ဆူဒါရတ် ကီယူရာဖန်

ဝီကီပီးဒီးယား မှ


ဆူဒါရတ် ကီယူရာဖန်
Sudarat Keyuraphan
สุดารัตน์ เกยุราพันธ์
လယ်ယာစိုက်ပျိုး​ရေးနှင့် သမဝါယမဝန်ကြီး
တာဝန်သက်တမ်း
၁၁ မတ် ၂၀၀၅ – ၁၉ စက်တင်ဘာ ၂၀၀၆
ဝန်ကြီးချုပ်သက်ဆင် ရှင်နာဝပ်
ယခင်လူဝမ် မူဟာမတ် ​နော် မသာ
ဆက်ခံသူသီယာ ဆူတာဘု
ပြည်သူ့ကျန်းမာ​ရေးဝန်ကြီး
တာဝန်သက်တမ်း
၁၇ ​ဖေ​ဖော်ဝါရီ ၂၀၀၁ – ၁၀ မတ် ၂၀၀၅
ဝန်ကြီးချုပ်သက်ဆင် ရှင်နာဝပ်
ယခင်လူခွန် ဒဘာရန်ဆီ
ဆက်ခံသူဆူချိုင်း
ပြည်ထဲ​ရေး ဒုဝန်ကြီး
တာဝန်သက်တမ်း
၂၈ ​မေ ၁၉၉၆ – ၁၄ ဩဂုတ် ၁၉၉၆
ဝန်ကြီးချုပ်ဘန်ဟန် ဆီပါ့အာချာ
ပို့​ဆောင်​ရေး ဒုဝန်ကြီး
တာဝန်သက်တမ်း
၂၅ ​အောက်တိုဘာ ၁၉၉၄ – ၁၉ ​မေ ၁၉၉၅
ဝန်ကြီးချုပ်ချူအန် လိပိုင်
​အောက်လွှတ်​တော်အမတ်
တာဝန်သက်တမ်း
၁၉၉၃ – ၂၀၀၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1961-05-01) ၁ မေ၊ ၁၉၆၁ (အသက် ၆၂)
ဘန်​​ကောက်မြို့၊ ထိုင်းနိုင်ငံ
နိုင်ငံရေးပါတီထိုင်းရတ်ထိုင်းပါဆီ (၁၉၉၈-၂၀၀၆)
ဖြူထိုင်းပါတီ (၂၀၁၈-လက်ရှိ)
ကြင်ဖော်(များ)ဆိုမိုင်ယို့ လီးလပန်နီယာလတ်
သားသမီး
ပညာရေးချူလာလောင်ကွန်းတက္ကသိုလ် (BS, MBA)
မဟာချလာ​လောင်ကွန်းရာဇာပတိ တက္ကသိုလ် (PhD)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ ထိုင်း
တပ်/တပ်ဖွဲ့ခွဲလုပ်အား​ပေးတပ်
ရာထူးလုပ်အား​ပေး ဗိုလ်မှူးကြီး[၁]

ဆူဒါရတ် ကီယူရာဖန် သည် ထိုင်းနိုင်ငံ​ရေးသမားတစ်ဦးဖြစ်ကာ ထိုင်းရတ်ထိုင်းပါတီ၏ ယခင်ဒုတိယ​ခေါင်း​ဆောင်ဖြစ်သည်။ ထိုင်းပန်ထိုင်း​ဖောင်​ဒေးရှင်း၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ ယခင်အစိုးရများလက်ထက်က ဝန်ကြီး၊ဒုဝန်ကြီး တာဝန်များလည်း ထမ်း​ဆောင်ခဲ့သည်။[၂]

မိသားစုနှင့် ပုဂ္ဂိုလ်​ရေးဘဝ[ပြင်ဆင်ရန်]

သူ့ကို ဘန်​ကောက်မြို့တွင် ဆွန်ပွန် ကီယူရာပန်နှင့် ရီနူး ကီယူရာဖန်တို့မှ ဖွားမြင်ခဲ့သည်။ သူ၏အ​ဖေမှာ နခွန်ရတ်ချစီမာပြည်နယ်၏ ယခင်အမတ်​​ဟောင်းဖြစ်သည်။ သူ၏ အထက်တန်းပညာကို ဘန်​ကောက်မြို့ရှိ စိန့်ဂျိုးဇက် ကွန်ဗင့်​ကျောင်းမှ​အောင်မြင်ကာ ချူလာ​လောင်ကွန်းတက္ကသိုလ်မှ စီးပွားကူးသန်းရောင်းဝယ်ရေးနှင့် စာရင်းကိုင်ဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။ ထို့​နောက် ဆဆင်​ကျောင်း မှ မဟာဘွဲ့ရခဲ့သည်။၂၀၁၈ခုနှစ်တွင် ဗုဒ္ဓဘာသာ​ဘာသာရပ်ဖြင့် ​ဒေါက်တာဘွဲ့ကို မဟာချလာ​လောင်ကွန်းရာဇာပတိ တက္ကသိုလ်မှ ရရှိခဲ့သည်။[၃]

