တွေးသတိထား

ဝီကီပီးဒီးယား မှ

တွေးသတိထား ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

တွေးသတိထား[ပြင်ဆင်ရန်]

ရွက်နီရေ ငွေဆယ်ကျပ်တွင်မှ၊ တမတ်ပင် ကြင်သီတွဲကဲ့ရင်၊ မတ်ကဲပင်ဆိုသမုတ်ကြ၊ ထိုအရှုပ်ကို ရှင်းအောင်ထားတဲ့၊ ဒင်္ဂါးငွေတဆယ်နှင့် နှစ်ကျပ်ကဲ့ပြင် တမတ်တိုင်ပိုင်မပြေ့တတ်ဘု၊ သုံးစေ့ရုပ်ကြေးပိုက်ဆံ။

အပြီးတိုင်ဗိုလ်နှင့် တွက်လိုက်တော့၊ မီးဆက်ရန် လွယ်တဲ့အလုပ်ပ၊ မီးရှုပ်ပုံလွန်ကြပ်တဲကြ၊ နှစ်မတ်ထဲဝယ်၊ တပဲတဆယ်နှင့် နှစ်ကျပ်တဲ့၊ သိသာအောင်၊ တိကာဖြတ်ခဲ့ပ၊ သုံးမတ်ထဲမှာ၊ အသပြာရပုံက၊ ဒွါဒတွင်ပိုက်ဆံနှစ်ချပ်ကို၊ ခြွင်းလှပ်၍ချန်။

ငွေမွေးမှန်တဆယ်ရပြန်က၊ ဧကဧကာခေါ်တဲ့၊ တဆယ်ကျော်၊ ပေါ်တကျပ်ကဲ့ပြင်၊ တခတ်မှာပိုလျှံသည့်၊ ကြေးပိုက်ဆံခုနစ်ပြားနှင့်၊ မတ်ငါးလီဤအကဲမတော့၊ တပဲသာတဆယ်နှင့် တကျပ်ပ၊ ခြောက်မတ်ခေါ် ပေါ်အကဲမှာဖြင့်၊ တပဲလီမမှီသေးတတ်ဘု၊ လေးရွေးတန် ပိုက်ဆံနှစ်ချပ်နှင့်၊ သုံးမတ်အလယ်၊ တဆယ်အရင်းပ၊ မတ်တင်းကဲဝယ်၊ တဆယ်ကကျူးပါလို့၊ ခြောက်မူးနှင့် တပဲလျှံ၊ ခွဲပြန်တဲ့ကတ္တား။

အကဲနှစ်ဆယ်ရေဖြင့်၊ တပဲငွေသုံးထွေမူးနှင့်၊ ဂဟေပူးတွယ် တဆယ်ကမောက်ပြန်ခဲ့၊ ထိုနောက်ဝယ်သုံးဆယ်ကဲတော့၊ ခြောက်ပဲသာ ရှစ်အသပြာတဲ့၊ ခုနစ်ကျပ်မှာ၊ သာနှစ်ပဲတော့၊ အကဲငွေလေးဆယ်ထားကြစို့၊ ငွေငါးဆယ် နားလည်ဘို့ အကဲက၊ ရှစ်ပဲသာ ခြောက်သပြာကစွန်းသတဲ့၊ နာလွန်းတယ် မဆိုသင့်ပါဘု၊ အခွင့်မှာလယ်ရာရွေးကြတော့၊ သက္ကရာဇ်ခွေ နှစ်ရှေဝေးသောကြောင့်၊ ငွေမွှေးမှန်၊ ရွက်နီကို ထိအောင်ဖြင့်၊ ရှေးမမှီရွေးလီကို မသိပြီဘု၊ အရေးမယူ အလေးမမူ မရှိကြနှင့်၊ တွေးသတိထား။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။