တွေးကြောက်ဘွယ့်ကိုး

ဝီကီပီးဒီးယား မှ

တွေးကြောက်ဘွယ့်ကိုး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ကိုးခုစွန်းနှစ်များတွင် ဖြစ်တတ်သည့်အကြောင်းများကို ဖွဲ့ဆိုထားသည့် သံချို ဖြစ်သည်။

တွေးကြောက်ဘွယ့်ကိုး[ပြင်ဆင်ရန်]

နိမိတ်ဖြင့်ဆန်းပြန်ပေါ့၊ ဟိတ်ခန်းဘယ်လိုပုံဟု၊ အလုံးစုံဖတ်မကြားနိုင်ဘု၊ မှတ်သားရန် အခြေပြောရလျှင်၊ ငွေကောဇာ ၉ ခု အနင်းမှာလ၊ ချင်းတွင်းနယ် သလ္လာဝတီ၌၊ မွန်စွာတလီ မြစ်ရေနောက်စဉ်က၊ မီးတောက်သွင် ဘလောင်ဆူ၍၊ တောင်ငူတွင်သဝံငယ်က၊ လွန်တကယ် လောဘကြီးသော်ကြောင့်၊ သဝံကြီးမူ ခန္ဓာပျက်လို့၊ အမွန်ထီးဖြူဘမယာတက်ခဲ့၊ တိုင်းပြေပျက်မှုကြုံဟန်။

ထီးကျိုးခေါ်စည်ပါပေါလ်သော်ကြောင့်၊ အထောက်မတန်ပ၊ ခလောက်ဆန်မငြိမ်သက်သလိုပ၊ သူ့ထက်ငါဒုက္ခများလို့မို့၊ အစားအစာနှင့် အသွားအလာ အများသတ္တဝါအားလုံးမှာဖြင့်၊ နုံးလျစွာတမူကွဲစေဘို့၊ ချုံးချအောင်ပူမစဲပုံက၊ ဆူသဲအင် တောမသတ်ပါတဲ့၊ မြောစရာမှတ်ရွှေရစ်တံ။

ယခု ၉ မှာတော့၊ မူဆိုးဘယ်လိုကြုံဘို့၊ အလုံးစုံမှန်မသိပေမဲ့၊ ဉာဏ်ရှိသူကိုမလစ်စေနှင့်၊ ထိမြစ်ရေတကြိမ်နောက်ပြန်တော့၊ ငြိမ်လောက်အောင် သတိဖြင့်ထားကြတော့၊ ပိပြားရန်မလွယ်ကူဘု၊ မြန်နယ်ဇမ္ဗူ မြို့ဗဟိုရ်အနက်မှာလ၊ ရန်စွယ်ပြုကာ သို့ကလို ထွက်မည်ထင့်၊ ခုပြချက်နိမိတ်ခံ အတိတ်ကံအိုဆိုး။

အမှတ်ရှိတာမို့၊ သတ္တိငယ်တိရိယာနှင့်၊ ပညာကိုယှဉ်ကာတွဲလျှင်ဖြင့်၊ အနဲငယ်အပူလောက်ကယ်နှင့်၊ တိမ်းသွေကာ ကိန်းကြေ၍ ပျောက်ရန်ဘို့၊ တည်ဆောက်ကာ ပဉ္ဇသီနှင့်၊ အဋ္ဌင်္ဂီတရား၊ ဗြဟ္မစိုရ်နှင့် မွှေးကြမှ၊ ပလ္လင်ဝဇီရာ ပတ္တမြား ဗဟိုရ်၌ အေးမည်ပါ့၊ မောင်းထောင်ကျော်တရာ၊ နှောင်းနော် မြှော်ကာရေးခဲ့မယ်၊ တွေးကြောက်ဘွယ့်ကိုး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ နိမိတ် = တစ်စုံတစ်ခုဖြစ်ပေါ်မည်ဟု ကြိုတင်ပြဆိုသော အရိပ်အရောင်စသည့် အဖြစ်အပျက်။

၂။ အတိတ် = ထိုနိမိတ်ကို အကြောင်းပြု၍ ရှေးကမည်သို့ရှိခဲ့၍ မည်သို့ဖြစ်သင့်သည်ဟု ကောက်ယူချက်။

၃။ သစံကြီး = တောင်ငူတွင် စတင်မင်းပြုသောမင်း၊ သစံကြီး နှင့် သစံငယ်။

၄။ ပဉ္ဇသီ = ငါးပါးသီလ။

၅။ အဋ္ဌင်္ဂီ = ရှစ်ပါးသီလ။

၆။ ပလ္လင်ဝဇီရာ = စိန် ပတ္တမြား စသည့် နဝရတ်ကိုးပါးတို့ ခြယ်လှယ်ထားသည့် ပလ္လင်ရှိရာထီးနန်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။