ထိုင်းအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၉

ဝီကီပီးဒီးယား မှ
၂၀၁၉ ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲ

← ၂၀၁၄ ၂၄ မတ် ၂၀၁၉ ၂၀၂၃ →
မဲပေးခွင့်ရှိသူဦးရေ၅၁,၂၃၉,၆၃၈
မဲပေးသူဦးရေ၇၄.၆၉%
 
ကိုယ်စားလှယ်လောင်း ပရာယွတ်ချန်အိုချာ
(တစ်သီးပုဂ္ဂလ)
ဆူဒါရတ် ကီယူရာဖန် ဓနာဓရ ကျွန်ရွန်းရွန်းကစ်
ပါတီ Palang Pracharath Party ဖြူထိုင်းပါတီ Future Forward Party
Popular မဲ ၈,၄၃၃,၁၃၇ ၇,၉၂၀,၆၃၀ ၆,၂၆၅,၉၅၀
ရာခိုင်နှုန်း ၂၃.၃၄% ၂၁.၉၂% ၁၇.၃၄%

 
ကိုယ်စားလှယ်လောင်း အဘီစစ် ဝိဇ္ဇာဇီဝ Anutin Charnvirakul
ပါတီ Democrat Party Bhumjaithai Party
Popular မဲ ၃,၉၄၇,၇၂၆ ၃,၇၃၂,၈၈၃
ရာခိုင်နှုန်း ၁၀.၉၂% ၁၀.၃၃%

ရွေးကောက်ပွဲရလဒ်

ရွေးကောက်ပွဲ မတိုင်မီ ဝန်ကြီးချုပ်

ပရာယွတ်ချန်အိုချာ
အမျိုးသားငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးကောင်စီ

ဝန်ကြီးချုပ်

ပရာယွတ်ချန်အိုချာ
တစ်သီးပုဂ္ဂလ

၂၀၁၉ ထိုင်းအ​ထွေ​ထွေ​ရွေး​ကောက်ပွဲ သည် ၂၀၁၉ခုနှစ် မတ်လ၂၄ရက်တွင် ကျင်းပခဲ့​သော အ​ထွေ​ထွေ​ရွေး​ကောက်ပွဲဖြစ်သည်။ ၂၀၁၉ခုနှစ် ဇန်နဝါရီ ၂၃ရက်​နေ့တွင် ထိုင်း​ရွေး​ကောက်ပွဲ​ကော်မရှင်မှ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ပထမဆုံးပြန်လည်ကျင်းပ​သော ​ရွေး​ကောက်ပွဲဖြစ်သည်။[၁]

အာဏာသိမ်းစစ်အစိုးရမှ ၂၀၁၅ခုနှစ်တွင် ​ရွေး​ကောက်ပွဲကျင်းပရန် ကတိ​ပေးခဲ့​သော်လည်း ​ရွှေ့ဆိုင်းခဲ့သည်။၂၀၁၆ခုနှစ် စက်တင်ဘာလအတွင်းက ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံတွင် ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ၂၀၁၇​​နှောင်းပိုင်းတွင် ကျင်းပနိုင်​ကြောင်း​ပြောခဲ့သည်။၂၀၁၇ခုနှစ်အတွင်းက အ​မေရိကန်နိုင်ငံ အိမ်ဖြူ​တော်သို့ အလည်​ရောက်ရှိစဉ်ကလည်း ၂၀၁၈ခုနှစ်တွင် ကျင်းပမည်ဟု ကတိ​ပေးပြန်သည်။၂၀၂၇ခုနှစ် ​အောက်တိုဘာတွင်မူ ​ရွေး​ကောက်ပွဲကို ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် ကတိ​ပေးခဲ့သည်။[၂][၃] သို့​သော် အ​ကြောင်းအမျိုးမျိုး​ကြောင့် ​ရွေး​ကောက်ပွဲကို ၂၀၁၉ခုနှစ် မတ်လသို့ ​ပြောင်းခဲ့ပြန်သည်။

အာဏာသိမ်းစစ်အစိုးရမှ ရေးဆွဲထားသော ၂၀၁၇ အခြေခံဥပဒေကို အတည်ပြုပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပသော ရွေးကောက်ပွဲဖြစ်သည်။ ရွေးကောက်ပွဲပြီးချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာပင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]