ရာဝဏ

ဝီကီပီးဒီးယား မှ
(ဒသဂီရိ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

ဒသဂီရိကို အရင်က မြန်မာစာပေ၊ စွယ်စုံကျမ်းများတွင် ဒဿဂီရိဟု ရေးသားကြသည်။ ယခုအခါ ဒသဂီရိဟု ရေးမှ မှန်မည် ဖြစ်သည်။ ဒသဆိုသည် ပါဠိစကား ၁ဝ ဖြစ်ပြီး ဂီရိသည် ဦးခေါင်း၊ ဦးခေါင်းဆယ်လုံးရှိသူဟု အဓိပ္ပါယ် ရသည်။

ဒသ = ဆယ်ခု၊
ဒသ = မြင်ခြင်း၊ မြင်သည်၊
ဒသမ = ဆယ်ခုမြောက်၊
ဒဿန = မြင်ခြင်း၊ ကြည့်ခြင်း၊ ရှုခြင်း၊
ဂီရိ = တောင်၊

Rama ရာမမူရင်းက အိန္ဒိယ Mahabharata မဟာဘာရတ္တ ဆိုတဲ့ ရှေးအကျဆုံး သင်္သကရိုက် (သက္ကတ) ဘာသာနဲ့ ရေးထားခဲ့တဲ့ Epic ကဗျာမော်ကွန်းရှည်ကြီးဖြစ်ပါတယ်။ စာပေအနုပညာအရာမှာ အတော်ကိုကောင်းပါတယ်။ မူကွဲတွေလည်း ရှိတယ်။ တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေအထိ ပြန့်နှံ့ပါတယ်။ ဗုဒ္ဓစာပေထဲက Dasharatha Jataka ဇာတကဝတ္တုထဲမှာလည်း ပါလာတယ်။ ဘန်ကောက်မြို့က Wat Phra Kaew ဘုရားကျောင်းမှာလည်း ပုံတွေနဲ့ရှိတယ်။ ကမ္ဘောဒီးယားမှာ Preah Ream လို့ခေါ်တယ်။ လာအိုမှာတော့ ဂေါတမဗုဒ္ဓဟာ ရာမပြန်လည် ရှင်သန်လာတာလို့ ယူဆကြတယ်။ မြန်မာပြည်မှာတော့ ရာမာယဏဇာတ်တော်ကြီးဆိုပြီး မြန်မာမှုပြုထားပါတယ်။ Yama (ယာမ) လို့ရေးကြတယ်။ အမျိုးမျိုး။

ရာမမူရင်းက Ramayana (ရာမယန) ခေါ် အိန္ဒိယရှေးဟောင်း ဂန္တဝင်ကဗျာရှည်ကြီးထဲက ဖြစ်ပါတယ်။ Rishi Valmiki (ရစ်ရှီ ဗာလ်မီကီ) ကနေဖွဲ့ဆိုတာပါ။ မြန်မာ့စွယ်စုံကျမ်းမှာ ဝမ္မီကိ ရသေ့ကြီးကရေးခဲ့တယ်လို့ဆိုပါတယ်။ ဇာတ်လိုက်က (ရာမ) နဲ့ လူဆိုးက Ravana (ရာဗာန) တို့ဖြစ်တယ်။ မြန်မာမှုမှာ (ရာဝဏ) လို့ရေးတယ်။ Ayodhya အယုဒ္ဓယမြို့ကြီးမှာ ဇာတ်အိမ်တည်တယ်။

