တောင်အမေရိကတိုက်မှ တင်နာမူရစ်ငှက်များ

ဝီကီပီးဒီးယား မှ
တင်နာမူ ရစ်ငှက်
(အင်္ဂလိပ်: Tinamou)
Temporal range: Miocene – Recent 10–0 Ma
Stavenn Eudromia elegans 00.jpg
Elegant crested tinamou (Eudromia elegans)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
Infraclass: Palaeognathae
Clade: Notopalaeognathae
မျိုးစဉ်: Tinamiformes
Huxley, 1872[၁]
မျိုးရင်း: Tinamidae
G. R. Gray, 1840[၁]
အမျိုးအစား မျိုးစိတ်
Tinamus major
Gmelin, 1789
မျိုးစု


ဇီဝမျိုးစုံမျိုးကွဲ
မျိုးရင်းခွဲ ၂ ခု၊ မျိုးစု ၉ ခု၊ မျိုးစိတ် ၄၇ ခု၊ မျိုးစိတ်ခွဲ ၁၂၇ ခု
Tinamidi Distribuzione.jpg
       Range of the family
Synonyms
  • Crypturidae Bonaparte, 1831
  • Tinamotidae Bonaparte, 1854
  • Eudromiidae Bonaparte, 1854
  • Rhynchotidae von Boetticher, 1934

တောင်အမေရိကတိုက်မှ တင်နာမူရစ်ငှက်များ[မှတ်စု ၁] (Tinamous) (/ˈtɪnəˌmz/) သည် Tinamiformes ဟုခေါ်သည့် ငှက်မျိုးစဉ်တစ်ခုဖြစ်ပြီး မျိုးရင်းခွဲ ၂ ခုဖြင့် ပိုင်းခြားထားသည်။ မျိုးစိတ်ပေါင်း ၄၆ ခု ပါဝင်ပြီး မက္ကဆီကိုနိုင်ငံဗဟိုအမေရိကတောင်အမေရိကတိုက်တို့တွင် တွေ့ရှိရသည်။ ယင်းငှက်တို့သည် မပျံသန်းနိုင်သော ratite ငှက်များနှင့် ညီအစ်မအုပ်စု တော်စပ်မှုရှိကြသည်။ တင်နာမူရစ်ငှက်များသည် ကုန်းမြေပြင်တွင် ကျင်လည်ကျက်စားတတ်သည့်ငှက်များဖြစ်ကြပြီး အန္တရာယ်နှင့် ကြုံတွေ့လာပါက ရင်ဆိုင်တိုက်ခိုက်ခြင်းကိုရှောင်ဖယ်ကာ ပုန်းခြင်း၊ ပြေးလွှားခြင်းကို ပိုမိုလိုလားကြသည်။ မျိုးရင်းခွဲ ၂ ခုကို ကွင်းပြင်းတွင် နေထိုင်သော တင်နာမူရစ်ငှက်နှင့် သစ်တောတွင် ကျင်လည်ကျက်စားသော တင်နာမူရစ်ငှက်များဟူ၍ ခွဲခြားသည်။

တင်နာမူရစ်ငှက်များသည် ရှက်ကြောက်တတ်ပြီး လျှို့ဝှက်သိုသိပ်နိုင်ကြသည်။ နေ့ခင်းဘက်တွင် သွားလာလှုပ်ရှားပြီး ညဘက်တွင် အနားယူကြသည်။ ငှက်အမများသည် များသောအားဖြင့် ငှက်အထီးများထက် ပိုကြီးသည်။ အပင်နှင့် တိရစ္ဆာန်မျိုးစုံကို စားသောက်ကြပြီး သစ်စေ့များ၊ အင်းဆက်များ၊ တီကောင်များအထိ ပါဝင်သည်။ တင်နာမူရစ်ငှက်များကို မြင်ရသည်ထက် အသံကို မကြာခဏ ကြားရတတ်သည်။ သားပေါက်ရာသီတွင် မတူညီသောကြိမ်နှုန်းဖြင့် အချင်းချင်း အသံပေးကာ ဆက်သွယ်ကြသည်။ ငှက်အမသည် အရောင်တောက်သည့် ဥကို ဥပေးတတ်သည်။ ဥမှ သားပေါက်ရန် ၂-၃ ပတ်ခန့် ကြာမြင့်သည်။ သားပေါက်ကလေးသည် သားပေါက်ပြီးချင်း ပြေးနိုင်ပြီး ရက်သတ္တပတ် ၃ ပတ်ကြာပါက မိမိဘာသာရပ်တည်နိုင်ကြသည်။

တင်နာမူရစ်ငှက်များနှင့် ယင်းတို့၏ဥများသည် ဖယ်လကွန်သိမ်းငှက်၊ ကျားစသော သဘာဝ သားရဲတိရစ္ဆာန်တို့၏ အန္တရာယ်မှ ရင်ဆိုင်ရသည်။ လူသားများ၏ အလွန်အကျွံ အမဲလိုက်ခြင်းကိုလည်း ခံရပြီး တခါတရံ အိမ်မွေးတိရစ္ဆာန်များအဖြစ် မွေးမြူခြင်းခံကြရသည်။ သို့သော်လည်း ယင်းငှက်တို့၏ အဓိကဘေးအန္တရာယ်မှာ စိုက်ပျိုးမွေးမြူရေးအတွက် တင်နာမူရစ်ငှက်များ၏ နေထိုင်ကျက်စားရာနယ်မြေများ ဖျက်ဆီးခံရခြင်းဖြစ်သည်။ ငှက်မျိုးစိတ် ၇ ခုကို မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်အဖြစ် သတ်မှတ်ခြင်းခံထားရပြီး အခြားမျိုးစိတ် ၇ ခုကိုမူ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်ဖွယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရသည်။ တင်နာမူရစ်ငှက်များသည် ဌာနေတိုင်းရင်းသားများအတွက် ဒဏ္ဍာရီအဖြစ် ပုံဖော်ခြင်းခံထားရသည်။ တင်နာမူရစ်ငှက်များကို လှောင်အိမ်တွင် သားပေါက်အောင် မွေးမြူနိုင်ကြသော်လည်း ယဉ်ပါးအောင် မွေးမြူနိုင်ခြင်း မရှိခဲ့ပေ။

မှတ်စုများ[ပြင်ဆင်ရန်]

  1. ကျော်ညွန့်လွင်; ခင်မမသွင် (၂၀၀၃)။ မြန်မာနိုင်ငံ ငှက်များ။ ချိုတေးသံစာပေ။ pp. ဍ။

ကိုးကား[ပြင်ဆင်ရန်]