ဒဂုန် မဂ္ဂဇင်း
ဒဂုန် မဂ္ဂဇင်းသည် မြန်မာဘာသာဖြင့် ထုတ်ဝေသည့် လစဉ်ထုတ်မဂ္ဂဇင်းဖြစ်သည်။ မဂ္ဂဇင်းပါ ဝတ္ထုဆောင်းပါးများကို ပန်းချီသရုပ်ဖော်ထည့်သွင်းသည့် ပထမဆုံးမဂ္ဂဇင်း ဖြစ်ခဲ့သည်။
စတင်ထုတ်ဝေခြင်း
[ပြင်ဆင်ရန်]၁၉၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် မြန်မာအဆွေ ကုမ္ပဏီ ပိုင်ရှင် ဦး ဘညွန့် က ငွေကြေးစိုက်ထုတ်ကာ စတင်ထုတ်ဝေသည်။[၁] ပထမဆုံး အယ်ဒီတာချုပ်မှာ သခင်ကိုယ်တော်မှိုင်း ဖြစ်သည်။ အယ်ဒီတာအဖြစ် ဦး ဘိုးသစ် က တာဝန်ယူသည်။ နောင်သော် ဇေယျ က အယ်ဒီတာအဖြစ် တာဝန်လွှဲယူသည်။ မင်းသား မောင်မောင်လေးက တိုက်မန်နေဂျာအဖြစ် ဦးစီးသည်။ ပန်းချီတာဝန်ခံများမှာ ဦး ဘအုန်း၊ ဦး ဘကလေး (ရွှေရိုး) နှင့် ဦး ထွန်းကြွယ် တို့ ဖြစ်ကြသည်။
၁၉၄၁ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြောင့် ထုတ်ဝေမှု ရပ်နားကာ ၁၉၄၆ ခုနှစ်တွင် ပြန်ထုတ်သည်။
ထုတ်ဝေမှု ရပ်စဲခြင်း
[ပြင်ဆင်ရန်]၁၉၄၈ ခုနှစ်တွင် စာပေနယ်မှ အပြီးတိုင် စွန့်ခွာသွားသည်။
တိုက်ပေါက် စာရေးဆရာများ
[ပြင်ဆင်ရန်]ဒဂုန်တာရာ၊ ဒဂုန်နတ်ရှင်၊ ဒဂုန် ဆရာတင်၊ ဒဂုန်ရွှေမျှား၊ ဒဂုန် ခင်ခင်လေး၊ ဒဂုန် ဦးစန်းငွေ၊ ဒဂုန် ဦးထွန်းမြင့်၊ ဒဂုန် ဦးလှဘေ၊ ခင်မျိုးချစ် စသည့် နာမည်ကျော်စာရေးဆရာများကို စင်တင်ပေးခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မျိုးသန်းစိုး၊ မောင်။ "ဒဂုန်မဂ္ဂဇင်း အညွှန်း"။ စာကြည့်တိုက်နှင့် သုတပညာဌာန၊ ရန်ကုန် တက္ကသိုလ်။ ၂၀၀၆။
![]() | ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |