တုံးကွမ်

ဝီကီပီးဒီးယား မှ
ဒုံဂွမ်
东莞市
Tungkun; Tungkuan
Prefecture-level city
From top left, clockwise: Guanyin mountain, Humen Bridge, Keyuan, Dongguan Avenue
From top left, clockwise: Guanyin mountain, Humen Bridge, Keyuan, Dongguan Avenue
Map
Location of Dongguan in Guangdong
Location of Dongguan in Guangdong
ဒုံဂွမ် သည် China တွင် တည်ရှိသည်
ဒုံဂွမ်
ဒုံဂွမ်
Location in China
ကိုဩဒိနိတ် (Dongguan government): 23°01′16″N 113°45′07″E / 23.021°N 113.752°E / 23.021; 113.752ကိုဩဒိနိတ်: 23°01′16″N 113°45′07″E / 23.021°N 113.752°E / 23.021; 113.752
CountryPeople's Republic of China
ProvinceGuangdong
County331 AD
City (County-level)September 1985
City (Prefecture-level)1 January 1988
အစိုးရ
 • CPC Committee SecretaryLiang Weidong (梁维东)
 • MayorLiang Weidong (梁维东)
ဧရိယာ
 • Prefecture-level city၂၄၆၅ စတုရန်းကီလိုမီတာ (၉၅၂ စတုရန်းမိုင်)
 • မြို့ပေါ်၂၄၆၅ စတုရန်းကီလိုမီတာ (၉၅၂ စတုရန်းမိုင်)
 • မြို့ပြကြီး၁၇၅၇၂.၉ စတုရန်းကီလိုမီတာ (၆၇၈၄.၉ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၈ မီတာ (၂၆ ပေ)
လူဦးရေ (2010 census[၁])
 • Prefecture-level city၈၂၂၀၂၀၇
 • သိပ်သည်းမှု၃၃၀၀/km (၈၆၀၀/sq mi)
 • မြို့ပေါ်၈၂၂၀၂၀၇
 • မြို့ပေါ် သိပ်သည်းမှု၃၃၀၀/km (၈၆၀၀/sq mi)
 • မြို့ပြကြီး၄၄၄၄၉၇၃၈
 • မြို့ပြကြီး သိပ်သည်းမှု၂၅၀၀/km (၆၆၀၀/sq mi)
GDP
 • Total¥ 627.506 billion (2015)
 • Per capita¥ 75213 (2015)
အချိန်ဇုန်China Standard Time (UTC+8)
Postal code523000
ဧရိယာကုဒ်(များ)769
ISO 3166 ကုဒ်CN-GD-19
Licence plate prefixes粤S
City flowerYulan magnolia
Magnolia denudata
ဝက်ဘ်ဆိုဒ်dg.gov.cn
တုံးကွမ်
"Dongguan" in Simplified (top) and Traditional (bottom) Chinese characters
ရိုးရှင်းသော တရုတ်东莞
ရိုးရာ တရုတ်東莞
PostalTungkun
ဆိုလိုရင်း"Eastern Bulrush(es)"

တုံးကွမ် သည် တရုတ်နိုင်ငံ ကွမ်တုံ (广东) ပြည်နယ်ရှိ မြို့ကြီးဖြစ်သည်။ ပုလဲမြစ်ဝကျွန်းပေါ်တွင် ရှိပြီး အရေးပါသော စက်မှုမြို့တော် ဖြစ်သည်။ နယ်နိမိတ်အဖြစ် မြောက်ဘက်တွင် ပြည်နယ်၏မြို့တော် ကွမ်ကျိုး (广州)၊ အရှေ့မြောက်ဘက်တွင် ဟွေ့ကျိုး (惠州)၊ တောင်ဘက်တွင် ရှင်းကျန်း (深圳) နှင့် အနောက်ဘက်တွင် ပုလဲမြစ်တို့ ဝိုင်းနေသည်။ မဟာမြို့ကြီးဖြစ်ပြီး ၂၀၁၀ ကောက်ယူသည့် စစ်တမ်းအရ စည်ပင်နယ်နိမိတ် ၉ ခု (မကာအို အပါအဝင်) တွင် နေထိုင်သူပေါင်း ၄၄.၇၈ သန်း ရှိသည်။ မြို့တော်၏ အကျယ်အဝန်းမှာ ပတ်လည်ကီလိုမီတာပေါင်း ၁၇၅၇၃ ရှိသည်။

တုံးကွမ်မြို့၏ အုပ်ချုပ်မှုကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုရအောင် ပြင်ဆင်ထားသည်။ ပြည်ပပို့ကုန် တန်ဖိုးမှာ ၆၅.၅၄ ဘီလီယံဖြင့် ရှင်းကျန်း၊ ရှန်ဟိုင်း၊ စူးကျိုး (苏州) တို့နောက်မှ ကပ်လိုက်သည်။ ကမ္ဘာ့အကြီးဆုံး ဈေးဝယ်စင်တာ တောင်တရုတ်သစ်ဈေးတိုက် (New South China Mall) ရှိရာမြို့လည်း ဖြစ်သည်။

ယခင်က ကန်တုံသားတို့ အခြေချသော နေရာဖြစ်၍ ကန်တုံစကားကို အသုံးများသော်လည်း ယခုမူ အခြားနယ်များမှ ကူးပြောင်းလာသူ များသဖြင့် မန်ဒရင်းစကားမှာ အဓိကသုံး ဖြစ်နေသည်။

လူမှုရေးကိစ္စများ[ပြင်ဆင်ရန်]

မြို့တော်၌ စက်ရုံများစွာ ရှိသဖြင့် လူငယ်အလုပ်သမား ပေါများသည်။ ၂၀၀၈-၀၉ ခုနှစ်များတွင် အလုပ်သမများ၏ လစာနည်းပါးသော ကိစ္စများကြောင့် မီဒီယာများ အာရုံကျရာမြို့ ဖြစ်ခဲ့သည်။

စက်ရုံများက အလုပ်သမများကို ပိုမိုခန့်ထားလိုသဖြင့် ကျား-မ အချိုး မညီမမျှ ရှိသည်။ တုံးကွမ်၌ အမျိုးသားတဦးလျှင် ရည်းစား ၂ ယောက် ၃ ယောက် ရှိသည်မှာ ပုံမှန်ကိစ္စပင် ဖြစ်သည်။ [၂][၃]

တုံးကွမ်အား လူသိများသော အချက်မှာ အမျိုးမျိုးသော အပျော်အိမ်များ၊ အနှိပ်ခန်းများ၊ ညကလပ်များ၊ ရေနွေးခန်းများနှင့် ကာရာအိုကေဆိုင်များကြောင့် ဖြစ်သည်။ ဧည့်ခံဟိုတယ် ၁၂၀ ကျော် ရှိပြီး အလတ်တန်းစားဟိုတယ် ၁၀၀ ကျော် ရှိသည်။ တည်းခိုရာ နေရာအားလုံးတွင် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ ရနိုင်သည်။ လိင်လုပ်သမ ၂.၅ သန်းခန့် ရှိသည်ဟု ခန့်မှန်းကြသည်။ [၄]

၂၀၁၄ ခု၊ ဖေဖော်ဝါရီလ ၉ ရက်တွင် စီစီတီဗွီ၌ တုံးကွမ်ရှိ ပြည့်တန်ဆာလုပ်ငန်းအကြောင်း သတင်းပါလာသည်။ တရုတ်နှစ်သစ်ကူးအပြီး၌ ပြည်နယ်ရဲအပါအဝင် အခြားရဲများနှင့် အင်အား ၆၅၀၀ ကျော်သုံးကာ နာမည်ထွက်နေသောနေရာ ၂၀၀၀ ကျော်ကို စီးနင်းသည်။ လူ ၃၀၀၀ ခန့် အဖမ်းခံရသည်။ ထိုမြို့၌ ဟိုတယ်အများဖွင့်ထားပြီး ဟိုတယ်ဘုရင်ဟု နာမည်ကြီးသော တရုတ်ပါလီမန်မှ လျန်ယောင်ဟွေး (Liang Yaohui) ကို ထိန်းသိမ်းလိုက်ပြီး သူပိုင် ဟိုတယ်များမှ ရှယ်ယာရှင်နှင့် အလုပ်သမား ၄၇ ယောက်ကို ဖမ်းသည်။ ထိုဖြစ်ရပ်နောက်ပိုင်း ပြည့်တန်ဆာလုပ်ငန်းမှာ မှောင်ခိုလုပ်ငန်း ဖြစ်သွားသည်။

