တာပိန်မြစ်
တာပိန်မြစ် | |
အရှည် | |
ဖြတ်သန်းရာဒေသ | တရုတ်နိုင်ငံ(ယူနန်ပြည်နယ်) မြန်မာနိုင်ငံ(ကချင်ပြည်နယ်) |
မြစ်လက်တက်များ | |
အဆုံးသတ်စီးဝင်ရာ | ဧရာဝတီမြစ် |
တာပိန်မြစ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် စတင်မြစ်ဖျားခံစီးဆင်းလာပြီး မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်တွင်းသို့ စီးဝင်လာကာ ဗန်းမော်မြို့အနီးတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ ဧရာဝတီမြစ်၏ ပထမဆုံးမြစ်လက်တက်လည်းဖြစ်သည်။ အချို့အပိုင်းများသည် တရုတ်-မြန်မာ နယ်နိမိတ်အဖြစ် စီးဆင်းသည်။
အမည်များ
[ပြင်ဆင်ရန်]တာပိန်မြစ်၏ ကချင်အမည်မှာ တခေါခ ဖြစ်ပြီး၊တရုတ်အမည်မှာ တယင်းချန်း ဖြစ်သည်။
ရေအားလျှပ်စစ်ထုတ်လုပ်ရေး
[ပြင်ဆင်ရန်]ရေအားလျှပ်စစ်အတွက် တာပိန်မြစ်၏ တရုတ်နိုင်ငံဘက်ခြမ်းတွင် ဆည်မြောင်းတစ်ခုရှိပြီး မြန်မာအစိုးရနှင့် တရုတ်ဒါတန်းကော်ပိုရေးရှင်း တို့ပူးပေါင်းတည်ဆောက်လျက်ရှိသည့် တာပိန်(၁) နှင့် တာပိန်(၂) စီမံကိန်းများလည်းရှိသည်။
သမိုင်းထဲက တာပိန်မြစ်
[ပြင်ဆင်ရန်]ပုဂံခေတ်နှောင်းပိုင်းတွင် မွန်ဂိုတို့၏ ကျူးကျော်မှုကို တွန်းလှန်ရန် ပုဂံမင်းနရသီဟပတေ့(တရုတ်ပြေးမင်း)၏ တပ်များသည် တာပိန်မြစ်မှ တဆင့် ကချင်ပြည်နယ်၊ဗန်းမော်အနီးရှိ ငဆောင်ချမ်းသို့ လာရောက်ခဲ့ကြကြောင်း မာကိုပိုလို၏ မှတ်တမ်းများအရသိရှိရသည်။
ထို့ပြင် သမိုင်းတစ်လျှောက် တရုတ်-မြန်မာကုန်သွယ်ရေးတွင်လည်း တာပိန်မြစ်သည် အရေးပါခဲ့သည်။ တာပိန်မြစ်နှင့် ဧရာဝတီမြစ်တို့ ပေါင်းဆုံရာနေရာတွင် တည်ရှိသည့် ဗန်းမော်မြို့သည်လည်း တစ်ချိန်က ကူးသန်းရောင်းဝယ်ရေးအချက်အချာလည်းဖြစ်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ လီဒိုလမ်းမကြီးကို တည်ဆောက်ရာတွင် တာပိန်မြစ်ကူးတံတားကိုပါ ထည့်သွင်းတည်ဆောက်ခဲ့ကြောင်း မှတ်တမ်းများအရသိရှိရသည်။