ထီးခီး
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) မှ ၄ နှစ် အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
ထီးခီး Htee Kee | |
---|---|
Elevation | ၃၂၀ m (၁၀၅၀ ft)[၁] |
Location | မြန်မာ–ထိုင်း နယ်စပ် |
Range | တနင်္သာရီတောင်တန်း |
Coordinates | 13°53′17″N 99°4′47″E / 13.88806°N 99.07972°Eကိုဩဒိနိတ်: 13°53′17″N 99°4′47″E / 13.88806°N 99.07972°E |
ထီးခီးသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်တွင်ရှိသော တနင်္သာရီတိုင်းတွင်ရှိသည့် အပြည်ပြည်ဆိုင်ရာဝင်/ထွက်ပေါက်တစ်ခု၏ မြန်မာနိုင်ငံဘက်ခြမ်းဒေသအမည် ဖြစ်သည်။ အဆိုပါ "ထီးခီး-ဖူနာရွန်"နယ်စပ်ဝင်/ထွက်ပေါက်ကို ၂၀၁၃-ခုနှစ် ဩဂုတ်လ ၂၈-ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။[၂] ထီးခီးနယ်စပ်ဂိတ်ဟုလည်းခေါ်သည်။ ဤဒေသတွင် ထီးခီးကုန်သွယ်ရေးစခန်းကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လာရောက်ဖွင့်လင့်ထားသည်။ [၃]
တည်နေရာ
[ပြင်ဆင်ရန်]ဤဒေသသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထီးခီးကျေးရွာအုပ်စုတွင် တည်ရှိသည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ထီးခီးနယ်စပ်ဂိတ်သည် ယခင်က ကရင် အမျိုးသား အစည်းအရုံး(KNU သို့မဟုတ် ကေအဲန်ယူ) တပ်မဟာ(၄)၏ ဌာနချုပ် အခြေစိုက်ရာနေရာဖြစ်သည်။ ၂၀၁၃ ခုနှစ် မေလတွင် တရားဝင် ဖွင့်လှစ်ခဲ့ပြီး ကေအဲန်ယူနှင့် မြန်မာအစိုးရတပ်တို့ နှစ်ဘက်လုံး ထိန်းချုပ်မှုရှိနေသည့် နေရာဖြစ်သည်။[၄] [၅]
ထီးခီးကုန်သွယ်ရေးစခန်း
[ပြင်ဆင်ရန်]စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထီးခီးကုန်သွယ်ရေးစခန်းကို ၂၀၁၃-ခုနှစ်၊ မေလ ၁၁-ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကျပ်ငွေ၊ ထိုင်းဘတ်ငွေနှင့် အမေရိကန်ဒေါ်လာများကို အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်နိုင်သည်။[၃]
ကုန်သွယ်မှု လမ်းကြောင်းအကွာအဝေးများ
[ပြင်ဆင်ရန်]လမ်းကြောင်းအမည် | အကွာအဝေး |
---|---|
ထားဝယ် - မေတ္တာမြို့ | ၃၄-မိုင် |
မေတ္တာမြို့ - ထီးခီး | ၆၃-မိုင် |
ထားဝယ် - ထီးခီး | ၉၇-မိုင် |
ထီးခီး - ကမ်ချနပူရီ | ၄၃-မိုင် |
ထီးခီး- ဘန်ကောက် | ၈၇-မိုင် |
ခရီးသွားလုပ်ငန်း
[ပြင်ဆင်ရန်]၂၀၁၆-ခုနှစ် မတ်လတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပွန်ပီပက်ကုမ္ပဏီ(Myanmar Pongpipat Co. Ltd.)အား ဤဒေသတွင် နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းကို မြေဧရိယာ ဧက ၅၀ ပေါ်တွင်လုပ်ကိုင်ခွင့်ပေးခဲ့သည်။[၆]
ဆက်စပ်စာမျက်နှာ
[ပြင်ဆင်ရန်]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ဂူးဂဲလ်မြေပုံရှိ ထီးခီးတည်နေရာ (Htee Kee on Google Maps)။ 2020-08-19 တွင် ပြန်စစ်ပြီး။
- ↑ မဟာမဲခေါင်ဒေသ၊ နယ်စပ်ဖြတ်သန်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ သဘောတူညီချက်။ 27 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-16 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ၃.၂ ထီးခီးကုန်သွယ်ရေးစခန်း။ 2018-06-15 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-13 တွင် ပြန်စစ်ပြီး။
- ↑ ကျော်ခ (2016-07-04)။ ထီးခီးဂိတ် ပြဿနာ ဖြစ်ပွားပြီးနောက် JMC - S ဒု ဥက္ကဋ္ဌ နုတ်ထွက်။ 2019-05-31 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-20 တွင် ပြန်စစ်ပြီး။
- ↑ ထားဝယ်-ကန်ချနပူရီ ကားလမ်းတွင် မြန်မာအစိုးရတပ်ပိုမိုတိုးချဲ့လာ (2011-10-26)။ 20 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-20 တွင် ပြန်စစ်ပြီး။
- ↑ ထီးခီးနယ်စပ် ဟိုတယ်လုပ်ငန်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ညွှန်ကြားချက်ဖြင့် စစ်ဆေး (2018-08-06)။ 2020-08-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-19 တွင် ပြန်စစ်ပြီး။