တန်နာ ပတ်ထရစ်

ဝီကီပီးဒီးယား မှ

တမ်းပလိတ်:Third-party

Tanner Patrick
အမည်ရင်းTanner Patrick Howe
မွေးဖွား (1991-05-24) မေ ၂၄၊ ၁၉၉၁ (အသက် ၃၂)
Los Angeles, CA
ဂီတဟန်Rock/pop, pop, acoustic
အလုပ်အကိုင်Singer, songwriter, musician, producer
တူရိယာVocals, acoustic guitar, electric guitar, bass guitar, စန္ဒရား, ဆက်ဆိုဟွန်း
တက်ကြွသည့်နှစ်များ2011–present
တေးသံသွင်း ကုမ္ပဏီTanner Patrick LLC
ပူးတွဲ ပါဝင်မှုDisco Curtis, Rajiv Dhall, Cameron Mitchell, Shawn King, Tiffany Alvord

တန်နာ ပတ်ထရစ် ဟောင်း (မေ ၂၄, ၁၉၉၁ တွင် လော့စ်အိန်ဂျလိစ် မွေး)သည် အမေရိကန် အဆိုတော်၊ သီချင်းရေးစပ်သူ၊ တူရိယာမျိုးစုံ တီးခတ်သူ ဖြစ်ကာ၊ တက္ကဆပ်ပြည်နယ်၊ ဒဲလပ်မြို့မှ ဖြစ်သည်။ ၂၀၁၁ ဩဂုတ်တွင် ပတ်ထရစ်သည် သူပိုင် ယူတုချန်နယ်ပေါ်သို့ ဗွီဒီယိုများ စတင် တင်သည်။ [၁] "TannerPatrick"ဟု အမည်ရ ၎င်းချန်နယ်သည် ယခုအခါ စာရင်းသွင်းသူ တသန်းေကျာ်၊ ကြည့်ရှုသူပေါင်း ၁၁၀ သန်းကျော် ရှိပြီဖြစ်သည်။[၂]၂၀၁၂ တွင် E! ၏ Opening Act တွင် ပါဝင်ရန်၊ နိုင်ဂျဲ လစ်ဂိုး ထုတ်လုပ်ရေးက သူ့ကို ရွေးချယ်လိုက်ရာ[၃] စင်ပေါ်ဝယ် ကန်းထရီးဂီတ စူပါစတား ဘရက် ဖာယိစလီနှင့် စင် တခုံတည်း ဖျော်ဖြေရသည်။ ၂၀၁၄ ဧပြီ ၂၂ တွင် သူ့ တကိုယ်တော်ခွေ "Satellites" နှင့် သူ့ ပွဲဦးထွက် အယ်လဘမ် စောင့်ဆိုင်းနေတဲ့ မိသားစုအိမ် (The Waiting Home" အတွက် ဂီတဗွီဒီယိုကို ဖြန့်ချိသည်။ [၄] ၂၀၁၄ နွေရာသီတွင် ဗိုင်း(ဗွီဒီယိုများ မျှဝေသော ဆိုက်)ပေါ်သို့ သူ့သီချင်းများကို စတင် တင်ရာ၊ ယခုအခါ ဖော်လိုဝါ ၇ သောင်း နှင့် နားဆင်ပြီးသူ သန်း ၁၅၀ ရှိသည်။ ပတ်ထရစ် တီးခတ်သော တူရိယာများမှာ အကော့စတစ် ဂီတာ၊ ဘေ့စ် ဂီတာ၊ ပီယာနိုနှင့် အခြား တူရိယာများ ဖြစ်သည်။[၅]

ငယ်ဘဝ[ပြင်ဆင်ရန်]

တန်နာ ပတ်ထရစ်ကို လော့စ်အိန်ဂျလိစ်၌ မွေးပြီးနောက် သူ ၄ နှစ်သားအရွယ်တွင် မိသားစု နှင့်အတူ တက္ကဆပ်ပြည်နယ်၊ ဒဲလပ်သို့ ပြောင်းရွှေ့လာသည်။ ပြောင်းလာ၍ ၁နှစ်အကြာ၊ သူ့မိဘက တန်နာကို ပီယာနို သင်ယူရန် တိုက်တွန်းသည်။ တန်နာ ၁၀ နှစ်သားတွင်၊[၆] ပထမဦးဆုံး ဂီတာ တစ်လက်ကို ခရစ္စမတ်လက်ဆောင်အနေဖြင့် ရရှိပြီး၊ တော့ခ်ဘွိုင်း (Talkboy) ဟု သိကြသော အသံဖမ်းကက်ဆက်ကလေးဖြင့် သီချင်းရေး အသံစသွင်းတော့သည်။

