ဒရူပါဒီ မာမူ

ဝီကီပီးဒီးယား မှ
ဒရူပါဒီ မာမူ
Droupadi Murmu
၂၀၂၂ခုနှစ်တွင်တွေ့ရစဉ်
၁၅ယောက်မြောက် အိန္ဒိယနိုင်ငံ၏ သမ္မတ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၅ ဇူလိုင် ၂၀၂၂
ဝန်ကြီးချုပ်နာရန်ဒရာ မိုဒီ
ဒုတိယ သမ္မတVenkaiah Naidu
ယခင်လူရမ်နက်သ်ကိုဗင့်ဒ်
ဂျဟာခန်ပြည်နယ် အုပ်ချုပ်ရေးမှူး
တာဝန်သက်တမ်း
၁၈ မေ ၂၀၁၅ – ၁၂ ဇူလိုင် ၂၀၂၁
ပြည်နယ်ဝန်ကြီးချုပ်Raghubar Das
Hemant Soren
ယခင်လူSyed Ahmed
ဆက်ခံသူRamesh Bais
ဩရိဿပြည်နယ် ဝန်ကြီး
တာဝန်သက်တမ်း
၆ ဩဂုတ် ၂၀၀၂ – ၁၆ မေ ၂၀၀၄
ပြည်နယ်ဝန်ကြီးချုပ်Naveen Patnaik
ဝန်ကြီးဌာနရေလုပ်ငန်းနှင့် တိရစ္ဆာန်အရင်းအမြစ် တိုးတက်ရေးဝန်ကြီးဌာန
တာဝန်သက်တမ်း
၆ မတ် ၂၀၀၀ – ၆ ဩဂုတ် ၂၀၀၀
ပြည်နယ်ဝန်ကြီးချုပ်Naveen Patnaik
ဝန်ကြီးဌာနစီးပွားရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန
ကိုယ်ရေး အချက်အလက်များ
မွေးဖွားPuti Biranchi Tudu
(1958-06-20) ၂၀ ဇွန်၊ ၁၉၅၈ (အသက် ၆၅)
ဩရိဿပြည်နယ်အိန္ဒိယနိုင်ငံ
နိုင်ငံရေးပါတီဘာရာတီယာ ဂျာနာတာ ပါတီ (BJP)
ကြင်ဖော်(များ)Shyam Charan Murmu
မိခင်ကျောင်းRama Devi Women's University
အလုပ်အကိုင်နိုင်ငံရေးသမား
ကျွမ်းကျင်မှုကျောင်းဆရာမ

ဒရူပါဒီ မာမူ (အင်္ဂလိပ်: Droupadi Murmu) သည် အိန္ဒိယနိုင်ငံ၏ လက်ရှိသမ္မတဖြစ်သည်။ ပရာတီဘာ ပါတေးပြီးနောက် အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးသမ္မတလည်း ဖြစ်သည်။[၁] သမ္မတမဖြစ်မီက ဂျဟာခန်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၅ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ပြည့်နှစ်မှ ၂၀၀၄ခုနှစ် အထိ ဩရိဿပြည်နယ် အစိုးရအဖွဲ့တွင် ရာထူးအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံရေးသို့ မဝင်ရောက်မီ ၁၉၇၉ခုနှစ်မှ ၁၉၈၃ခုနှစ်အထိ ဆည်မြောင်းဌာနတွင် စာရေး၊ ထို့နောက် ၁၉၉၇ခုနှစ်အထိ ဆရာမအဖြစ် လုပ်ကိုင်ခဲ့သည်။[၂]

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

ဒရူပါဒီ မာမူကို ၁၉၅၈ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ဩရိဿပြည်နယ်၌ ဆန်သာမျိုးနွယ်စုဝင် မိသားစုမှ မွေးဖွားခဲ့သည်။ မိသားစုမှပေးသော အမည်မှာ ပုတီတုဒူ ဖြစ်သည်။ ကျောင်းတက်ရောက်ရာတွင်မှ ဆရာက ဒရူပါဒီဟု အမည်ပြောင်းပေးခဲ့သည်။ ၎င်း၏အမည် အင်္ဂလိပ်စာလုံးပေါင်းကို ယခင်က Durpadi ၊ Dorpdi ဟုလည်းပေါင်းခဲ့ကြသည်။ ဖခင်နှင့် အဘိုးတို့မှာ ကျေးရွာကောင်စီ၏ အကြီးအကဲများ ဖြစ်ခဲ့ကြသည်။ ရာမဒေဝီအမျိုးသမီးကောလိပ်မှ ဘွဲ့ရခဲ့သည်။ ၎င်းအနေဖြင့် မူလတန်းပညာသင်ကြားနိုင်ရေးကိုပင် အိပ်မက်ဖြစ်ခဲ့ကြောင်း ဒရူပါဒီမာမူက ပြောခဲ့ဖူးသည်။ အခက်အခဲများကို ကျော်ဖြတ်ခဲ့ရာမှ ၎င်းတို့ကျေးရွာတွင် ပထမဆုံးသော တက္ကသိုလ်တက်ခွင့်ရသည့် အမျိုးသမီး ဖြစ်လာခဲ့သည်။[၁][၃]

၁၉၈၀ပြည့်နှစ်တွင် ဘဏ်လုပ်ငန်းရှင်တစ်ဦးနှင့် လက်ထပ်ခဲ့ကာ သားနှစ်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့သည်။ ဒရူပါဒီသည် ၂၀၀၉ခုနှစ်မှ ၂၀၁၅ခုနှစ် (၇)နှစ်အတွင်း ခင်ပွန်း၊ သား(၂)ဦး၊ မိခင်၊ အကိုတို့အား ဆုံးရှုံးခဲ့ရသည်။

သမ္မတသက်တမ်း[ပြင်ဆင်ရန်]

ဒရူပါဒီမာမူကို ယခင်သမ္မတ ရမ်နက်သ်ကိုဗင့်ဒ်နှင့် တွေ့ရစဉ်
ကျမ်းသစ္စကျိန်ဆိုစဉ် တရားသူကြီးချုပ်နှင့်အတူ တွေ့ရစဉ်

အာဏာရ ဘာရာတီယာ ဂျာနာတာပါတီပါဝင်သော အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ကြီးမားသော နိုင်ငံရေးအင်အားထောက်ပံ့မှုဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၂၂ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့တွင် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။[၄] ဒရူပါဒီသည် အိန္ဒိယနိုင်ငံသမိုင်းကြောင်း၌ အငယ်ဆုံးသမ္မတဖြစ်လာကာ လွတ်လပ်ရေးရပြီးနောက် မွေးဖွားခဲ့သည့် ပထမဆုံးသမ္မတလည်းဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]