တာဟူး ဂျန်ပေါ
![]() လာမွန်ဂန် တာဟူး ဂျန်ပေါ | |
အဓိကသုံးဆောင်မှု | အဓိကဟင်းလျာ |
---|---|
မူရင်းနိုင်ငံ | အင်ဒိုနီးရှားနိုင်ငံ |
ဒေသ | Greater Surabaya၊ အရှေ့ဂျာဗားပြည်နယ် |
သုံးဆောင် အပူချိန် | အခန်းတွင်းအပူချိန် |
အဓိက ပါဝင်ပစ္စည်း | တို့ဟူးကြော်အား ခေါက်ဆွဲ၊ ပဲပင်ပေါက်၊ ဆလပ်ရွက်နှင့် ကရုပက်မုန့်ကြွပ်တို့ ဖြူးပြီး ပဲ့တီစ်ငါးပိကို အခြေခံ၍ပြုလုပ်ထားသော အမဲသားပြုတ်ရည်တွင် ထည့်၍သုံးဆောင်သည်။ |
![]() ![]() |
တာဟူး ဂျန်ပေါသည် ကျယ်ပြန့်လှသော အင်ဒိုနီးရှားဘာသာစကားနှင့် ဂျာဗားဘာသာစကားဖြင့် တိုက်ရိုက်ပြန်ဆိုမည်ဆိုလျှင် "တို့ဟူးအရော"ဟု အဓိပ္ပာယ်ရပြီး အရှေ့ဂျာဗားတို့ဟူးဟင်းလျာတစ်မျိုးဖြစ်သည်။ ဤဟင်းလျာပြင်ဆင်ပုံမှာ လှီးထားသော တာဟူး ဂိုရင်း (တို့ဟူးကြော်)၊ လွန်တောင်း (ဆန်ကိတ်)၊ လန်သို (ပဲလွန်းကြော်) သို့မဟုတ် တခါတရံ၌ ပါကယ်ဒယ် (အားလူး သို့မဟုတ် ပီလောပီနံထောင်း အပြားကြော်)၊ ပဲပင်ပေါက်၊ လက်ဆက်သော ဆလတ်ရွက်၊ အဝါရောင် ခေါက်ဆွဲနှင့် ကရုပက်မုန့်ကြွပ်တို့ကို အမွှေးအကြိုင်ကဲသော အမဲသားပြုတ်ရည်ထဲတွင်ထည့်၍ ကြက်သွန်ကြော်လေးဖြူးပြီး ဆမ်ဘယ်ငရုတ်သီးဆော့ဖြင့် တည်ခင်းခြင်းဖြစ်သည်။[၁] အမွှေးကဲသော အမဲသားပြုတ်ရည်တွင် ဟင်းခတ်အမွှေးအကြိုင်များနှင့် အရှေ့ဂျာဗားအစားအစာများအတွင် များသောအားဖြင့် အသုံးပြုသော ငါးပိအမျိုးအစားတစ်ခုဖြစ်သည့် ပဲ့တီစ်ကို ထည့်ထားသည်။[၂]
ဤဟင်းလျာသည် ဆူရာဘာယားမြို့၊ လာမွန်ဂန်၊ ဂရဲ့စစ်ခ်နှင့် စီဒိုအာဂျိုစသော ဒေသတို့ပါဝင်သည့် ဆူရာဘာယာမီသရိုပိုလစ်တန်ဧရိယာ(ဂီဘန်ဂရဲ့တော့ဆူဆီလာ) ဒေသထွက်ဟင်းလျာတစ်မျိုးဖြစ်ပြီး ယခုအခါတွင် ဤအစားအစာကို အင်ဒိုနီးရှားမြို့ကြီးများ လမ်းဘေးလက်တွန်းလှည်းများဖြင့် ရောင်းချလေ့ရှိကြပြီး အထူးသဖြင့် ဂျာဗားဒေသတွင် ဝါရုန်း(warung)ဟုသော လမ်းဘေးဈေးဆိုင်များတွင် "တာဟူး ဂျန်ပေါ လာမွန်ဂန်"ဟူ၍ဆိုင်များအဖြစ် ဖွင့်လှစ်ရောင်းချကြသည့်။[၁]
အခြားကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Bernadus၊ Tommy။ "Akhir Pekan, Waktunya Jajan Tahu Campur Lamongan" (in id)၊ detikTravel။
- ↑ Jakarta၊ koran။ Kelezatan Petis yang Melegenda | Koran Jakarta (in id-ID)။ 17 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 August 2021 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Tahu campur recipe (in Indonesian)
![]() | ဤ အစားအစာနှင့် ဆက်စပ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |