တကျော့ နှစ်ကျော့ တေးကိုသီ (သီချင်း)

ဝီကီပီးဒီးယား မှ

တကျော့ နှစ်ကျော့ တေးကိုသီသည် ၁၉၇၁ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် မြန်မာရုပ်ရှင် တကျော့ နှစ်ကျော့ တေးကိုသီ၏ ရုပ်ရှင်ဇာတ်ဝင်တေးဖြစ်သည်။ ထိုရုပ်ရှင်၏ အဆုံးသတ်တွင် တေးသံရှင် တင်တင်မြမှ သီဆိုထားသည်။

ဂီတလုလင်မောင်ကိုကိုမှ ရေးစပ်ပေးထားသည်။ သီချင်း၏ အစပိုင်းကို ဆရာကြီးမင်းသုဝဏ်ပန်းသည်ကဗျာ၏ ပထမ (၂)ပိုဒ်ကို ယူ၍ ရေးစပ်ထားသည်။[၁]နောက်ပိုင်းတွင် တေးသံရှင်များမှ ပြန်လည်သီဆိုခဲ့ကြပြီး လူကြိုက်များနေဆဲ ဇာတ်ဝင်တေးဖြစ်သည်။[၂]

၂၀၁၉ခုနှစ်တွင် The Voice Myanmar အဆိုပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်တွင် ပြိုင်ပွဲဝင်တစ်ဦးသည် ဤသီချင်းဖြင့် ယှဉ်ပြိုင်ခဲ့သည်။ သီချင်း၏ မူလပုံစံနှင့် ကွဲထွက်ပြီး အဓိပ္ပာယ်လွဲမှားစွာ သီဆိုခဲ့သည်ဟုဆိုကာ ဝေဖန်ခြင်း ခံခဲ့ရသည်။[၃]

မူရင်းအဆိုရှင် တင်တင်မြသည် ၂၀၂၀ပြည့်နှစ်တွင် ပြုလုပ်သည့်မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် အစီအစဉ်များတွင် ဤသီချင်းအား ပြန်လည်သီဆိုခဲ့သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]