ပညာရေး[ပြင်ဆင်ရန်]

ပညာရေးဆိုင်ရာ အစုအဖွဲ့ ၆၅၀ ရှိပြီး ကောလိပ်တခု၊ စက်မှုလက်မှုကျောင်းများပါ တွဲထားသော တက္ကသိုလ်တခု၊ အခြေခံပညာကျောင်း ၅၅၀ နှင့် မူကြို ၄၈၀ ရှိသည်။ မူကြိုဆရာအပါအဝင် ဆရာအင်အား ၂၀၂၆၈ ယောက် ရှိသည်။

တုံးကွမ်နည်းပညာတက္ကသိုလ်လည်း ရှိသည်။

ရာသီဥတု[ပြင်ဆင်ရန်]

တုံးကွမ်သည် ခြောက်သွေ့သော သမပိုင်းမကျတကျ ရာသီဥတု ရှိသည်။ နေပွင့်သည်က များသလို မိုးလည်း တနှစ်ပတ်လုံး ရွာသည်။ ပျမ်းမျှအပူချိန်မှာ ၂၂.၇ ဒီဂရီဆဲစီးယပ် ဖြစ်ပြီး တနှစ်အတွက် ပျမ်းမျှ မိုးရေချိန်မှာ ၇၀.၄ လက်မ ဖြစ်သည်။

လူနေထူထပ်မှု[ပြင်ဆင်ရန်]

၂၀၀၈ ခု အဆုံးပိုင်းတွင် ခန့်မှန်း ၆၉၄၉၈၀၀ ရှိခဲ့ပြီး ၁၇၄၈၇၀၀ မှာ မူလနေထိုင်သူများ ဖြစ်သည်။ ၅၂၀၁၁၀၀ မှာ အခြားနယ်မှ လာရွှေ့နေသူများ ဖြစ်သည်။ ၂၀၁၀ ခု စစ်တမ်းကောက်ရာ ၈၂၂၀၂၃၂ ဖြစ်လာသည်။ ထိုအရေအတွက်မှာ ၂၀၁၆ ခုတွင် ၈.၂၆ သန်း သို့ တိုးသည်။ တကီလိုမီတာပတ်လည်တွင် လူ ၅၁၀၀ ခန့် နေထိုင်လျက် ရှိသည်။

ပြည်ပနေတရုတ်တို့၏ ဇာတိချက်ကြွေ ဖြစ်ပြီး ဟောင်ကောင်သား ၇၀၀၀၀၀၊ ထိုင်ဝမ်နှင့် မကာအိုသား ၂၀၀၀၀၀ တို့မှ ထိုဒေသမှ ပြောင်းသွားသူများ ဖြစ်သည်။ အခြားနိုင်ငံများသို့ ရောက်နေသူများလည်း ရှိသည်။

အုပ်ချုပ်မှု[ပြင်ဆင်ရန်]

တုံးကွမ်ကို ဂွမ်ဒုံပြည်နယ်၏ သီးခြားအုပ်ချုပ်ခွင့်ရမြို့ ဖြစ်သည်။ မြို့တော်အုပ်ချုပ်ရေးက မြို့နယ် ၂၈ ခုကို အပိုင်း ၄ ခုခွဲကာ အုပ်ချုပ်သည်။

  1. China: Administrative Division of Guăngdōng / 广东省။ 25 May 2015 တွင် ပြန်စစ်ပြီး။
  2. Serina Sandhu (3 Sep 2015) "Chinese City Where Men Have 3 Girlfriends[လင့်ခ်သေ]". Independent.
  3. Kristie McCrum (2 Sep 2015) "Inside the 'City of Sex' Where Men Have Three Girlfriends Because There's So Many Women". Mirror.
  4. (19 Jul 2015) "Red Lights Dim in China's Sin City". The Straits Times.