မာတိကာသို့ ခုန်သွားရန်

ထုံးအိုင်ရွာ၊ ဘားအံမြို့နယ်

ဝီကီပီးဒီးယား မှ
(ထုံးအိုင်ရွာ မှ ပြန်ညွှန်းထားသည်)
ထုံးအိုင်စံပြကျေးရွာ
စံပြကျေးရွာ
ထုံးအိုင်စံပြကျေးရွာ
Skyline of ထုံးအိုင်စံပြကျေးရွာ
ထုံးအိုင်စံပြကျေးရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ထုံးအိုင်စံပြကျေးရွာ
ထုံးအိုင်စံပြကျေးရွာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 16°43′13″N 97°36′00″E / 16.72019°N 97.599907°E / 16.72019; 97.599907ကိုဩဒိနိတ်: 16°43′13″N 97°36′00″E / 16.72019°N 97.599907°E / 16.72019; 97.599907
နိုင်ငံ မြန်မာ
ပြည်နယ်ကရင်ပြည်နယ်
ခရိုင်ဘားအံခရိုင်
မြို့နယ်ဘားအံမြို့နယ်
ကျေးရွာအုပ်စုထုံးအိုင်စံပြကျေးရွာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ထုံးအိုင်ရွာစံပြကျေးရွာ သည် ကရင်ပြည်နယ်ဘားအံမြို့နယ်တွင် တည်ရှိသည့် စံပြကျေးရွာဖြစ်သည်။ ထုံးအိုင်ရွာသည် မွန်လူမျိုးများဆုံး နေထိုင်ကြသော ကျေးရွာတစ်ရွာဖြစ်သည်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ မွန်ရွာများတွင် အကြီးဆုံးသော မွန်ရွာကြီးတစ်ရွာဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ထုံးအိုင်ကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၁၈၄၅ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၈၃၅၇ ဦး နေထိုင်သည်။ ထုံးအိုင်စံပြကျေးရွာတွင် ထုံးအိုင်ကိုယ်ပိုင်ဈေး ရှိသည်။ အစိုးရပိုင် တိုက်နယ်ဆေးရုံသည် ကုတင် ၁၆ လုံး ဆန့်သည်။ထုံးအိုင်ရွာသည်မွန်စစ်သူကြီး တလပန်း၏ကြင်ယာတော် မိထောအွန်း ကိုအစွဲပြု၍ ထောအွန်း မှ ထုံးအိုင် သုံပြောင်းလဲသုံးနှုန်းလာကြခြင်းဖြစ်သည်။

ထုံးအိုင်ကျေးရွာမှာ ကရင်ပြည်နယ် ဘားအံမြို့နယ် ( တောင်ပိုင်း ) သံလွင်မြစ်၏ အရှေ့ဘက် ကမ်းနဖူးပေါ်တွင် တည်ရှိသည် ။ ဘားအံမြို့နှင့် ၁၅ မိုင် - မော်လမြိုင်မြို့နှင့် ၁၅ မိုင်ကွာ တည်ရှိ၏ ဘားအံမှလည်းကောင်း မော်လမြိုင်မှလည်းကောင်း မော်တော်ကားလမ်းဖောက်လုပ်ဆက်သွယ်ထားသည်။ ရေလမ်းမှာမူ သံလွင်မြစ်ကိုအသုံးပြု၍ ယခင်နှစ် ၁၀၀ ကျော်မှစ၍ မော်လမြိုင်မှဘားအံသို့လည်းကောင်း ရွှေဂွန်းသို့လည်းကောင်း ခရီးမိုင်ပေါင်း ( ၈၀ ) ခန့်ရေလမ်းခရီးဖြင့် ၂ ထပ်သင်္ဘောများခုတ်မောင်းလျှက်ရှိရာ ထုံးအိုင်ရွာသည် အကြီးဆုံးသော သင်္ဘောဆိပ်ရွာကြီးဖြစ်ပြီး ခရီးသည်များစားသောက်သုံးစွဲဖွယ်ရာအထူးရောင်း၀ယ်ကောင်းမွန်သော ကျေးရွာကြီးတစ်ရွာဖြစ်ခဲ့သည်။

ဝန်းကျင်ကျေးရွာများ

[ပြင်ဆင်ရန်]