အသက် ၁၇ နှစ်တွင်၊ ပက်ထရစ်မှာ အဆင့် ၁ ဆီးချိုရောဂါ စွဲကပ်နေကြောင်း ဆေးစစ် တွေ့ရှိသည်။ [၇] တွေ့ရှိပြီး နောက်လတွင် ပတ်ထရစ်သည် အကြာကြီး ခင်သော သူငယ်ချင်း ဖြစ်သည့် ဂါးရက် ပီရေး၊ အေဂျေ နိုဗက်တို့နှင့် ဒီစကို ကာ့တစ် အမည်ရ တီးဝိုင်းကို ဖွဲ့စည်းလိုက်သည်။ ၂၀၀၉ ခု နွေရာသီအတွင်း၊ ပက်ထရစ်အဆုတ် နှစ်ခါ ဆက်တိုက် ဖောက်သည်။[၈] (ပထမမှာ ဇူလိုင်နှင့် ဒုတိယမှာ စက်တင်ဘာလ)။ သူ့ကို ဆေးရုံမှာ Pleurodesis ခေါ်သည့် ဆေးဝါးကုသမှု တမျိုးဖြင့် ကုသရသည်။ ဆေးရုံမှ ပြန်ဆင်းလာပြီး ရက်အနည်းငယ်အတွင်းမှာပင် တီးဝိုင်းသည် အသံသွင်းခြင်း၊ ရှိုးတီးခြင်းတို့ကို ပြန်လုပ်သည်။ တနှစ်လုံးလုံး အမှီအခိုကင်းကင်းဖြင့် လှည့်လည် ဖျော်ဖြေခြင်း၊ လူမှုကွန်ယက်များတွင် ပြန် buzz ခြင်းတို့ ပြုပြီးမှ မိုင်စပေ့ မှတ်တမ်းထဲ ဝင်နိုင်ခဲ့သည်။[၉] ၂၀၁၀ ခု ဗင်ကားဖျော်ဖြေပွဲ the 2010 Vans Warped Tour ၌ ပါခဲ့ပြီး၊ [၁၀]၂၀၁၀ ကယ်လီဖိုးနီးယားရှိ ဘမ်ဘူးဇယ် ဝက်စ်၌ ဖျော်ဖြေခဲ့သည်။ [၁၁]ပြီးလျှင်၊ ဘွိုင်းလိုက်ဂဲ အဖွဲ့ Boys Like Girls နှင့် ဖော်အဲဗားအဖျားနိုင်ဆုံးကောင်လေးများအဖွဲ့ Forever The Sickest Kids တို့နှင့် တွဲကာ၊ လှည့်လည်ပြီး ရှိုးတီးခဲ့သည်။.[၁၂]

ဗင်ကားဖျော်ဖြေပွဲ အဆုံးသတ်တွင် ဒစ္စကို ကာ့တစ် ၏ အခြားအဖွဲ့ဝင်များသည် ကော့လိပ်တက်ရမည် ဖြစ်၍ အဖွဲ့က ထွက်သွားကြောင်း ၂၀၁၀ စက်တင်ဘာ ၁၀ တွင် တန်နာက ကြေညာသည်။[၁၃] ၂၀၁၀ စက်တင်ဘာ နောက်ပိုင်း နှစ်လက်ကျန်ချိန်ကိုမူ တန်နာသည် လော့စ်အိန်ဂျလိစ်သို့ ပြောင်းသွားပြီး၊ တဦးတည်း အနုပညာရှင်အနေဖြင့် သီချင်း စပ်ခြင်း၊ သီချင်းသစ်များ အစမ်း ထုတ်ခြင်းတို့ကို ပြုသည်။ [၁၄]

ကိုးကား[ပြင်ဆင်ရန်]

  1. YouTube Channel။ YouTube။
  2. [၁]
  3. E! Online – Meet Tanner Patrick။ E! Online။
  4. Satellites Music Video။ YouTube။
  5. [၂]
  6. Disco Curtis။ They Will Rock You။ 3 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2020 တွင် ပြန်စစ်ပြီး။
  7. Yahoo! Voices။ Yahoo!။ 29 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2020 တွင် ပြန်စစ်ပြီး။
  8. Lung Update။ MySpace Blog။
  9. Disco Curtis signs to MySpace/Interscope။ Buzznet။ 25 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2020 တွင် ပြန်စစ်ပြီး။
  10. GiGhive – The Buzz Indie Artist News And Events။ GiGhive။ 21 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2020 တွင် ပြန်စစ်ပြီး။
  11. California Festival Map – The Bamboozle Music Festivals။ Party.thebamboozle.com။ November 12, 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  12. Highwire Daze – Disco Curtis Hits The Road။ Highwire Daze။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2020 တွင် ပြန်စစ်ပြီး။
  13. Disco Curtis Goes Solo!။ MTV Buzzworthy။
  14. Tanner Patrick – "A Year in the Life"။ YouTube။