တုန်းချွမ်းခရိုင်
တုန်းချွမ်းခရိုင် 东川区 | |
---|---|
District | |
ယူနန်ပြည်နယ် (အညိုပြော့)၊ ကူမင်းဒေသ (အဝါ)အတွင်းရှိ တုန်းချွမ်း၏တည်နေရာ (ပန်းရောင်) | |
Location of the district seat in Yunnan | |
ကိုဩဒိနိတ် (Dongchuan government): 26°04′58″N 103°11′16″E / 26.0829°N 103.1878°Eကိုဩဒိနိတ်: 26°04′58″N 103°11′16″E / 26.0829°N 103.1878°E | |
Country | တရုတ်နိုင်ငံ |
ပြည်နယ်(Province) | ယူနန်ပြည်နယ် |
စီရင်စု(Prefecture) | ကူမင်းဒေသ |
ဧရိယာ | |
• စုစုပေါင်း | ၁၈၅၈ စတုရန်းကီလိုမီတာ (၇၁၇ စတုရန်းမိုင်) |
လူဦးရေ | |
• စုစုပေါင်း | ၃၀၂၀၀၀ |
• သိပ်သည်းမှု | ၁၆၀/km၂ (၄၂၀/sq mi) |
Postal code | ၆၅၄၁၀၀ |
ဧရိယာကုဒ် | ၀၈၇၁ |
ဝက်ဘ်ဆိုဒ် | kmdc.gov.cn |
တုန်းချွမ်းခရိုင် | |||||||||
ရိုးရာ တရုတ် | 東川區 | ||||||||
---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 东川区 | ||||||||
ဆိုလိုရင်း | အရှေ့မြစ် ခရိုင် | ||||||||
|
တုန်းချွမ်းခရိုင်((ရိုးရှင်းတရုတ်: 东川区; ရိုးရာတရုတ်: 東川區; ပင်ယင်: dōng chuān qū;အင်္ဂလိပ်: Dongchuan District[မှတ်စု ၁])သည်တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော်ဖြစ်သော ကူမင်းမြို့(Kunming) ၏ စီရင်စုအဆင့်ရှိခရိုင် (၇) ခုအနက်မှတစ်ခုဖြစ်သည်။ ၁၉၉၈ ခုနှစ်ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြည်နယ်ကောင်စီမှ တုန်းချွမ်မြို့(Dongchuan City)ကို ခရိုင်အဆင့်သို့ ပြောင်းရန်အတည်ပြုခဲ့သည်။[၂]
သမိုင်း
[ပြင်ဆင်ရန်]တုန်းချွမ်းကို ၁၉၅၈-ခုနှစ်တွင် စီရင်စုရုံးစိုက်ရာမြို့အဖြစ်သို့ အဆင့်မြှင့်ခဲ့သည်။ ၁၉၉၈-ခုနှစ်တွင် ကူမင်းအုပ်ချုပ်ရေးဒေသ၏ ခရိုင်တစ်ခုအဖြစ်သို့ ပေါင်းထည့်ခဲ့ပြီး၊ ခရိုင်အဆင့် ရုံးစိုက်ရာ ဖြစ်လာခဲ့သည်။[၂]
ပထဝီအနေအထား
[ပြင်ဆင်ရန်]တုန်းချွမ်းသည် ကူမင်းအုပ်ချုပ်ရေးဒေသ၏ မြောက်ဘက်တွင်တည်ရှိပြီး မြောက်ဘက်တွင် စီချွမ်ပြည်နယ်(Sichuan )နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။
ခရိုင်၏အမြင့်ဆုံးနေရာဖြစ်သော ကျောက်ကျီနှင်းတောင်(Jiaozi Snow Mountain)သည် ၄၃၄၄ မီတာ[၃]မြင့်ပြီး၊ အနိမ့်ဆုံးနေရာမှာ ၆၉၅ မီတာဖြစ်သည်။
ဝူးမုန်းတောင်တန်း(乌蒙山)ဒေသရှိ ဟွားကိုးရွာ(花沟村)အနီးတဝိုက်သည် ၁၉၉၀ ပြည့်လွန်နှစ်များကစတင်ပြီး ထူးခြားလှပသည့်ဒေသရှုခင်းနှင့် ၎င်း၏ အနီရောင်မြေကြီးကြောင့် တရုတ်ဓာတ်ပုံဆရာများ အကြား အလွန်ကျော်ကြားသည်။ [၄]
လူဦးရေ
[ပြင်ဆင်ရန်]၂၀၀၀ ပြည့်နှစ်တွင် တုန်းချွမ်းတွင် လူဦးရေ ၂၇၅,၅၆၄ ရှိသည်။ ၂၀၀၆တွင် လူဦးရေမှာ ၃၀၂,၀၀၀ ဖြစ်လာခဲ့သည်။ [၅]
စီးပွားရေး
[ပြင်ဆင်ရန်]တုန်းချွမ်းခရိုင်သည် ဓာတ်သတ္တုရင်းမြစ် ကြွယ်ဝသောဒေသဖြစ်ပြီး၊ တရုတ်ပြည်ရှိ အကြီးမားဆုံး ကြေးနီသတ္တုသိုက် ၆-ခုထဲမှ တစ်ခု ဖြစ်သည်။ ကြေးနီ တန်ပေါင်း ၃.၃၅-သန်းရှိကြောင်း တွေ့ရှိထားပြီး၊ ယူနန်ပြည်နယ်တစ်ခုလုံးရှိ ကြေးနီရင်းမြစ်အားလုံး၏ သုံးပုံတစ်ပုံ တည်ရှိနေသောခရိုင် ဖြစ်သည်။[၅]
စာတိုက်လိပ်စာ
[ပြင်ဆင်ရန်]တုန်းချွမ်းခရိုင်၏ စာတိုက်သုံး နယ်မြေကုဒ်မှာ ၀၈၇၁ ဖြစ်ပြီး၊ စာပို့သင်္ကေတကုဒ်(postal code)မှာ ၆၅၄၁၀၀ ဖြစ်သည်။(၂၀၀၇)[၆]
မှတ်စုများ
[ပြင်ဆင်ရန်]- ↑ Tung-chuen or Tung-chuen-fooဟုလည်း အင်္ဂလိပ်အက္ခရာဖြင့် အသံဖလှယ်မှု(romanization) ပြုခဲ့ဖူးသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ EB (1878), Vol. V, "China".
- ↑ ၂.၀ ၂.၁ တုန်းချွမ်းခရိုင်ပြောင်းလဲလာမှုသမိုင်း(东川区历史沿革) (in zh-hans)။ xzqh.org (2014-11-05)။ 2019-07-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-19 တွင် ပြန်စစ်ပြီး။
- ↑ Spinescent patterns in the flora of Jiaozi Snow Mountain, Southwestern China (2020-03-19)။ 2020-07-31 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-07-31 တွင် ပြန်စစ်ပြီး။
- ↑ Dongchuan Red Soil at Chinatrekking။ 2018-04-16 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-07-31 တွင် ပြန်စစ်ပြီး။
- ↑ ၅.၀ ၅.၁ Kunming Pengcheng Trade Co., Ltd။ 2008-07-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-06-14 တွင် ပြန်စစ်ပြီး။
- ↑ ယူနန်ပြည်နယ် စာတိုက်သုံး နယ်မြေကုဒ်များနှင့် စာပို့သင်္ကေတကုဒ်များ။ 2007-11-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။