ထုံးအိုင်ကျေးရွာသည် ပတ်ဝန်းကျင် ( ၄ ) မျက်နှာအရပ်၌ အရှေ့ဘက်တွင် နောင်ထလုံးကျေးရွာကော့သံခါကျေးရွာနောင်ဘိုကျေးရွာ၊ အနောက်ဘက်၌ သံလွင်မြစ်ကိုကျော်၍ နတ်မှော်ရွာ၊ မကျီးကျွန်းရွာ၊ ရေကျော်ရွာဝဲကြီးရွာ၊ တောင်ဘက်တွင် ဒေါက်ဒဲကျွန်းကော့ရခိုင်ကျွန်းမိန်းမလှကျွန်းရွာ၊ ဖာအွန်ရွာ ရှိပြီး မြောက်ဘက်၌ ဝင်းကျန်ရွာ၊ ဖာလင်ရွာ၊ ကမ်းနားဖာလင်ရွာနှင့် ၆ မိုင်ကွာ ကော့လှိုက်ကျေးရွာတည်ရှိသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၁၇၅၆-၅၇ ခုနှစ်တွင် မွန်တို့၏ နေပြည်တော်ဖြစ်သော ပဲခူးမြို့ကို ဦးအောင်ဇေယျမှတိုက်ခိုက်ခဲ့ရာ ပဲခူးမြို့ပျက်စီးခဲ့သည်။ မွန်စစ်သူကြီးဒလဘန်း ကြင်ယာတော်နှင့် ရဲမက်စစ်သည်များသည် စစ်တောင်းမှ တဆင့် ကျိုက်ထို သထုံ ၎င်းမှတဆင့် အရှေ့တောင်ဘက် သထုံမြို့နယ် ဒုံသမိချောင်းကမ်းပါး တောကောင်းသည့်နေရာတွင် တပ်တည်ကာနေလေသည်။ ၎င်းနေရာ၏ အရှေ့ဘက် သံလွင်မြစ်ကို ကျော်ဖြတ်ကာ သံလွင်မြစ်၏ အရှေ့ဘက်ကမ်းနဖူးနေရာတွင် နေထိုင်စေပြီး ထိုနေရာတွင် ကျေးရွာထူထောင်ရာ စစ်သူကြီးဒလဘန်းနှင့်ကြင်ယာတော်မိထောအွန်းကို အစွဲပြု၍ မိထောအွန်းမှ တဆင့် ကာလဒေသကြာမြင့်သောအခါ ယခုအခါ ထုံးအိုင်ရွာဟု အမည်တွင်လေ၏။ စစ်သူကြီးဒလဘန်း၏ ကြင်ယာတော်မိထောအွန်းနှင့်အပေါင်းအဖေါ်တို့က ယခုခေါ်ဝေါ်သည့် ထုံးအိုင်အထက်ပိုင်းတွင် ရွာတည်ပြီး နေထိုင်ကြသည်။ ဒလဘန်း၏ ကြင်ယာတော်မိထောအွန်းသည် ထိုရွာ၌ ဘုရားစေတီ ၄ ဆူတည်သည်ဟု အဆိုရှိပါ၏ ထုံးအိုင်ရွာ ကို မွန်ဘာသာဖြင့် ကျိုက်ပွန် ( ဘုရားလေးဆူ ) ဒေသ-ရွာဟု အနီးပတ်ဝန်းကျင်ရှိ ပိုးကရင်ရွာများက ခေါ်ဝေါ်ကြ၏ စစ်သူကြီးဒလဘန်း၏ကြင်ယာတော်သည် အသက်အရွယ် ကြီးပြင်းလာသော အချိန်၌ ဗုဒ္ဓဘာသာတို့ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဘုရားတည်ခြင်း ကျောင်းဆောက်ခြင်း သီလဆောက်တည်ခြင်း အလှူအတန်းပြုလုပ်လာခြင်းကြောင့် မိထောအွန်း အမည်တွင်လေ၏ မိထောအွန်းနာမည်လည်း ထိုရွာတွင်အမည်တွင်ခေါ်ဆိုလာပြီး နောင်တွင် ထုံးအိုင်ကျေးရွာ ဟု ခေါ်ဝေါ်၏။

ထုံးအိုင်ရွာသည် မူလရွာဟောင်းပိုင်းမှ လူနေထူထပ်လာကာ တောင်ဘက်သို့တဖြေးဖြေး ရွာတည်လာရာ ၎င်းအရပ်ကို ထုံးအိုင်အောက်ပိုင်းရွာဟု အမည်တွင်လာ၏ အထက်ရွာမှ စ၍ စစ်အစိုးရလမ်းစဉ်ပါတီခေတ်တွင် ရွာသစ်ပိုင်း တောင်ဘက်မှ မြောက်ဘက်သို့ ရပ်ကွက် ၁ ၂ ၃ ၄ ၅ ရပ်ကွက်ဟူ၍ သတ်မှတ်ခဲ့ကြသည်။ ရွာ၏အလယ်တွင် နတ်စင်အဆောက်အဦး တည်ဆောက်ထား၏ ထုံးအိုင်ရွာတွင် ဘုန်းတော်ကြီးကျောင်း ( ၉ ) ကျောင်းတည်ရှိပြီး ရပ်ကွက် ( ၉ ) ရပ်ကွက်တည်ရှိသည်။ တိုက်ကျောင်း၊ ကွင်းကျောင်း( ဘာဝါ )၊ ခြံကျောင်း၊ မြန်မာစုကျောင်း၊ တောရကျောင်း၊ အလယ်ကျောင်း၊ ကျောင်းသစ်ကျောင်း၊ လေသာကျောင်း (ကူးဆိပ်ကျောင်း )၊ သာသနာ့ ဂုဏ်ရည်ကျောင်းတို့ ဖြစ်သည်။ ထုံးအိုင်ရွာ စတင်တည်ထောင်သောအချိန်တွင် ကမ်းနားက တိုက်ကျောင်းတစ်ကျောင်းသာ တည်ရှိပြီး ကျေးရွာနေလူထုများပြားလာ၍ ယခုကဲ့သို့ ဘုန်းကြီးကျောင်းများ တည်ဆောက်လာကြောင်းသိရသည်။ အမှတ် ( ၅ ) အလယ်ကျောင်း၀င်းတွင် ရှေးကျေးရွာ စတင်တည်ထောင်စဉ်က စ၍ ၀တ်ကျောင်းတစ်ဆောင် တည်ရှိရာ ၎င်းအဆောက်အဦးအတွင်းဘုရားဆင်းတုတော်များ တည်ရှိရာ ရှေးဟောင်းအဆောက်အဦးဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. နိုင်ပန်းအောင်။ စစ်သူကြီးဒလဗန်းနှင့် ကြင်ယာတော်မိထောအွန်း