikafusa, 1359], Jinnō Shōtōki ("A Chronicle of Gods and Sovereigns: Jinnō Shōtōki of Kitabatake Chikafusa" translated by H. Paul Varley). New York: Columbia University Press. ISBN 0-231-04940-4

ပြင်ပလင့်များ[ပြင်ဆင်ရန်]

Temple's official website