တပ်မှူးကြီးဦးသာထွားဘွဲ့ သံချို

ဝီကီပီးဒီးယား မှ

တပ်မှူးကြီးဦးသာထွားဘွဲ့ သံချို ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

တပ်မှူးကြီးဦးသာထွားဘွဲ့ သံချို[ပြင်ဆင်ရန်]

ရှေးဝစနရယ်က၊ ကြေးဗဒုံခေါ်သညနှင့်၊ မန်းမြတ်ကယ် စဉ်ရံလို့၊ မင်္ဂလံလုံရွှေမြို့တွင်မှ၊ ခြောက်စို့ ဝေခွဲပုံ၊ တွဲဖက်ပေါ် စုံစာရင်းငယ်နှင့်၊ ရဲမက်ကျော် ရန်ကိုခွင်းနိုင်လို့၊ မှန်ကင်းခေါ် စုမည်မှတ်သည့်ပြင်၊ ခြောက်တပ်ကိုဖွဲ့ကာရုံးပါလို့၊ တဆယ့်သုံးသွေးဆော်နှင့်၊ အရေးတော် ကုန်အောင်ထမ်းနေကြ၊ နန်းရွှေပြည်တွင်းကိုယ်ရံ။

ကပ်ကမ္ဘာတည်အစရယ်က၊ မြတ်ပဝရာခြည်ရောင်ပခဲ့သည့်၊ သောင်းသမ္မတနှုန်းအခံသို့၊ ဘုန်းအလျှံ သမ္ဘာရည်နှင့်၊ ပါရမီစာဂီလေ့ရယ်ကြောင့်၊ ဘေးမဆွယ် လေးဆယ်မြေ့ဆီက၊ တဆွယ်တွေ့ပြန်။

ဇာမရီကေသရကဲ့သို့၊ ဘယာမသီအဝေပတဲ့ပြင်၊ နေလနှုန်းအသွင်သို့၊ နှစ်ဘုန်းပြင် ကံတော်ဆင်သည့်၊ စံပျော်ရွှင်ရှစ်ဖြူရိပ်တွင်မှ၊ ဘိသက်တော်ဖြန့်ယဉ်တဲ့၊ နန်းပလ္လင်သီဟာမှာကြို့ပါလို့၊ လန့်မရှောင် ရန်ဘောင်ကိုဆို့နေကြ၊ စိုရွှေပြည့်စုမျက်မှန်၊ တုဘက်ခံမြင်ဘူး။

ဖက်မနှုန်းကြနှင့်၊ စက်ဘုန်းပြိုင်မြတ်နှစ်ပါးရယ်က၊ လက်သုံးကိုင်အပ်သနားတဲ့ပြင်၊ ထပ်ပွားကာရှုမျှော်၍၊ မှုပေါ်လျှင်စုကျော်နှင့် ထမ်းစေဟု၊ နန်းရွှေဗျာ ကြူကြူလှည့်တာမို့၊ နှစ်ပါးသဒ္ဓါထားအရာရှိတွင်ဖြင့်၊ အများတကာကြွားဝါ၍ မစိကြပါနှင့်တော့၊ ခေါင်းပြောင်ပြောင် လောင်းထောင်ကိုထိပေလိမ့်၊ နန်းကြီးတပ်မှူး။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။