ထပ်ပိုးမြှင့်တင်ထားသော အတုအယောင် ပကတိ

ဝီကီပီးဒီးယား မှ
အသွင်ယောင် ပကတိ သို့မဟုတ် ပေါင်းစပ် ပကတိ  နှင့် မရောထွေးပါနှင့်။

ထပ်ပိုးမြှင့်တင်ထားသော အတုအယောင် ပကတိ (အင်္ဂလိပ်: Augmented Reality - AR) ဆိုသည်မှာ လက်တွေ့ ကမ္ဘာလောကတွင် တည်ရှိနေသော အရာဝတ္တုများ၏ အပေါ်၌ ထပ်ပိုးမြှင့်တင်၍ ဒစ်ဂျစ်တယ် ရုပ်ပုံများကို ပြသပေးသည့် ကွန်ပျူတာနည်းပညာတစ်ခုဖြစ်သည်။ သာဓကအားဖြင့် ၎င်းနည်းပညာသည် လက်တွေ့ကမ္ဘာမြေပြင်ပေါ်တွင် ဒစ်ဂျစ်တယ်ပုံရိပ်ဖြင့် စားပွဲတစ်ခုကို ပြသခြင်းမျိုးဖြစ်သည်။ ၎င်းသည် လူတစ်ဦးအား အခြားတစ်နေရာတွင် ရှိနေသည်ဟု ခံစားမှုဖြစ်စေနိုင်သော အသွင်ယောင် ပကတိ (virtual reality) နှင့် ကွဲပြားသည်။