သူသည် အိမ်ခြံ​မြေလုပ်ငန်းရှင် ဆိုမိုင်ယို့ လီးလပန်နီယာလတ်နှင့် လက်ထပ်ကာ က​လေး၃​ယောက်​မွေးဖွားခဲ့သည်။

နိုင်ငံ​ရေး​လောက[ပြင်ဆင်ရန်]

သူ၏ နိုင်ငံ​ရေး​လောကကို ၁၉၉၁ခုနှစ်တွင် စတင်ခဲ့သည်။ ဘန်​ကောက်၏ ခရိုင်၁၂ကိုယ်စားပြုအဖြစ် အမတ်​ရွေးချယ်ခံခဲ့ရသည်။၁၉၉၂ခုနှစ် ​ရွေး​ကောက်ပွဲတွင် ဘန်​ကောက်တွင်ပင် ပြန်လည်အ​ရွေးခံခဲ့ရကာ ချူအန် လိပိုင်အစိုးရ၏ ဒုတိယ​ပြော​ရေးဆိုခွင့်ရသူအဖြစ် ခန့်အပ်ခံခဲ့ရသည်။

၁၉၉၄ခုနှစ်တွင် ပလန်းဓမ္မပါတီ၏ အ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်အဖြစ် ခန့်အပ်ခံရသည်။ ချူအန် လိပိုင်အစိုးရ၏ ပို့​ဆောင်​ရေး ဒုဝန်ကြီးလည်း ဖြစ်လာခံ့သည်။ ​၁၉၉၅​ရွေး​ကောက်ပွဲတွင် ဘန်​ကောက်မြို့မှပင် အနိုင်ရကာ ဘန်ဟန် ဆီပါ့အာချာအစိုးရ၏ ပြည်ထဲ​ရေး ဒုဝန်ကြီး ဖြစ်လာခဲ့သည်။ သူ၏ကာလအတွင်း ဘန်နအ​​ဝေး​ပြေးလမ်းစီမံကိန်းမှာ ၁၁လကြာ ​နှောင့်​နှေးခဲ့သည်။ဤသည်မှာ နိုင်ငံအတွင်း ကြီးမား​သော ရှုတ်ချ​ပြောဆိုမှုခြင်းဖြစ်ခဲ့သည်။ အ​ကြောင်းမှာ အစိုးရအ​နေဖြင့် ​လျော်​ကြေး​​ငွေ သန်း​ထောင်ချီ​ပေးခဲ့ရခြင်း​ကြောင့်ဖြစ်သည်။[၄]

၁၉၉၆တွင် ပြန်လည်အ​ရွေးခံရပြန်ပြီး ပလန်းဓမ္မပါတီ၏ တစ်ဦးတည်း​သော အ​ရွေးခံရသည့်အမတ်ဖြစ်သည်။

၁၉၉၈တွင် သက်ဆင်ရှင်နာဝပ်နှင့်အတူ ထိုင်းရန်ထိုင်းပါတီကို တည်​ထောင်ခဲ့ပြီး ဒုတိယ​ခေါင်း​ဆောင်ဖြစ်လာသည်။ ထို့​နောက် ယင်းပါတီမှာ ၂၀၀၆​ရွေး​ကောက်ပွဲတွင် ၆၁%ဖြင့် အနိုင်ရကာ ထိုင်း၏ အကြီးဆုံးပါတီဖြစ်ခဲ့သည်။

၂၀၀၁​ရွေး​ကောက်ပွဲတွင် အ​ရွေးခံရပြန်ပြီး ပြည်သူ့ကျန်မာ​ရေးဝန်ကြီးအဖြစ် ၂၀၀၁ ​ဖေ​ဖော်ဝါရီ ၁၇ရက်​နေ့တွင် သင်ဆင်အစိုးရမှ ခန့်အပ်ခဲ့သည်။၂၀၀၆​ရွေး​ကောက်ပွဲအပြီးတွင် လယ်ယာစိုက်ပျိုး​ရေးနှင့် သမဝါယမဝန်ကြီးအဖြစ် ခန့်အပ်ခံရ​သော်လည်း အာဏာအသိမ်းခံခဲ့ရသည်။

ထိုင်းရတ်ထိုငိးပါတီ၏ အုပ်ချုက်​ရေးအဖွဲ့မှ​ခေါင်း​ဆောင်များကို နိုင်ငံ​ရေးလှုပ်ရှားမှု၅နှစ် ပိတ်ပင်လိုက်ရာ ​ခေါင်း​ဆောင် ၁၁၁ဦးတွင် သူလည်းပါခဲ့သည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]