ထပ်လွိုင်ပေါင်း စေတီ

ဝီကီပီးဒီးယား မှ

ထပ်လွိုင်ပေါင်း စေတီသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တည်ရှိပြီး ထပ်လွိုင်ပေါင်း တောင်ကို အမည်စွဲ၍ ခေါ်သည်။ ထပ်(စေတီ), လွိုင်(တောင်), ပေါင်း(ကင်းမြီးကောက်)ဟူ၍ တိုက်ရိုက်ပြန်သော် ကင်းမြီးကောက်စေတီတောင်ဟု အဓိပ္ပာယ် ရသည်။ ခရစ်သက္ကရာဇ် ၁၇၆၆ တွင် အလောင်းမင်းတရား ဇင်းမယ် (ယခု ချင်းမိုင်)သို့ စစ်ချီစဉ် ဤစေတီကို တည်ထားပြီးနောက် သစ္စာ ဆိုခဲ့သည်။ ရှေးယခင် ဦးအောင်ဇေယျ တည်ထားစဉ် ထီးတော်မရှိ၊ မည်သူမှလည်း တင်ရန် ကြံစည်မရ၊ တင်ပြီးသည်နှင့် ထီးတော်မှာ မိုးကြိုးခပြီး မြေခရမြဲ ဖြစ်သည်။၁၉၉၃ ဝန်းကျင်၌ မြန်မာနိုင်ငံ သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဦးသောဘိတ၊ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တ ဝဏ္ဏသိရီ၊ မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ (ကျောက်ဝမ်ကြူ)၊ တာချီလိတ်က နဂါးနှစ်ကောင် ဆရာတော်နှင့် လုံဖော့ဆရာတော်တို့ ဦးစီးပြီး ထီးတော် တင်လှူမှသာ အောင်မြင်ခဲ့သည်။။[၁]

အမည်တွင်ပုံ[ပြင်ဆင်ရန်]

ရွှေရောင်ဝင်းသော စေတီတော်၏ ခြေရင်း တနင်္ဂနွေ ၊ အင်္ဂါ ၊ စနေ၊ ရာဟု ထောင့်များ (ပါပထောင့် လေးထာင့်)တွင် ကင်းမြီးကောက် ကြီး လေးရုပ် ထုလုပ်ထားသောကြောင့် ဤ အမည် ရရှိသည်။ "သူ့ကိုနိုင်လို ဆကိုခို"ဟူသော ကိန်းခန်းအရ စီရင်ထားခြင်း ဖြစ်သည်။

ပွဲလမ်းသဘင်[ပြင်ဆင်ရန်]

နယ်ခြားဖြစ်သော မယ်ဆိုင်နှင့် တာချီလိတ်ကြားရှိ တံတားအလယ်မှ မျှော်ကြည့်လျှင် ကောင်းစွာ ဖူးမြင်ရသည့် ထပ်လွိုင်ပေါင်း စေတီသည် ထိုင်းနိုင်ငံ အတွက်မူ အထူး အမွန်အမြတ်ထားရာ တန်ခိုးကြီးဘုရား တဆူ ဖြစ်ကာ၊ ေန့ထူးေန့မြတ်၌ ကုသိုလ်ပွဲ၊ အလှူပွဲ ကျင်းပလေ့ရှိပြီး၊ ရုပ်သံမှတဆင့် တတိုင်းပြည်လုံးသို့ ထုတ်လွှင့်ပြသ ဖူးမြော်စေသည်။ မြို့မြောက်ဘက် တောင်ကုန်းတွင် စံပယ်သော စေတီတော်သို့ တက်ရန် နဂါးရုပ်မုခ်ဦးဖြင့် မွမ်းမံထားသော စောင်းတန်းရှိသည်။ တောင်လယ်တွင် ဒုတိယမုခ် ရှိသေးကာ၊ ကားလမ်းလည်း ပေါက်၊ ခြေကျင်လျှောက်လည်း ရသည်။ နယ်ခြားတံတားမှ တောင်ဘက် တဖာလုံ၊ အနောက်ဘက် ကိုက် ၁၅၀ လျှောက်သော် ရောက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အောင်ဇ (စက်တင်ဘာလ, ၁၉၉၈)။ ထပ်လွိုင်ပေါင်း၁၄၆။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်း။ p. ၁၂။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)