မာတိကာသို့ ခုန်သွားရန်

တိဘက်လူမျိုးများ

ဝီကီပီးဒီးယား မှ
(တိဗက်လူမျိုးများ မှ ပြန်ညွှန်းထားသည်)

တိဗက်လူမျိုးများသည် တရုတ်-တိဗက်အုပ်စု ဝင်လူမျိုးများဖြစ်သည်။ အရှေ့အာရှ၊ တရုတ်ပြည်တောင်ပိုင်းရှိ ဌာနေတိုင်းရင်းသားလူမျိုးများဖြစ်သည်။ လူဦးရေမှာ ၆.၃သန်းဝန်းကျင်ရှိပါသည်။ တရုတ်နိုင်ငံ၊ တိဗက်ကိုယ်တိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အများစုနေထိုင်ကြပြီး နိုင်ငံတွင်းရှိ ကန်စုအခြားပြည်နယ်များတွင် ဖြန့်ကျက်နေထိုင်ကြသည်။

တိဗက်လူမျိုးများ
ဗောဒပ བོད་པ་
bod pa · 博巴[]
လူဦးရေ စုစုပေါင်း
c. 6.7 million
အများစု နေထိုင်သည့် နေရာ
 တရုတ်၆.၃သန်း[]
 ဘူတန်၄၀၀၀၀၀[]
 အိန္ဒိယ၁၈၂၆၈၅ (2011 census)[]
 နီပေါ၂၀၀၀၀-၄၀၀၀၀[][]
 အမေရိကန်၁၀၀၀၀[]
 ကနေဒါ၈၀၄၀[]
  ဆွစ်ဇာလန်၄၀၀၀[]
 ဩစတြေးလျ၁၀၀၀[]
 နယူးဇီလန်၆၆(2006)[၁၀]
 ဂျပန်၆၀(1998)[၁၀]
ဘာသာစကား
တိဗက်ဘာသာစကား ၊ တရုတ်ဘာသာစကား
ကိုးကွယ်မှု
အဓိကအားဖြင့် တိဗက်ဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ယီ လူမျိုး ,ဗမာလူမျိုး,ရဝမ်လူမျိုး,လီဆူလူမျိုး,ကချင်လူမျိုး ,အခြား တရုတ်-တိဗက် လူမျိုးများ

တိဗက်လူမျိုးများသည် ဟိမဝန္တာတောင်တန်း ဒေသတွင်နေထိုင်ကြပြီး၊ရှေးကတည်းကပင် ဟိမဝန္တာတောင်တန်းများအားကျော်လွန်က တောင်ပိုင်းဒေသများ ၊ တရုတ်နိုင်ငံအနောက်တောင်ပိုင်း နှင့် မြန်မာမြောက်ပိုင်းအထိ ကျယ်ပြန့်စွာ နေထိုင်လာကြသည်။ ယနေ့တွင်လည်း တိဗက်လူမျိုးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင်သာမက၊ နီပေါ၊ ဘူတန်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင်လည်းနေထိုင်လျက်ရှိကြသည်။

သမိုင်းကြောင်းနှင့်ဘာသာတရား

[ပြင်ဆင်ရန်]

တိဗက်လူမျိုးသည် ခန့်မှန်းခြေအရ ၇ရာစုခန့်တွင် အချုပ်အခြာအာဏာပိုင်တိဗက်နိုင်ငံတော်အား လာဆာမြို့တော်ကိုဗဟိုပြု၍တည်ထောင်နိုင်ခဲ့သည်။ ဗွမ်ဆမ် (Songtsen Gampo) ခေတ်ကတည်းကပင် တိဗက်နိုင်ငံသည် အလွန်တိုးတက်သော ဘုရင့််နိုင်ငံတော်ဖြစ်ခဲ့သည်။၈ရာစုနှင့်၉ရာစုများတွင် တိဗက်နိုင်ငံသည် တောင်အာရှတစ်ဝိုက်ရှိ နိုင်ငံများနှင့်စစ်ရေး၊ဘာသာရေး ဆက်စပ်မှုများရှိလာခဲ့သည်။ထို့အပြင် ဗုဒ္ဓဘာသာသည်လည်း ဗွမ်ဆမ်ဘုရင်၏ချီးမြှောက်မှုဖြင့်တိဗက်တွင် စတင်ပွားလာခဲ့သည်။ တိဗက်ဗုဒ္ဓဘာသာသည် မဟာယာနဗုဒ္ဓဘာသာ၏ကိုင်းခွဲ တစ်ခုဖြစ်သည့် ဝဇ္ဇရာယာနာ (Vajrayāna) ဖြစ်ပြီး၊ ဒါလိုင်လားမား (Dalai Lama) ကိုဘုရားနည်းတူလေးစားသည်။

ဘာသာစကား

[ပြင်ဆင်ရန်]

တိဗက်လူမျိုးသည် တိဗက်ဘာသာစကားကို စကားပြောကြသည်။ တိဗက်ဘာသာသည် တိဗက်-ဗမာ(Tibeto-Burman)ဘာသာစကားစုအတွင်း ပါဝင်ပြီး တိဗက်အက္ခရာသည် ဗြာဟ္မီလက်ရေးမှ ဆင်းသက်လာသည်။ ကတ္တား-ကံ-ကြိယာ စဉ်အတိုင်း ဝါကျတည်ဆောက်သောဘာသာစကားတစ်ခုဖြစ်ပြီး၊ မြန်မာဘာသာနဲ့တူညီတဲ့အချက်များစွာရှိသည်။

ဥပမာ ၁ — ရိုးရှင်းသောဝါကျ

ང་ ཤ་ཟ་བ་ཡིན། (nga sha za-ba yin) → “ငါအသားစားခဲ့တယ်”

• ང་ (nga) = ငါ

• ཤ་ (sha) = အသား

• ཟ་བ་ (za-ba) = စား (past participle)

• ཡིན། (yin) = ခဲ့တယ်။

ဥပမာ ၂ — ངས དགེ་རྒན་ལ་ དེབ་ བསྩལ་པ་ཡིན། (nga-s geken-la deb tse-pa yin) → “ငါဆရာမကိုစာအုပ်ပေးခဲ့တယ်။”

• ངས (nga-s) = ငါ (subject, ergative particle)

• དགེ་རྒན་ལ་ (geken-la) = ဆရာမကို (dative particle)

• དེབ་ (deb) = စာအုပ်

• བསྩལ་པ་ (tse-pa) = ပေး (past participle of give)

• ཡིན། (yin) = ခဲ့တယ်။

မျိုးရိုးအားဖြင့် တိဗက်လူမျိုးသည် တိဗက်-ဗမာအုပ်စု (Tibeto-Burman)အတွင်းပါဝင်ပြီး၊ ဤအဖွဲ့တွင် ဗမာ၊ချင်း၊နာဂ၊ကချင် စသော မြန်မာ့တိုင်းရင်းသားလူမျိုးစုများနှင့်လည်း မျိုးရိုးဗီဇအားဖြင့်ချိတ်ဆက်ထားသည်။ မြန်မာနိုင်ငံသည် အဓိကအားဖြင့်တိဗက်-ဗမာနွယ် လူမျိုးများ အဓိကနေထိုင်ပြီး တရားဝင်ရုံးသုံးမြန်မာဘာသာစကားသည်လည်း တိဗက်-ဗမာအုပ်စုဝင်ဘာသာစကားဖြစ်သဖြင့် သမိုင်းတစ်လျှောက်အတွင်း တောင်ဘက်သို့ ပြောင်းရွှေ့လာကြသည် ဟုယူဆရသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. မော်ကွန်းတင်ပြီးမိတ္တူ Government of the People's Republic of China (2015-03-18)။ 23 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2022 တွင် ပြန်စစ်ပြီး။
  2. index 6 May 2019 တွင် ပြန်စစ်ပြီး။
  3. 1 2 Tibetan – Becoming Minnesotan 20 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2013 တွင် ပြန်စစ်ပြီး။
  4. Language (India, States and Union Territories) Census of India 2011 Office of the Registrar Genera, India (2018)။
  5. Refugees၊ United Nations High Commissioner for။ Refworld – Nepal: Information on Tibetans in Nepal 20 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2013 တွင် ပြန်စစ်ပြီး။
  6. Tibetan Immigrants in the United States: Extended Version 24 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 January 2019 တွင် ပြန်စစ်ပြီး။
  7. "Census Profile, 2016 Census 22 April 2018 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .". Canada 2016 Census. 2016.
  8. Tibet PM Thanks Swiss for 50 years of Refugee Shelter (21 February 2011)။ 8 April 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2022 တွင် ပြန်စစ်ပြီး။
  9. Australian Tibetans Vote in Landmark Election For Tibet's New Leader 12 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2013 တွင် ပြန်စစ်ပြီး။
  10. 1 2 Ghoso၊ Seonaigh MacPherson, Anne-Sophie Bentz, Dawa Bhuti (2 September 2008)။ Global Nomads: The Emergence of the Tibetan Diaspora (Part I) 21 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 January 2019 တွင် ပြန်စစ်ပြီး။