ထွန်းထွန်းဦး (တရားသူကြီး)

ဝီကီပီးဒီးယား မှ
ထွန်းထွန်းဦး
ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၂ မတ် ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဒေါ်သန်းသန်းအေး
ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
၁၄ ဇူလိုင် ၂၀၂၁ – ၁၂ မတ် ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတဦးမြင့်ဆွေ (ယာယီ)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၃
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
အလုပ်အကိုင်တရားသူကြီး

ဦးထွန်းထွန်းဦး (တရားသူကြီး) (၁၉၆၃ ဖွား) သည် လက်ရှိ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဖြစ်သည်။[၁]

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

၁၉၈၄ ခုနှစ် တွင် LL.B ဥပဒေဘွဲ့ရပြီးနောက် ၃နှစ်အကြာ ဦးထွန်းထွန်းဦး သည် တရားရေးဌာန သို့ စတင်ဝင်ရောက်ခဲ့သည်။စတင်ဝင်ရောက်ချိန်သူသည် တရားရေးအရာရှိ အဆင့်(၄) ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တရားစီရင်ရေးကဏ္ဍအသီးသီးတွင် တရားသူကြီးအဖြစ် ၃၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူး ဖြစ်သည်။ [၂]

တရားလွှတ်တော်တရားသူကြီးဘဝ[ပြင်ဆင်ရန်]

ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီး အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးထွန်းထွန်းဦးကို ၂၀၂၁ ခုနှစ် ဇူလိုင်လ တွင်ခန့်အပ်သည်။[၃] ပြည်နယ်တရားသူကြီးချုပ် ဒေါ် သန်းသန်းအေး ပင်စင် ယူသွား၍ ထိုနေရာသို့ အစားထိုးဝင်ရောက်သည်။ ၂၀၂၃ မတ်လ ၁၃ရက်တွင် ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တရားဝင် တာဝန်ထမ်းဆောင်သည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၁၃ မတ် ၂၀၂၃)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးများကယားပြည်နယ်တရားလွှတ်တော်။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ကယားပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်တရားသူကြီးများကယားပြည်နယ်တရားလွှတ်တော်ရုံး ၂၀၂၁ တရားရုံးနှစ်စဉ်အစီရင်ခံစာ။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။