ရာမဟာ အိန္ဒိယနိုင်ငံ အယုဒ္ဓယ (ကနေ့ ယူပီပြည်နယ်) မှာမွေးဖွါးခဲ့တယ်။ တချို့အယူအဆမှာ ရာမဟာ လွန်ခဲ့တဲ့နှစ် ၁့၂ သန်းကမွေးဖွွါးခဲ့တယ်လိုဆိုတယ်။ ရာမဟာ Ramachandra (ရာမချန္ဒရာ) ကို အတိုကောက်ခါ်တာဖြစ်တယ်။ ဟင်ဒူဘုရား Vishnu (ဗိရှနူး) (ပိဿနိုး) ရဲ့ သားတော်ဖြစ်တယ်။ သူ့ညီတွေထဲက Lakshman ကို မြန်မာစာပေမှာ လက္ခဏလို့ ဘာသာပြန်ထားတယ်။ ရာမရဲ့ဇနီး Sita ကို သီတာမင်းသမီးလို့ ဖွဲ့ဆိုထားတယ်။ အိမ်ရှေ့အရာရမယ့်ရာမဟာ ပြည်ပြေးလာရတယ်။ သီတာကို Ravana (ရာဗာနာ) ကနေ ပြန်ပေးဆွဲတယ်။ မြန်မာမှုမှာ (ရာဝဏ) လို့ရေးကြတယ်။ သူက Lanka (လန်ကာ) ဘုရင်ဖြစ်တယ်။ မြန်မာမှုမှာ (သိဂုႋ) နဲ့ လင်္ကာကျွန်းဖြစ်ပြီး၊ ကနေ့ သီရိလင်္ကာနိုင်ငံခေါ်တယ်။ သီတာမင်းသမီးလိုက်ရှာရင်း ရာမဟာ စစ်ပွဲတွေဆင်နွှဲရတယ်။ ရာမဇာတ်တော်ထဲမှာ Lakshman လက္ခဏနဲ့ Hanuman ဟန်နုမာမျောက်မင်းတို့အခန်းကိုဖွဲ့ထားတာတွေပါတယ်။ နောက်ဆုံးမှာ ရာမကအနိုင်ရပြီး သီတာကို ပြန်ရတယ်။ အယုဒ္ဓယမှာဧကရာဇ်ဖြစ်လာတယ်။

ခေါင်းဆယ်လုံးနဲ့ ရွှေသမင် မူရင်းဇာတ်လမ်းမှာ Ravana ရဲ့နှမ Shoorpanakha (ရှောရ်ပါနာခါး) က ရာမနဲ့ လက္ခဏကို ကြိုက်နေတယ်။ ဘယ်သူ့ရ ယူချင်နေတယ်။ ရာမက သီတာနဲ့ လက်ထပ်ထားပြီးဖြစ်နေတယ်။ လက္ခဏကပြန်မကြိုက်ဘူး။ အဲတော့ (ရှောရ်ပါနာခါး) ဟာ သီတာကို သေအောင်ကြံစည်တယ်။ လက္ခဏက (ရှောရ်ပါနာခါး) နှာခေါင်းနဲ့ နားတွေကိုဖြတ်ပြစ်တယ်။ သူ့အကိုက သီတာကို ပြန်ပေးဆွဲတယ်။

ဟင်ဒူဘာသာဝင်တွေက Dussehra (ဒတ်စ်ရှိးရာ) ပွဲတော်ကို နှစ်စဉ်ကျင်းပကြတယ်။ ရာမကနေ လူဆိုးကိုနှိမ်နင်းတဲ့ပွဲပါ။ ခေါင်ဆယ်လုံးပါအရုပ်ကြီးကို မီးတင်ရှို့ကြတယ်။ ဗီလိန်လူဆိုးဖြစ်တယ်။ ဘီလူးမဟုတ်ပါ။ (ဒပ်စ်ရှိးရား) မှာ (ဒပ်စ်) က (၁ဝ) ဖြစ်ပြီး၊ (ရှိးရား) က ခေါင်းခြုံစရာဖြစ်ပါတယ်။ (ဒတ်စ်ရှိးရာ) ကို ဒသဂီရိ (ဒသဂီရိ) လို့ရေးတာတွေ မှန်တယ်မထင်ပါ။ မူရင်းစာမှာ ဘီလူးဟာခေါင်းပြတ်နေတယ်။ သူကပဲ (သုဂ္ဂီဝ) ခေါ် (သုဂြိတ်) မျောက်မင်းနဲ့ မဟာမိတ်ဖွဲ့ဘို့အကြံပေးတယ်။ မြန်မာမှုထဲက ရွှေသမင်ကို မူရင်းစာထဲမှာ မတွေ့ပါ။

အဆိုးကို အကောင်းကနိုင်တဲ့ပွဲ ကျင်းပတာကိုတော့ အားပေးပါတယ်။

ဒေါက်တာတင့်ဆွေ