တရားရုံးချုပ်ဟောင်း (ရန်ကုန်)

ဝီကီပီးဒီးယား မှ
တရားရုံးချုပ်ဟောင်း
အင်္ဂလိပ်:  High Court Building
High Court, Yangon, Myanmar.jpg
အထွေထွေ အချက်အလက်များ
ဗိသုကာစတိုင်အန်းနီဘုရင်မခေတ်ဗိသုကာလက်ရာ
တည်နေရာရန်ကုန်မြို့မြန်မာနိုင်ငံ
နိုင်ငံမြန်မာနိုင်ငံ
လက်ရှိ အငှားနေထိုင်သူရန်ကုန်တိုင်းဒေသကြီးတရားရုံးချုပ်
တည်ဆောက်မှု စတင်၁၉၀၅
ပြီးစီး၁၉၁၁
ဖောက်သည်ဗြိတိသျှဘားမားအစိုး
ပိုင်ဆိုင်သူမြန်မာနိုင်ငံတော်အစိုးရ
ဒီဇိုင်းနှင့် တည်ဆောက်မှု
ဗိသုကာပညာရှင်James Ransome
ရွေးချယ်သတ်မှတ်ခြင်းများ

ရန်ကုန်မြို့ရှိ ယခင်တရားရုံးချုပ် အဆောက်အအုံသည် ကိုလိုနီခေတ်ပြယုဂ် ဗိသုကာ အဆောက်အအုံဖြစ်ပြီး အမှတ် ၈၉/၁၃၃ ပန်းဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းကြား ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့လယ်တွင် တည်ရှိသည်။ [၁]


၂၀၀၆ ခုနှစ် မတိုင်မီထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ထို တရားရုံးချုပ်အဆောက်အအုံဝင်းအတွင်းတည်ရှိသည်။

တရားရုံးချုပ်အဆောက်အအုံကို ဗိသုကာပညာရှင် James Ransome မှ ဒီဇိုင်းဆွဲခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ကာ ၁၉၁၁ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ [၂][၃]ထိုအဆောက်အအုံသည် ဗြိတိသျှ အန်းနီဘုရင်မခေတ် ဗိသုကာလက်ရာ ပုံစံဖြစ်ပြီး နာရီစင်ပါဝင်ကာ အုတ်နီများဖြင့် အဆောက်အအုံကို တည်ဆောက်ထားသည်။

တရားရုံးချုပ်ဟောင်း အဆောက်အအုံသည် ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများစာရင်းတွင် ပါဝင်ပြီး မြို့တော်ခန်းမအနီး လွတ်လပ်ရေးကျောက်တိုင်နှင့် မဟာဗန္ဓုလ ပန်းခြံတို့၏ မျက်နှာချင်းဆိုင်တွင်တည်ရှိသည်။

အဆောက်အအုံ မြင်ကွင်းကျယ်[ပြင်ဆင်ရန်]

Panoramic view over the western side of Square ward building
Panoramic view over the western side of Square ward building

ဓာတ်ပုံပြခန်း[ပြင်ဆင်ရန်]

Yangon High Court 
Yangon High Court 
Seen across from the Maha Bandula Park 
Front lobby of the High Court shortly after World War II 
Lobby staircase in 2012 

မှတ်စု[ပြင်ဆင်ရန်]

  1. Reid & Grosberg (2005), p.105
  2. Falconer et al. (2000), p. 78
  3. World and Its Peoples: Eastern and Southern Asia By Marshall Cavendish, p. 633

ကိုးကား[ပြင်ဆင်ရန်]

  • Falconer, John; Invernizzi, Luca; Kahrs, Daniel; Moore, Elizabeth; Tettoni, Luca Invernizzi; Birnbaum, Alfred; Cummings, Joe (2000). Burmese design & architecture. Tuttle Publishing. ISBN 978-962-593-882-0
  • Reid, Robert; Grosberg, Michael (2005). Myanmar (Burma). Lonely Planet. ISBN 978-1-74059-695-4

ကိုဩဒိနိတ်: 16°46′23.28″N 96°9′39.34″E / 16.7731333°N 96.1609278°E / 16.7731333; 96.1609278