ဆူရာဘာယားမြို့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဆူရာဘာယားမြို့လယ်ခေါင်

ဆူရာဘာယားမြို့ သည် အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျားဗားပြည်နယ်၏ မြို့တော် ဖြစ်ပြီး နိုင်ငံအတွင်း ဂျကာတာမြို့ ပြီးလျှင် ဒုတိယမြောက် လူဦးရေအများဆုံး မြို့ဖြစ်သည်။ မြို့တော် နယ်နိမိတ်အတွင်း လူဦးရေ ၃ သန်းခန့် ရှိပြီး ဆူရာဘာယား မက်ထရိုပိုလစ်တန်ဒေသတွင် နေထိုင်သူ ၁၀ သန်းကျော် ရှိကာ အင်ဒိုနီးရှားတွင် ဒုတိယမြောက် အကြီးဆုံး မက်ထရိုပိုလစ်တန် ဒေသ ဖြစ်သည်။ ဂျားဗားကျွန်း၏ အရှေ့မြောက်နယ်နိမိတ်တွင် တည်ရှိပြီး မာဒူရာ ရေလက်ကြားပေါ်တွင် တည်ရှိသဖြင့် အရှေ့တောင် အာရှ၏ ရှေးအကျဆုံး ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်သည်။ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေး စီမံကိန်း အေဂျင်စီ၏ အဆိုအရ ဂျကာတာမြို့၊​မယ်ဒန်မြို့ နှင့် မာကတ်ဆာမြို့ တို့နှင့် အတူ အင်ဒိုနီးရှား၏ ဗဟိုမြို့တော် ၄ ခုတွင် တစ်ခု အပါအဝင် ဖြစ်သည်။[၁][၂]

၁၀ ရာစုတွင် ဂျန်ဂါလာပြည် မှ စတင်တည်ထောင်ခဲ့သည်။ ဂျန်ဂါလာပြည်မှာ ၁၀၄၅ တွင် အဲယားလန်ဂါဘုရင် မှ သူ၏ သားနှစ်ဦးအတွက် နန်းစွန့်ရာမှ ပေါ်ပေါက်လာခဲ့သော ပြည်ထောင်နှစ်ခု ထဲမှ တစ်ခု ဖြစ်သည်။ ၁၅ ရာစု နှင့် ၁၆ ရာစုတို့တွင် နယ်စားပိုင်မြေ တစ်ခု အဖြစ် တိုးတက်လာခဲ့ပြီး မူဂျာပါဟစ်ပြည်၏ အုပ်ချုပ်မှု အောက်တွင် အရှေ့ဂျားဗား၏ အဓိက နိုင်ငံရေးနှင့် စစ်ရေး အင်အားကြီးဒေသ နှင့် ဆိပ်ကမ်း ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ဆူရာဘာယားသည် အဓိက ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်နေပြီ ဖြစ်ပြီး ဘရန်တာမြစ်ဝှမ်းဒေသတွင် တည်ရှိကာ မလက်ကာမြို့ နှင့် ဟင်းခပ်အမွှေးအကြိုင် ကျွန်းများအကြေား ဂျားဗားပင်လယ်မှတဆင့် ကုန်သွယ်ရေးလမ်းကြောင်း ပေါ်တွင် တည်ရှိသောကြောင့် ဖြစ်သည်။ မာဂျာပါဟစ်ပြည် ဩဇာကျဆင်းလာချိန်တွင် ဆူရာဘာယား၏ နယ်စားသည် ဒီမတ်ခ်စူလတန်ပြည် အင်အားကြီးလာခြင်းကို ဆန့်ကျင်ခဲ့ပြီး ၁၅၃၀ တွင်မှ လက်အောက်သို့ ခိုဝင်ခဲ့သည်။[၃][၄] ၁၅၄၆ တွင် ဒီမတ်ခ်စူလတန် ထရန်ဂါနား ကွယ်လွန်သော အခါ ဆူရာဘာယားသည် ပြန်လည် လွတ်လပ်ခဲ့သည်။[၅][၆]

ကိုးကား[ပြင်ဆင်ရန်]