မာတိကာသို့ ခုန်သွားရန်

တောင်ကိုရီးယား စံဘာသာစကား

ဝီကီပီးဒီးယား မှ

တောင်ကိုရီးယားစံဘာသာစကား သို့မဟုတ် ဖျိုဂျွန်အော (ကိုရီးယား- 표준어၊ ဟန်ဂျာ- 標準語) သည် ကိုရီးယားဘာသာစကားတောင်ကိုရီးယားစံပုံစံဖြစ်သည်။ အခြားဒေသိယစကားများမှ စကားလုံးအမျိုးမျိုးကို ချေးယူထားသော်လည်း ဆိုးလ်ဒေသိယစကားကို အခြေခံထားသည်။ ၎င်းသည် စီအီး ၁၄၄၃ ဒီဇင်ဘာလတွင် ဂျိုဆွန်းခေတ်ဘုရင် ဆယ်ဂျုံးမှ ဖန်တီးခဲ့သောဟန်ဂုလ် အက္ခရာကို အသုံးပြုထားသည်။ မြောက်ကိုရီးယားစံဘာသာစကား (မွန်ဟွာအော) နှင့် မတူဘဲ၊ တောင်ကိုးရီးယားစံဘာသာစကားတွင် တရုတ်မှ အငှားစကားလုံးများစွာအပြင် အင်္ဂလိပ်နှင့် အခြားဥရောပဘာသာစကားများမှ အချို့သော စကားများလည်း ပါဝင်သည်။

သမိုင်း[ပြင်ဆင်ရန်]

ကိုရီးယားနိုင်ငံသည် ဂျပန်အုပ်ချုပ်မှုအောက်တွင်ရှိစဉ် ကိုရီးယားဘာသာစကားအသုံးပြုမှုကို ဂျပန်အစိုးရက ထိန်းချုပ်ခဲ့သည်။ ဂျပန်အာဏာပိုင်များ၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် ကိုရီးယားဘာသာစကားအသင်းသည် ကိုရီးယားနိုင်ငံတစ်ဝန်းမှ ဒေသိယစကားဒေတာများကို စတင်စုဆောင်းခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်စံဗားရှင်းဖြစ်သော ဖျိုဂျွန်အော၏ ကိုရီးယားစာလုံးပေါင်းများပေါင်းစည်းခြင်းကို ဖန်တီးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]